JBL 20H PartyBox Wireless Two Handel Mic ကတော့ JBL PartyBox Speaker တွေနဲ့ အဓိကတွဲသုံးဖို့ ထုတ်ထားတဲ့ Wireless မိုက်အမျိုးအစား ဖြစ်ပါတယ်။ မိုက်တစ်လုံးချင်းစီကို Built-in Rechargeable Type-C စနစ် ပြောင်းလဲပေးထားပြီး တစ်ခါအားပြည့်ရင် နာရီ ၂၀ အထိ အသုံးခံပါတယ်။ အရေးပေါ် အားကုန်ရင် ၁၀ မိနစ် အားသွင်းရုံနဲ့ ၂ နာရီ ပြန်သုံးလို့ရသလို၊ Speaker ရဲ့ Power Bank Port နဲ့ ချိတ်ပြီး သီချင်းဆိုရင်းပါ အားသွင်းလို့ ရပါတယ်။ဘေးပတ်ဝန်းကျင်က ဆူညံသံ (Noise) တွေကို အတတ်နိုင်ဆုံး ဖျောက်ပေးပြီး ဆိုတဲ့သူရဲ့ အသံကို ပိုမိုကြည်လင် ပြတ်သားစေပါတယ်။မိုက်ကို တစ်ယောက်နဲ့တစ်ယောက် လက်ပြောင်းကိုင်တဲ့အခါ ထွက်တတ်တဲ့ ဂျိမ်းဂျိမ်းဂျွမ်းဂျွမ်း အသံတွေကို လျှော့ချပေးတဲ့ Shock mount ပါဝင်သလို၊ လေမှုတ်သံ၊ အသက်ရှူသံတွေကို အလိုအလျောက် Filter လုပ်ပေးပါတယ်။.4GHz Digital Wireless စနစ်ကို သုံးထားလို့ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးအထိ လိုင်းမထစ်ဘဲ အေးဆေး သုံးနိုင်ပါတယ်။
| Brand | JBL |
| Model | 20H |
| Carrier Frequency | 2404 - 2478MHz |
| Working Range | 30m (100ft) |
| Frequency Response | 50Hz - 15KHz |
| Dynamic Range | 100dBA @ 1KHz |
| Microphone Rechargeable Battery | 600mAh, 3.7V Li-ion battery |
| Dongle Battery | 700mAh 3.7V Li-ion battery |
| Playtime of Microphone | up to 20 hours |
| Playtime of Dongle | up to 12 hours |