ViewSonic VA2436-H-PN သည် ရုံးသုံး၊ စာသင်သုံး၊ ပုံမှန် ပေါ့ပေါ့ပါးပါး ဂိမ်းဆော့သူများနှင့် Desk Setup အလှဆင်ချင်သူများအတွက် အထူးဒီဇိုင်းထုတ်ထားသည့် Monitor ဖြစ်ပါတယ်။၂၄ လက်မ (Full HD 1920x1080) မျက်နှာပြင်ဖြစ်ပြီး IPS Panel အသုံးပြုထားသည့်အတွက် မည်သည့်ထောင့်မှကြည့်ကြည့် (178° Wide Viewing Angle) အရောင်ပြောင်းသွားခြင်းမရှိဘဲ သဘာဝအတိုင်း စိုပြည်ပြတ်သားစွာ မြင်တွေ့ရပါတယ်။100Hz Refresh Rate ပါဝင်သောကြောင့် Screen Scroll လုပ်သည့်အခါနှင့် Fast-Moving Visual များတွင် ပိုမို ချောမွေ့ စီးဆင်းစေပါတယ်။1ms (MPRT) Response Time ပါဝင်သည့်အတွက် Motion Blur နည်းပါးပြီး Casual Gaming ဆော့ကစားရာတွင်လည်း အဆင်ပြေလှပါတယ်။ ကြာရှည် အသုံးပြုပါက မျက်စိညောင်းညာခြင်းမှ ကာကွယ်ပေးသည့် Flicker-Free နှင့် Low Blue Light နည်းပညာများ ပါဝင်တာကြောင့် ရုံးလုပ်ငန်း သို့မဟုတ် စာဖတ်ချိန် ကြာမြင့်သူများအတွက် သင့်တော်ပါတယ်။ HDMI 1.4 x1, VGA (D-Sub) x1 နှင့် 3.5mm Audio Out Port x1 ပါဝင်ပါတယ်။
| Brand | Viewsonic |
| Model | VA2436-H-PN H |
| Screen Size | 24 inch |
| Resolution | 1920 x 1080 |
| Panel type | IPS Technology |
| Contrast ratio | 1,000:1 (typ) |
| Aspect Ratio | 16:9 |
| Brightness | 250 cd/m² (typ) |
| Refresh Rate | 100 Hz |
| Response Time (MPRT) | 1ms |
| Interface | HDMI 1.4 x1, VGA (D-Sub) x1 ,3.5mm Audio Out Port x1 |
| Warranty | 3 years parts & service for monitor |