Ezviz CS-H8C Pro 3K 5MP Smart Wifi Outdoor Camera သည် ပြင်ပမှာ တပ်ဆင်ဖို့အတွက် အထူးသင့်လျော်ပြီး 360-degree မြင်ကွင်းအပြည့်နဲ့ ရုပ်ထွက်အလွန်ကြည်လင်တဲ့အပြင် Smart ကျတဲ့ လုပ်ဆောင်ချက်တွေ အစုံအလင်ပါဝင်တဲ့ PTZ ကင်မရာအမျိုးအစား ဖြစ်ပါတယ်။ 2880 * 1620 Pixels ရှိတဲ့အတွက် မည်သည့် လှုပ်ရှားမှုကိုမဆို ရုပ်ထွက်အလွန်ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးနိုင်ပြီး ညဘက်မှောင်နေချိန်မှာတောင် ပုံမှန် အဖြူအမည်းမြင်ကွင်းအပြင် ကာလာအရောင်အသွေးစုံလင်စွာဖြင့် မီတာ ၃၀ အထိ မြင်တွေ့နိုင်ပါတယ်။ကင်မရာကို ဘယ်/ညာ ၃၅၀ ဒီဂရီ၊ အပေါ်/အောက် ၈၀ ဒီဂရီအထိ ဖုန်းထဲကနေ လှမ်းလှည့်ပြီး တစ်အိမ်လုံးပတ်လည် အမှောင်ဖုံးတဲ့နေရာ မရှိအောင် စောင့်ကြည့်နိုင်ပါတယ်။လူ သို့မဟုတ် ယာဉ်တစ်စီးစီးကို တွေ့ရှိရင် ကင်မရာက အလိုအလျောက် လိုက်လံခြေရာခံ တဲ့အပြင် အနီးကပ် ၄ ဆအထိ ဆွဲပြီး သေချာမှတ်တမ်းတင်ပေးသည့်အပြင် ခွင့်ပြုချက်မရှိဘဲ လူစိမ်းဝင်လာပါက ကင်မရာမှာပါတဲ့ ဥသြဆွဲသံ ပေးခြင်းနှင့် မီးမောင်း များ ဖျတ်ခနဲ လင်းစေခြင်းဖြင့် သူခိုး/လူစိမ်းကို မောင်းထုတ်ပေးပါတယ်။ကင်မရာမှာ မိုက်ခရိုဖုန်းနဲ့ စပီကာ ပါဝင်လို့ အပြင်ကလူနဲ့ ဖုန်းထဲကနေ တိုက်ရိုက် အပြန်အလှန် စကားပြောနိုင်ပြီး ကင်မရာရှေ့ကနေ လက်ပြရုံတင်နဲ့ ဖုန်းထဲကို Video Call ခေါ်ဆိုပေးတဲ့ လုပ်ဆောင်ချက်ဆန်းလည်း ပါဝင်ပါတယ်။မိုးရေ၊ နေပူဒဏ် ခံနိုင်ရည်ရှိတဲ့ ရာသီဥတုဒဏ်ခံစနစ် ပါဝင်လို့ အပြင်ဘက် ဝရံတာ၊ ခြံဝင်း၊ စတိုဂိုဒေါင်တွေမှာ စိတ်ချလက်ချ တပ်ဆင်နိုင်မှာပဲဖြစ်ပါတယ်။
| Brand | Ezviz |
| Model | CS-H8C Pro 3K 5MP |
| Case Type | Outdoor Pan & Tilt Dome Camera |
| Resolution | 3K Ultra HD (2880 × 1620) / 5 Megapixels |
| Lens Type | Fixed Lens |
| Shutter Time | Self-adaptive shutter |
| Focal Length & FOV | 4mm @ F1.6, View angle: 46° (Vertical), 89° (Horizontal), 104° (Diagonal) |
| Wide Dynamic Range(WDR) | Digital WDR |
| Lens Type | M12 |
| Iris Type | Fixed Iris |
| Storage Type | MicroSD Card Slot (Up to 512 GB) |
| Illumination Distance | IR Night Vision Distance: Up to 30 m (100 ft) / Black & White, Color Night Vision Distance: Up to 20 m (65 ft) |
| Storage Type | EZVIZ CloudPlay Storage |
| Day & Night | IR-Cut Filter with Auto-Switching, Smart Night Vision (Color / Black & White) |
| Ethernet Interface | 1x RJ45 (10M / 100M Adaptive Ethernet Port) |
| Power | DC 12V / 1A, Max. 12W |