DJI Mic Mini 2 ဟာ Vloggers၊ Mobile Content Creators နဲ့ Mirrorless Camera အသုံးပြုသူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ သေးငယ်ပေါ့ပါးပြီး အရည်အသွေးမြင့် စွမ်းဆောင်ရည်ရှိတဲ့ မျိုးဆက်သစ် Compact Wireless Microphone စနစ်တစ်ခု ဖြစ်ပါတယ်။Microphone Transmitter (အသံဖမ်းစက်) တစ်ခုချင်းစီရဲ့ အလေးချိန်ဟာ 11g ဝန်းကျင်ပဲ ရှိတာကြောင့် အင်္ကျီမှာ ကလစ်နဲ့ညှပ်ထားရင်တောင် အလေးချိန်ကို လုံးဝသတိမထားမိစေဘဲ စတိုင်ကျကျ တပ်ဆင်ထားနိုင်ပါတယ်။Mic Mini 2 ရဲ့ ထူးခြားချက်ကတော့ ရှေ့မျက်နှာပြင်အဖုံးတွေကို မိမိစိတ်ကြိုက် အရောင်မျိုးစုံ (ဥပမာ - Obsidian Black, Glaze White) အပြင် တခြား Graphic ဒီဇိုင်းဆန်းလေးတွေနဲ့ပါ လဲလှယ်အသုံးပြုနိုင်လို့ အဝတ်အစားနဲ့ လိုက်ဖက်အောင် ဆင်မြန်းနိုင်ပါတယ်။Magnetic Clip ပါဝင်လို့ အင်္ကျီမှာ သံလိုက်နဲ့ ကပ်မလား၊ ကလစ်နဲ့ ညှပ်မလား အဆင်ပြေပြေ တပ်ဆင်နိုင်ပြီး အသံလာရာဘက်ကို ချိန်ညှိဖို့ ကလစ်ကို လှည့်လို့ရပါတယ်။48kHz, 24-bit Omnidirectional Recording စနစ်ပါဝင်လို့ အသံကို ပတ်ပတ်လည်ကနေ သဘာဝကျကျနဲ့ ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးနိုင်ပါတယ်။စကားပြောတဲ့ လေယူလေသိမ်းနဲ့ ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်ပြီး ရွေးချယ်နိုင်ဖို့ Regular, Rich, နဲ့ Bright ဆိုပြီး အသံ Preset ၃ မျိုး ပါဝင်ပါတယ်။ဆူညံသံတွေကို ဖျောက်ပေးမယ့် ANC စနစ်မှာ အိမ်တွင်း/ရုံးခန်းထဲအတွက် Basic နဲ့ အပြင်ဘက် ဆူညံတဲ့ လမ်းမတွေပေါ်အတွက် Strong ဆိုပြီး အဆင့် ၂ ဆင့် ခွဲခြားပြီး အသုံးပြုနိုင်ပါတယ်။အသံတွေ ရုတ်တရက် ကျယ်လောင်သွားတဲ့အခါ အသံကွဲအက် (Audio Clipping) မဖြစ်သွားအောင် စနစ်က အလိုအလျောက် ထိန်းညှိပေးပါတယ်။
| Brand | Mic Mini 2 |
| Model | DJI |
| Wireless Mode | GFSK 2Mbps |
| Wireless Mode Operating Frequency | 2.400-2.4835 GHz |
| Bluetooth Protocol | Bluetooth 5.3 |
| Bluetooth Operating Frequency | 2.400-2.4835 GHz |
| Battery Type | Li-ion |
| Battery Capacity | 114 mAh |
| Battery Energy | 0.45 Wh |
| Charging Time | Approx. 70 minutes |
| Operating Time | Approx. 11.5 hours |