Borofone BX108 Type-C Silicone Charging Data Cable သည်အရည်အသွေးကောင်းမွန်ပြီး အကြမ်းခံတဲ့ ပစ္စည်းတွေကို ဈေးနှုန်းချိုချိုသာသာနဲ့ ထုတ်လုပ်ပေးတတ်တဲ့ Borofone Brand ရဲ့ လူကြိုက်များတဲ့ Silicone ကြိုးအမျိုးအစားဖြစ်ပါတယ်။ကြိုးရဲ့အပြင်ဖက်ကို အဆင့်မြင့် Liquid Silicone နဲ့ ပြုလုပ်ထားလို့ ကိုင်တွယ်ရတာ နူးညံ့အိစက်တဲ့ ခံစားချက်ကို ပေးစွမ်းပြီး ကြိုးခေါင်းနှင့် ကြိုးဆက်တဲ့နေရာတွေကို အကြမ်းခံအောင် ပုံစံထုတ်ထားလို့ ခေါက်ရာကျိုးခြင်း၊ ပြတ်တောက်ခြင်းတို့ဒဏ်ကို ကောင်းကောင်းခံနိုင်မှာဖြစ်ပါတယ်။Type-C to Type-C ဖြစ်တဲ့အတွက် ခေတ်ပေါ် Android စမတ်ဖုန်းများ၊ Tablet များ၊ iPad များနှင့် Type-C Port ပါဝင်တဲ့ Laptop/MacBook အချို့မှာပါ အသုံးပြုနိုင်ပြီး Power Delivery Fast Charging ကို ထောက်ပံ့ပေးနိုင်စွမ်းရှိပြီး ဖုန်းနှင့် Device များကို လျင်မြန်စွာ အားပြည့်စေသည့်အပြင် အားသွင်းရုံတင်မကဘဲ ဖုန်းထဲက Data တွေကို ကွန်ပျူတာထဲ ရွှေ့ပြောင်းခြင်း ကွန်ပျူတာကနေ ဖုန်းထဲ ကူးယူခြင်းများကိုပါ မြန်ဆန် တည်ငြိမ်စွာ လုပ်ဆောင်ပေးနိုင်ပါတယ်။
| Brand | Borofone |
| Model | BX108 |
| Cable type | USB type C - Lightning |
| Cable Length | 1m |
| Color | White |