81 ETO-A6H Dish Sterilizer သည် မီးဖိုချောင်သုံး ပန်းကန်ခွက်ယောက်များနှင့် သားသမီးသုံး ပစ္စည်းများကို ဘက်တီးရီးယား/ပိုးမွှားများ ကင်းစင်အောင် သန့်စင်ပေးပြီး သောက်ရေခွက်၊ ပန်းကန်များကို ခြောက်သွေ့သန့်ရှင်းစွာ သိမ်းဆည်းနိုင်ရန် ထုတ်လုပ်ထားသည့် Dish Cupboard Sterilizer ပန်းကန်ပိုးသတ် အပူခြောက်ခံစက် တစ်မျိုး ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် (UV) နည်းပညာ သို့မဟုတ် အပူပေးစနစ်ဖြင့် ပန်းကန်၊ ခွက်၊ ဇွန်း၊ ခက်ရင်း၊ ကလေးနို့ဘူးများပေါ်တွင် စွဲကပ်နေသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ပိုးမွှားများကို ထိရောက်စွာ သုတ်သင်ပေးပါတယ်။ရေဆေးပြီးစ ပန်းကန်ခွက်ယောက်များကို လျင်မြန်စွာ ခြောက်သွေ့စေပြီး စိုစွတ်မှုကြောင့် ဖြစ်ပေါ်တတ်သည့် အနံ့အသက်ဆိုးများ၊ မှိုတက်ခြင်းများနှင့် ပိုးမွှားပေါက်ဖွားခြင်းများကို ကာကွယ်ပေးပါတယ်။အသုံးပြုရလွယ်ကူသည့် ခလုတ်စနစ် ပါဝင်သောကြောင့် UV Sterilization Mode၊ Dry Mode နှင့် Timer (အချိန်မှတ်စနစ်) များကို အလွယ်တကူ ထိန်းချုပ် စနစ်တကျ အသုံးပြုနိုင်ပါတယ်။အတွင်းပိုင်းတွင် အရည်အသွေးမြင့် Stainless Steel စင် (Rack) များကို အသုံးပြုထားသောကြောင့် သံချေးတက်ခြင်းမရှိဘဲ သန့်ရှင်းရေးလုပ်ရလွယ်ကူပြီး ရေရှည်အသုံးခံပါတယ်။ပန်းကန်များကို ပိုးသတ်ခြောက်ခံပြီးနောက် အင်းဆက်များ၊ ဖုန်မှုန့်များနှင့် မသန့်ရှင်းသော လေထုနှင့် ထိတွေ့မှုမရှိအောင် ပိတ်လှောင်သိမ်းဆည်းပေးနိုင်သည့် Cupboard အကန့် ပါဝင်ပါတယ်။
| Brand | 81 |
| Model | ETO-A6H |
| Rated Voltage | 220~240V |
| Rated Frequency | 50Hz |
| Grade of water proof | IPX1 |
| Rated water pressure | 0.03-1.0Mpa |
| Rated Power | 840W |