Fantech WG9 Kanata (Red Edition) ကတော့ အခုနောက်ပိုင်းမှ ထွက်ရှိထားတဲ့ Ultra-lightweight ဖြစ်တဲ့ Wireless Gaming Mouse တစ်ခုဖြစ်ပါတယ်။၇၄ ဂရမ် (74g) ဝန်းကျင်ပဲ ရှိတာကြောင့် ဂိမ်းဆော့တဲ့အခါ လက်မညောင်းဘဲ အမြန်နှုန်း မြှင့်တင်နိုင်ပါတယ်။Symmetric Shape (ဘယ်ညာ ညီညာတဲ့ပုံစံ) ဖြစ်လို့ ကိုင်ရတာ ကျစ်လျစ်ပြီး သက်သောင့်သက်သာ ရှိပါတယ်။12000 DPI အထိ အတင်အချ လုပ်နိုင်တာကြောင့် Fast-paced ဂိမ်းတွေ (FPS, MOBA) အတွက် ပိုမိုတိကျပါတယ်။PixArt Gaming Sensor အမျိုးအစားကို အသုံးပြုထားပြီး Polling Rate လည်း ကောင်းမွန်ပါတယ်။2.4GHz Wireless စနစ်ဖြစ်လို့ အချက်ပြမှု နောက်ကျတာ (Latency) မရှိသလောက် နည်းပါးပါတယ်။WG11 လို Battery ခဲပတ်ထည့်ရတာမျိုး မဟုတ်ဘဲ Type-C နဲ့ ပြန်အားသွင်းပြီး သုံးရတဲ့ Built-in Battery ပါဝင်ပါတယ်။Huano Mechanical Switches တွေကို အသုံးပြုထားလို့ Click နှိပ်ရတာ တုံ့ပြန်မှု မြန်ဆန်ပြီး အကြိမ်ရေ ၂၀ သန်းအထိ အသုံးခံပါတယ်။
| Brand | Fantech |
| Model | WG9RD |
| Connectivity | Wired, StrikeSpeed, BT |
| Polling Rate (Max) | 1000 Hz |
| IPS/Acceleration | 120 IPS/25 G |
| Material | ABS Plastic |
| Battery Life | Up to 45 Hours |
| Battery Capacity | 300 mAh Li-ion |
| Weight | 88 ± 2 g |
| Warranty | 1Year |