TP-Link Deco M4 (AC1200) Mesh Wi-Fi System သည် အိမ် သို့မဟုတ် ရုံးခန်းများတွင် Wi-Fi လိုင်းမမိသည့် Dead Zone (လိုင်းပျောက်သောနေရာ) များကို ပျောက်ကင်းစေပြီး တစ်အိမ်လုံး Wi-Fi လိုင်းအပြည့်ရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် စွမ်းဆောင်ရည်မြင့် Whole Home Mesh System တစ်ခု ဖြစ်ပါတယ်။2-Pack (အလုံး ၂ လုံးပါ) အမျိုးအစားဖြစ်ပြီး ပုံမှန် Router တစ်လုံးတည်းဖြင့် လိုင်းမနိုင်သော နှစ်ထပ်အိမ်များ သို့မဟုတ် အခန်းများသည့် အိမ်များအတွက် အထူးသင့်တော်ပါသည်။2-Pack စုံလိုက်သုံးပါက စတုရန်းပေ ၂,၈၀ဝ (2,800 sq ft) ထိ coverage ရရှိစေပြီး Wi-Fi မမိသည့် နေရာများကို ဖယ်ရှားပေးပါသည်။အိမ်အတွင်း နေရာရွှေ့ပြောင်းသွားလာရာတွင် Wi-Fi နာမည် (SSID) တစ်ခုတည်းဖြင့်ပင် အကောင်းဆုံးလိုင်းမိသည့် Deco အလုံးထံသို့ Automatic လိုင်းပြောင်းပေးသဖြင့် Internet လိုင်းပြတ်တောက်ခြင်း မရှိပါ။2 × Gigabit Ethernet Ports (WAN/LAN Auto-Sensing) ပါဝင်သောကြောင့် Fiber Internet တိုက်ရိုက်ထိုးရန်နှင့် LAN ကြိုးဖြင့် High-speed သုံးရန် အဆင်ပြေပါသည်။Router Mode သို့မဟုတ် Access Point Mode (AP Mode) နှစ်မျိုးလုံး ပြောင်းလဲအသုံးပြုနိုင်ပါသည်။
| Brand | TP-Link |
| Model | Deco M4 Plus AC-1200 |
| Standards and Protocols | Wi-Fi 5 IEEE 802.11ac/n/a 5 GHz IEEE 802.11n/b/g 2.4 GHz |
| WiFi Speeds | AC1200 5 GHz: 867 Mbps (802.11ac) 2.4 GHz: 300 Mbps (802.11n) |
| WiFi Capacity | Medium Dual-Band Distribute devices to different bands for optimal performance |
| Working Modes | Router Mode Access Point Mode |
| Network Security | SPI Firewall Access Control |
| Guest Network | 1× 5 GHz Guest Network 1× 2.4 GHz Guest Network |
| WiFi Encryption | WPA-Personal WPA2-Personal |
| Warranty | 2Years |