Asus Prime H610M-CS D4 Motherboard (China Version) သည် Office လုပ်ငန်းသုံး၊ ကျောင်းသုံး သို့မဟုတ် အလယ်အလတ် Standard Gaming PC ဆောက်ချင်သူတွေအတွက် ထုတ်ထားတဲ့ Entry-level Motherboard တစ်ခုဖြစ်ပါတယ်။Memory ပိုင်းတွင် DDR4 RAM Slot (၂) ခု ပါဝင်ပြီး Max 64GB အထိ စိုက်လို့ရပြီး Speed အနေနဲ့ 3200 MHz အထိ ရမှာပဲဖြစ်ပါတယ်။Storage ပိုင်းတွင် High-speed NVMe SSD စိုက်ဖို့ M.2 Slot (၁) ခု ပါဝင်ပြီး PCIe 3.0 x4 Mode နဲ့ အလုပ်လုပ်ပါတယ်။ ရိုးရိုး Hard disk သို့မဟုတ် SATA SSD အတွက် SATA 6Gb/s Ports (၄) ခု ပါပါတယ်။Intel H610 Chipset ဖြစ်လို့ Overclocking လုပ်လို့မရပေမဲ့ ပုံမှန် Standard အသုံးပြုမှုတွေအတွက် အကြမ်းခံပြီး တည်ငြိမ်စေမှာဖြစ်ပါတယ်။အရည်သွေးကောင်းမွန်ပြီး အသုံးပြုရာတွင်အဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါတယ်။
| Brand | Asus |
| Stocket | LGA 1700 |
| Chipset | Intel® H610 Chipset |
| Form Factor | mATX Form Factor (22.6 cm x 19.5 cm) |
| Graphics Ports | 1 x VGA port | 1 x HDMI™ port (Supports 4K@60Hz as specified in HDMI™ 2.1) |
| CPU SOCKET | Intel® Socket LGA1700 for Intel® Core™ 14th, 13th & 12th Gen Processors | Supports up to 65W CPU |