Anitech RA203 USB-C (Type-C) to HDMI Converter ကတော့ Type-C Port ပါတဲ့ Laptop၊ MacBook၊ Tablet နဲ့ စမတ်ဖုန်းတွေကို HDMI Port ပါတဲ့ TV၊ Monitor ဒါမှမဟုတ် Projector တွေနဲ့ ချိတ်ဆက်ပြီး ရုပ်ထွက်နဲ့ အသံ ပို့လွှတ်ပေးတဲ့ Converter တစ်ခု ဖြစ်ပါတယ်။4K Resolution ကို 60Hz Refresh Rate အထိ ထောက်ပံ့ပေးတဲ့အတွက် ပုံထွက် ညက်ညောကြည်လင်ပြီး ရုပ်ရှင်ကြည့်တာ၊ Presentation လုပ်တာတွေအပြင် Gaming အတွက်ပါ အဆင်ပြေပါတယ်။ကိုယ်ထည်ကို Aluminum Alloy နဲ့ ပြုလုပ်ထားလို့ ရေရှည်ခံပြီး အပူဒဏ်ကို ကောင်းကောင်း ကာကွယ်ပေးနိုင်သလို အလေးချိန်လည်း ပေါ့ပါးပါတယ်။ကြိုးအရှည် 15 cm ရှိပြီး သယ်ဆောင်ရ လွယ်ကူတဲ့ အရွယ်အစား ရှိပါတယ်။USB-C (Male) ကို စက်ပစ္စည်းမှာ စိုက်ရမှာဖြစ်ပြီး HDMI (Female) ပေါက်မှာတော့ မိမိ TV/Monitor ကလာတဲ့ HDMI ကြိုးကို ပြန်စိုက်ရမှာ ဖြစ်ပါတယ်။
| Brand | Anitech |
| Model | RA203 |
| Main component | Aluminum alloy |
| Supports up to resolution | 4K 60Hz |
| Cable length | 15 cm |