Nibban Digital Hot Plate Infrared Ceramic Cooker သည် အိမ်သုံး၊ ဆိုင်သုံး ချက်ပြုတ်ရာတွင် အသုံးပြုရလွယ်ကူပြီး မီးဖိုချောင်သုံး အိုးအမျိုးအစားမရွေး အသုံးပြုနိုင်သည့် အနီအောက်ရောင်ခြည် (Infrared) နည်းပညာသုံး လျှပ်စစ်မီးဖို ဖြစ်ပါတယ်။Induction မီးဖိုများကဲ့သို့ သံလိုက်ဓာတ်ပါသည့် သံအိုး/စတီးအိုးမှ မဟုတ်ဘဲ အောက်ခြေညီညာသည့် ဒန်အိုး၊ အလူမီနီယမ်အိုး၊ ဖန်အိုး၊ ရွှံ့အိုး၊ မြေအိုး၊ စတီးအိုး စသည့် မီးဖိုချောင်သုံး အိုးအမျိုးအစား လုံးဝမရွေး အသုံးပြုနိုင်ပါတယ်။igh-grade Ceramic/Crystal Glass Panel အောက်တွင် တပ်ဆင်ထားသည့် အပူပေးကွိုင်မှတစ်ဆင့် Infrared အနီအောက်ရောင်ခြည်ဖြင့် တိုက်ရိုက် အပူထုတ်ပေးသည့်အတွက် အပူချိန်တက် မြန်ဆန်ပြီး မီးအား အလေအလွင့် နည်းပါတယ်။ပြတ်သားသည့် Digital Display ပါဝင်ပြီး အပူချိန် သို့မဟုတ် ဝပ်အား (Wattage) ကို မိမိချက်ပြုတ်လိုသည့် အစားအစာအပေါ်မူတည်၍ အလွယ်တကူ ချိန်ညှိနိုင်ပါတယ်။
| Brand | Nibban |
| Model | NCC-05 |
| Power Input | 2000W |
| Voltage | 220-240V~/50Hz |