Epson EB-E12 LCD Projector ကတော့ အဓိကအားဖြင့် ရုံးခန်းတွင်း Meeting များ၊ သင်တန်းကျောင်းများနှင့် စာသင်ခန်းများ (Business & Education) အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ လုပ်ဆောင်ချက်ကောင်းမွန်ပြီး တန်ဖိုးသင့်တင့်တဲ့ Model တစ်ခု ဖြစ်ပါတယ်။Epson ရဲ့ နာမည်ကြီး 3LCD နည်းပညာကို သုံးထားလို့ တခြား DLP Projector တွေထက် အရောင်အသွေး ပိုမိုစိုပြည် တောက်ပပြီး သဘာဝကျကျ မြင်တွေ့ရမှာ ဖြစ်ပါတယ်။အလင်းပမာဏ 3,600 Lumens ရှိတာကြောင့် နေ့ခင်းဘက်ဖြစ်စေ၊ မီးလင်းနေတဲ့ အခန်းထဲမှာဖြစ်စေ ဝေဝေဝါးဝါးမဖြစ်ဘဲ စာသားနဲ့ ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာ ပရိုဂျက်တာ ဆွဲနိုင်ပါတယ်။Aspect Ratio 4:3 ဖြစ်ပြီး Standard ရုံးသုံး/ကျောင်းသုံး Presentation slides တွေ၊ စာသားတွေနဲ့ Chart တွေကို သေသပ်ပြတ်သားစွာ ပြသပေးနိုင်ပါတယ်။Contrast Ratio 15,000:1 ရှိလို့ အမည်းရောင်နဲ့ အဖြူရောင် ကွာခြားမှုကို သေချာခွဲခြားပြသပေးနိုင်ပါတယ်။Eco Mode အသုံးပြုပါက မီးသီးသက်တမ်း နာရီ ၁၂,၀၀၀ (12,000 Hours) အထိ ခံပြီး၊ Normal Mode မှာတော့ နာရီ ၆,၀၀၀ အထိ အသုံးခံပါတယ်။
| Brand | Epson |
| Model | EB-E12 |
| Brightness | White Light Output (Normal/Eco):3,600 lm / 2,200 lm Colour Light Output:3,600 lm Light Output (Center)*2:3,700 lm |
| Contrast Ratio | 15,000:1 |
| Aspect Ratio | 4:3 |
| Resolution | 1024 x 768 (XGA) |
| Lamp Life | High Power Consumption mode: Up to 6,000 hours ECO Power Consumption mode: Up to 12,000 hours |
| Interfaces | 2 x HDMI Input (HDCP 1.4) / 1 x USB Type B (For Firmware Update, Copy OSD Settings) |
| Speaker | Monaural 2W x 1 |
| Warranty | 1Year |