Hikvision DS-2CD1123G2-LIU (2.8mm) က 2MP (1080P) Resolution ရှိတဲ့ Dome ပုံစံ IP ကင်မရာအမျိုးအစား ဖြစ်ပါတယ်။ အိမ်တွင်း (Indoor) ရော အပြင်မှာပါ တပ်ဆင်အသုံးပြုနိုင်တဲ့အပြင် လုပ်ဆောင်ချက်ပိုင်းမှာလည်း ခေတ်မှီ Intelligent စနစ်တွေ ပါဝင်လာပါတယ်။ပုံမှန်အချိန်မှာ မမြင်ရတဲ့ IR (Infrared) မီးနဲ့ စောင့်ကြည့်ပေးပြီး လူ သို့မဟုတ် ကား ဖြတ်သန်းသွားတာမျိုး (Event) ရှိလာမှ White Light (မီးဖြူ) အလိုအလျောက်လင်းလာပြီး လင်းလင်းထင်ထင် Color ပုံရိပ် ဖမ်းယူပေးမယ့် စနစ် ပါဝင်ပါတယ်။Motion Detection 2.0 နည်းပညာကြောင့် သစ်ရွက်လှုပ်တာ၊ တိရစ္ဆာန်ဖြတ်တာတွေကို ကျော်ဖြတ်ပြီး "လူ" နဲ့ "ယာဉ်" ကိုပဲ သီးသန့် ခွဲခြားသိရှိပြီး Alarm ထုတ်ပေးနိုင်ပါတယ်။ False Alarm နည်းပါးစေပါတယ်။ကင်မရာထဲမှာ မိုက်ခရိုဖုန်း တစ်ပါတည်း ပါဝင်တဲ့အတွက် ရုပ်ထွက်တင်မကဘဲ ပတ်ဝန်းကျင်က အသံတွေကိုပါ real-time တပြိုင်တည်း နားထောင်/မှတ်တမ်းတင်နိုင်ပါတယ်။ရုပ်ထွက်အရည်အသွေး မကျဘဲ File Size ကို သိသိသာသာ ချုံ့ပေးတဲ့အတွက် Storage (Hard Disk) နေရာစားသက်သာပြီး Bandwidth သုံးစွဲမှုကို လျှော့ချပေးပါတယ်။ညဘက် အမှောင်ထဲမှာ IR ရော White Light ရော မီတာ ၃၀ (ပေ ၁၀၀ ဝန်းကျင်) အထိ လှမ်းမြင်နိုင်ပါတယ်။P67 (ရေစို/ဖုန်ဒဏ်ခံ) စနစ်နဲ့ IK08 (Vandal-resistant - ရိုက်ခွဲဖျက်ဆီးမှုဒဏ်ခံ) Certifications ပါဝင်လို့ ရာသီဥတုဒဏ်နဲ့ ပြင်ပဒဏ်ကို ကောင်းကောင်းခံနိုင်ပါတယ်။
| Brand | HIK |
| Model | DS-2CD1123G2-LIU |
| Image Sensor | 1/2.9" Progressive Scan CMOS |
| Resolution | 1920 × 1080 |
| Lens Type | Fixed focal lens, 2.8 and 4 mm optional |
| Shutter Time | 1/3 s to 1/100,000 s |
| Focal Length & FOV | 2.8 mm, horizontal FOV 103°, vertical FOV 56°, diagonal FOV 121° 4 mm, horizontal FOV 83°, vertical FOV 44°, diagonal FOV 99° |
| Wide Dynamic Range(WDR) | Digital WDR |
| Lens Mount | M12 |
| Iris Type | Fixed |
| Illumination Distance | Color: 0.005 Lux @ (F1.6, AGC ON),B/W: 0 Lux with IR |
| Storage Type | -F: Built-in memory card slot, support microSD/microSDHC/microSDXC card, up to 512 GB |
| Day & Night | IR cut filter |
| Ethernet Interface | 1 RJ45 10 M/100 M self-adaptive Ethernet port |
| Power | 12 VDC ± 25%, 0.5 A, max. 6 W,Ø5.5 mm coaxial power plug,reverse polarity protection, PoE: IEEE 802.3af, Class 3, max. 7.5 W |
| Protection | IP67: IEC 60529-2013,IK08: IEC 62262:2002 |