81 ETO-30BL Multi Rice Cooker (3L) သည် 3 Litre ဆံ့တဲ့အတွက် လူ (၄) ယောက်ကနေ (၆) ယောက်စာအထိ အသုံးပြုုနိုင်ပါသည်။ ခေတ်မီ Microcomputer စနစ်နဲ့ တည်ဆောက်ထားပြီး ဆန်ချက်ခြင်းတင်မကဘဲ ဟင်း၊ စွပ်ပြုတ်၊ အသားပြုတ်၊ ဆန်ပြုတ် စတဲ့ အစားအစာမျိုးစုံကို လွယ်ကူစွာ ချက်ပြုတ်နိုင်ပါသည်။ 3D Heating Plate စနစ်ကို အသုံးပြုထားတာကြောင့် အပူကို ညီညီမျှမျှ ဖြန့်ဝေပေးနိုင်ပြီး အစားအစာများကို မြန်ဆန်စွာ အရသာကောင်းမွန်အောင် ချက်ပြုတ်ပေးနိုင်ပါသည်။ One-Button Cooking စနစ်ပါဝင်လို့ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အလိုအလျောက်ချက်ပြုတ်ပေးနိုင်ပြီး အချိန်ကုန်သက်သာစေပါသည်။ အသက်ကြီးသူတွေအတွက်လည်း အလွယ်တကူ အသုံးပြုနိုင်အောင် အပေါ်ဘက်ကို စောင်းထားတဲ့ Display Panel ဒီဇိုင်းကို ထည့်သွင်းပေးထားပါသည်။ Double Ceramic Lid စနစ်ကြောင့် အပူနဲ့ ရေငွေ့ကို ကောင်းစွာထိန်းသိမ်းပေးပြီး အစားအစာတွေကို နူးညံ့ပြီး အရသာပိုမိုကောင်းမွန်အောင် ချက်ပြုတ်ပေးနိုင်တာကြောင့် အိမ်ရှင်မတို့အကြိုက်တွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။
| Brand | 81 |
| Model | ETO-30BL |
| Voltage | 220V–240V ~ 50Hz. |
| Power | 850W |
| Capacity | 3 Liters. |
| Net Weight | 4.75 kg |
| Gross Weight | 5.4 kg |
| Size | 336 × 306 × 283 mm |
| Warranty | 1 Year |