Green Tech ကထုတ်လုပ်ထားတဲ့ GTS-S3 Extension လေးသည် အရည်အသွေးမြင့် Plastic Material ဖြင့် ထုတ်လုပ်ထားပြီး 3 Way Universal Socket ဒီဇိုင်းကြောင့် UK Plug, US Plug, EU Plug နှင့် AUS Plug မျိုးစုံကို အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။ 3 Meter အရှည်ရှိ Cable ပါဝင်သောကြောင့် Plug Point နှင့် အကွာအဝေးရှိနေသည့် နေရာများတွင်လည်း လွယ်ကူစွာ အသုံးပြုနိုင်ပြီး၊ Socket တစ်ခုချင်းစီအတွက် Individual Power Switch များ သီးသန့်ပါရှိသဖြင့် မလိုအပ်သော စက်ပစ္စည်းများကို အလွယ်တကူ ပိတ်/ဖွင့်နိုင်ပါသည်။ Overload Protection System ပါဝင်သောကြောင့် Load အလွန်များလာသောအခါ အလိုအလျောက် ကာကွယ်ပေးနိုင်ပြီး မီးလောင်ကျွမ်းမှုအန္တရာယ်ကို လျှော့ချပေးနိုင်ပါသည်။ Safety Shutter Design ပါရှိခြင်းကြောင့် ကလေးများရှိသော အိမ်များတွင်လည်း ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ပါသည်။
| Brand | Green Tech |
| Model | GTS-S3 |
| Number Of Socket | 3 Way Universal Socket Design |
| Rated Current | 10A |
| Rated Power | 2500W Max |
| Surge Capacity | 1200 Amps |
| Cable Length | 3 Meters |
| Warranty | Life Time |