The Fly TN-199-2 4G/5G LTE Mobile WiFi Modem သည် ခရီးသွားရင်းဖြစ်စေ၊ မီးပျက်ချိန်တွင်ဖြစ်စေ SIM ကတ်ထည့်ရုံဖြင့် အင်တာနက်အလွယ်တကူ သုံးနိုင်အောင် ပြုလုပ်ပေးထားသည့် ပေါ့ပါးကျစ်လျစ်သော Portable Pocket Router အမျိုးအစား ဖြစ်ပါတယ်။4G LTE ကွန်ရက်အပြင် 5G Network ကိုပါ ထောက်ပံ့ပေးထားလို့ လိုင်းဆွဲအား ကောင်းမွန်ပြီး Internet အမြန်နှုန်းမှာ အမြင့်ဆုံး 150Mbps မှ 300Mbps အထိရရှိနိုင်တာမို့ Social Media သုံးခြင်း၊ ဗီဒီယိုကြည့်ခြင်းနှင့် Live လွှင့်ခြင်းများအတွက် အဆင်ပြေပါတယ်။ဖုန်း၊ Laptop၊ တက်ဘလက် စသည့် Device ပေါင်း ၁၀ လုံးမှ ၁၆ လုံးအထိ တစ်ပြိုင်နက်တည်း အားလုံး မျှဝေချိတ်ဆက် အသုံးပြုနိုင်သည့်အပြင် စက်၏ အခြေအနေကို ပြသပေးမည့် LED မီးပွင့်များ သို့မဟုတ် LCD Screen များလည်း ပါဝင်ပါတယ်။အိတ်ကပ်ထဲ အလွယ်တကူ ထည့်သွားနိုင်လို့ ခရီးသွားဝါသနာရှင်များ၊ ကျောင်းသားများနှင့် အပြင်မှာ အလုပ်လုပ်ရသူ များအတွက်လည်း အထူးသင့်တော်ပါတယ်။
| Brand | The Fly |
| Model | TN-199-2 4G/5G |
| Network | 4G LTE / 5G (SIM Card Supported) |
| Wi-Fi Speed | Up to 300 Mbps (Wireless Sharing) * |
| Interface | 1 × USB Type-C (Charging), Nano SIM Slot * |
| Power Supply | DC 5V / USB Type-C Charging |