Deli T015 ကတော့ ရုံးသုံးနဲ့ အိမ်သုံးအတွက် အလွန်အဆင်ပြေပြီး ကျစ်လျစ်တဲ့ ကိုယ်ပိုင်သုံး စက္ကူဖျက်စက် အမျိုးအစား ဖြစ်ပါတယ်။ တစ်ခါထည့်ရင် standard A4 paper ၅ ရွက်အထိ တစ်ပြိုင်နက် ဖျက်ဆီးပေးနိုင်ပြီး 4x33mm အရွယ်အစားရှိတဲ့ အပိုင်းအစလေးတွေဖြစ်အောင် ကန့်လန့်ဖြတ် ညှပ်ပေးတာကြောင့် အရေးကြီး အချက်အလက်တွေ ပြန်ဆက်လို့ မရအောင် ကာကွယ်ပေးပြီး လုံခြုံရေး စိတ်ချရပါသည်။ Auto Start/Stop system ဖြစ်လို့ စက္ကူထည့်လိုက်တာနဲ့ အလိုအလျောက်ညှပ်ပြီး auto ပြန်ရပ်ပါသည်။ စက္ကူညပ်ရင် ပြန်ထုတ်ဖို့ Reverse Function လည်း ပါဝင်ပါသည်။ ဖြတ်ပြီးသား အမှုန်များထည့်ရန် ၁၀လီတာ (10L) ဆန့်သည့် အမှိုက်ပုံး ပါဝင်ပါသည်။
| Brand | Deli T015 Paper Shredder (Cross Cut,5 Sheets,10L) |
| Model | T015 |
| Shredder Capacity | 5 sheets |
| Bin Capacity | 10L |
| Cutting Style | Cross Cut |
| Particle Size | 4x33mm |
| Continuous Run Time | 5-Mins |