Hikvision DS-3E1326P-EI/M သည် CCTV လုံခြုံရေးကင်မရာစနစ်များနှင့် လုပ်ငန်းသုံး Network များအတွက် အထူးထုတ်လုပ်ထားသည့် 24-Port Fast Ethernet Smart Managed PoE Switch တစ်လုံးဖြစ်သည်။စုစုပေါင်း 230W အထိ ထောက်ပံ့ပေးနိုင်ပြီး Port တစ်ခုချင်းစီအတွက် အများဆုံး 30W (IEEE 802.3af/at standard) အထိ ပေးပို့နိုင်သည်။အကွာအဝေး 300 မီတာ (ပေ ၁၀၀၀ နီးပါး) အထိ PoE Power နှင့် Data ကို ငြိမ်ငြိမ်မတ်မတ် ရောက်ရှိအောင် ပေးပို့နိုင်သည်။KV Lightning/Surge Protection ပါဝင်သောကြောင့် မိုးကြိုးပစ်ခြင်း သို့မဟုတ် လျှပ်စစ်စီးကြောင်း မငြိမ်မသက်ဖြစ်ခြင်းများမှ ကာကွယ်ပေးသည်။ Metal Casing ဖြင့် ပြုလုပ်ထားပြီး 19-inch Server Rack အတွင်း တပ်ဆင်နိုင်သည့် Mount Ears များ ပါဝင်သည်။ကင်မရာ သို့မဟုတ် တပ်ဆင်ထားသော ရွှေ့လျားကိရိယာ Hang ဖြစ်သွားပါက (လိုင်းကျသွားပါက) Switch က အလိုအလျောက် သိရှိပြီး အဆိုပါ Port ကို Auto Restart/Reboot ပြန်လုပ်ပေးသည်။Port 1 မှ 8 အထိသည် VIP Ports များ ဖြစ်ကြပြီး Bandwidth လိုအပ်ချက်မြင့်မားချိန်တွင် ယင်း Ports များကို ဦးစားပေး (Priority Forwarding) စနစ်ဖြင့် ပို့ဆောင်ပေးသည်။ Network ခွဲခြားရန်နှင့် လုံခြုံရေးတိုးမြှင့်ရန်အတွက် VLAN configuration ကို Support လုပ်သည်။
| Brand | HIK |
| Model | DS-3E1326P-EI/M |
| Ports | 24 × 10/100 Mbps PoE port,1 × Gigabit combo,1 × Gigabit RJ45 port |
| Switching Capacity | Whole-Device Performance: 14.8 GbpsPort Performance: 8.8 Gbps |
| MAC address table | 16 K |
| PoE Standard | IEEE 802.3af,IEEE 802.3at |
| PoE Power Pin | 8-pin power: 1/2(-), 3/6(+), 4/5(+), 7/8(-) |
| PoE Port | PoE: Ports 1 to 24 |
| Max. Port Power | 30 W |