NS-Q821 Thermal Receipt Printer ဟာ လုပ်ငန်းခွင်သုံးအတွက် စွမ်းဆောင်ရည်မြင့်မားပြီး အသုံးပြုရ အဆင်ပြေစေတဲ့ 80mm ဆိုဒ် အမျိုးအစားဖြစ်ပါတယ်။ ဒီ Printer ရဲ့ အဓိကထူးခြားချက်မှာ USB ရော LAN (Ethernet) Port ပါ နှစ်မျိုးစလုံး ပါဝင်တဲ့အတွက် ကွန်ပျူတာနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်သလို Router မှတစ်ဆင့် ဆိုင်အတွင်းရှိ အခြားဖုန်း သို့မဟုတ် Tablet များကနေပါ အလှမ်းဝေးတဲ့နေရာကနေ လှမ်းပြီး Print ထုတ်နိုင်တာပဲ ဖြစ်ပါတယ်။ အပူပေးစနစ် (Thermal) ကို အသုံးပြုထားတာကြောင့် မင်ထည့်စရာမလိုဘဲ စရိတ်စက သက်သာစေပြီး၊ စက္ကူကို အလိုအလျောက်ဖြတ်ပေးမယ့် Auto-Cutter စနစ် ပါဝင်တာကြောင့် အလုပ်များတဲ့ ကောင်တာတွေနဲ့ မီးဖိုချောင် Order လက်ခံတဲ့နေရာတွေမှာ အထူးသင့်လျော်ပါတယ်။ မြန်နှုန်းမြင့် ပရင့်ထုတ်နိုင်စွမ်းရှိပြီး POS Software တော်တော်များများနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်တဲ့အတွက် အသေးစားမှ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ လူကြိုက်များတဲ့ မော်ဒယ်တစ်ခု ဖြစ်ပါတယ်။
| Model | NS-Q821 |
| Printing Method | Direct Thermal |
| Print Speed | 200mm/s to 250mm/s maximum |
| Resolution | 203 dpi |
| Paper Size | 80mm or 58mm (adjustable) |
| Auto Cutter | Yes |
| Interface | USB + LAN |
| Dimensions | 173 x 128 x 127 mm. |