81 ETO-21L Electric BBQ Grill Only လေးသည် Power 1500W နဲ့အလုပ်လုပ်ပေးမှာဖြစ်ပြီး အိမ်သုံး သို့မဟုတ် လုပ်ငန်းသုံးအတွက် အဆင်ပြေစေမည့် ဒေါင်လိုက်အသားကင်စက်လေးဖြစ်ပါသည်။ အသားကင်တံများ အလယ်တွင် လှည့်ပတ်နေသည့်စနစ် ပါဝင်သည့်အတွက် အပူချိန် ညီညာစွာရရှိစေပါသည်။ ပတ်ပတ်လည်ကို မှန်ဖြင့် ပြုလုပ်ထားသောကြောင့် အသားကင်နေစဉ်အတွင်း အပြင်မှ အလွယ်တကူ မြင်တွေ့နိုင်ပါသည်။ အောက်ခြေတွင် အသားမှကျလာသော ဆီများကို ခံရန် ဗန်းငယ်တစ်ခု ပါဝင်ပြီး အလယ်တွင် အသားတုံးကြီးများ ကင်ရန် သံချောင်းအပြင် ဘေးပတ်ပတ်လည်တွင် အသားချောင်းလေးများ (Kebab skewers) ထိုးရန် နေရာများ ပါရှိပါသည်။
| Brand | 81 |
| Model | ETO-21L |
| Colour | Titanium Silver |
| Gross Weight | 4.1kg |
| Net Weight | 5.3kg |
| Dimension (WxDxH) | 39.6x 33.0x 51.8cm |
| Warranty | 1Year(6 months part and service, 6 months Service only) |