Cooler Master MF200R RGB Air Cooling CPU Fan ကတော့ CPU အပေါ်မှာ တိုက်ရိုက်တပ်ရတဲ့ "CPU Air Cooler (Heatsink)" မဟုတ်ဘဲ PC Case ရဲ့ အရှေ့ဘက် ဒါမှမဟုတ် အပေါ်ဘက်တွေမှာ လေအဝင်အထွက် ကောင်းအောင် တပ်ဆင်ရတဲ့ 200mm (Size အကြီးစား) Computer Case Fan (Chassis Intake Fan) ဖြစ်ပါတယ်။ဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ် ပန်ကာဒီဇိုင်းတွေကို အခြေခံပြီး ထုတ်လုပ်ထားတာမို့ PC Case ထဲကို လေစီးဆင်းမှု (Airflow) ကော လေဖိအား (Air Pressure) ပါ မျှတအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ASUS Aura Sync, MSI Mystic Light, Gigabyte RGB Fusion နဲ့ ASRock RGB စတဲ့ Motherboard Software တွေနဲ့ ချိတ်ဆက်ပြီး စိတ်ကြိုက် မီးရောင်စုံ ပြောင်းလဲနိုင်ပါတယ်။ပန်ကာရဲ့ ထောင့်တွေမှာ Sound-absorbing rubber pads (အသံစုပ် ရာဘာပြားလေးတွေ) ပါဝင်လို့ လည်ပတ်တဲ့အခါ တုန်ခါမှုနဲ့ ဆူညံသံကို အတော်လေး လျှော့ချပေးပါတယ်။ကွန်ပျူတာ ဝိုင်ယာကြိုးတွေ ဒါမှမဟုတ် တစ်ခုခုနဲ့ ပန်ကာဒိုင်းပတ် ငြိမိသွားရင် ပန်ကာမော်တာ လောင်မသွားအောင်နဲ့ ကြိုးတွေမပြတ်အောင် အလိုအလျောက် ရပ်တန့်ပေးမယ့် Sensor ပါဝင်ပါတယ်။
| Brand | Cooler Master |
| Model | MF200R |
| Fan Rated Voltage | 12 VDC |
| Fan Power Connector | 3-Pin |
| Fan L-10 Life | 25,000 Hours |
| Fan Profiles | RGB |
| LED Lighting | RGB |
| Cooler Type | Case Fan |
| Fan MTTF | 175,000 Hours |
| Number of LEDs | 8pcs |
| Fan Dimensions (L x W x H) | 200 x 200 x 25 mm / 7.9 x 7.9 x 1 inch |
| Warranty | No |