Jisulife Pro 1S 5000mAh Handheld Fan လေးသည် တစ်စက္ကန့်ကို 9m/s အထိ လေတိုက်နှုန်း ပြင်းအားရှိလို့ ပူအိုက်တဲ့အချိန်မှာ အေးမြမှုကိုချက်ချင်းပေးစွမ်းနိုင်ပါသည်။ လေတိုက်နှုန်းကို အဆင့် ၁၀၀ အထိ စိတ်ကြိုက် အတိုး/အလျှော့ ပြုလုပ်နိုင်တဲ့ Scroll wheel ခလုတ်ပါဝင်ပါပြီး ပန်ကာရဲ့ လေတိုက်နှုန်း (Air Volume) နဲ့ ဘက်ထရီကျန်ရှိမှု (Power) ကို မျက်နှာပြင်မှာ ဂဏန်းနဲ့ အတိအကျကြည့်ရှုနိုင်ပါသည်။ အားအပြည့်သွင်းထားရင် အကြာဆုံး ၄၀ နာရီအထိ အသုံးခံတဲ့ဘက်ထရီစနစ် ပါဝင်တဲ့အပြင် အားပြန်သွင်းတဲ့အခါမှာလည်း 18W Fast Charging နဲ့ ဖြစ်လို့ အချိန်တိုအတွင်း အားပြန်ပြည့်စေပါသည်။ ကိုယ်ထည်ကို Aluminum Alloy Body နဲ့ ပြုလုပ်ထားလို့ ခိုင်ခံ့ပြီး လက်ထဲမှာကိုင်ရတာ ပရီမီယံဆန်တဲ့ ခံစားချက်ကိုပေးစွမ်းနိုင်ပါသည်။ အိတ်ထဲထည့်တဲ့အခါ ဒါမှမဟုတ် မသုံးတဲ့အခါ ပန်ကာအလိုအလျောက် ပွင့်မသွားအောင် လုံခြုံရေးခလုတ် (Safety Lock) ပါဝင်တာကြောင့် အသုံးပြုရာတွင် အဆင်ပြေစေမှာပဲဖြစ်ပါသည်။
| Brand | Jisulife |
| Model | Pro 1S |
| Battery Type | Cell: Li-ion Battery |
| Battery Capacity | 5000mAh |
| Rated Voltage/Current | 5.0V 2.0A / 9.0V 2.0A / 12.0V 1.5A |
| Charging Time | 1.5-2h(18W fast charging input) 2.5-3.5h(5.0V-2.0Ainput) |
| Working time | 3–15 hours (depending on different gears/use scenarios) |
| Size | 2.3 × 2.4 × 6.2 inch |
| Warranty | 1Year |