Asus Dual Geforce RTX 5050 GDDR6 8GB Graphic ကတော့ Full HD (1080p) resolution နဲ့ ဂိမ်းကစားတဲ့သူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ လက်ရှိခေတ်ပေါ်ဂိမ်းတွေကို ကောင်းမွန်တဲ့ frame rate နဲ့ ကစားနိုင်ပြီး AI နဲ့ creator အလုပ်တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ ဂိမ်းကတ်ကြီးတွေ မလိုအပ်ဘဲ အရည်အသွေးမြင့်ဂိမ်းအတွေ့အကြုံကို လိုချင်သူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။-slot ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာကြောင့် သေးငယ်တဲ့ case တွေ (SFF - Small Form Factor) မှာတောင် အလွယ်တကူ တပ်ဆင်နိုင်ပါတယ်။ASUS ရဲ့ Axial-Tech ပန်ကာနှစ်ခု ပါဝင်ပြီး လေဝင်လေထွက်ကောင်းအောင်နဲ့ အပူချိန်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။erformance Mode နဲ့ Quiet Mode ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်တဲ့ BIOS ပါဝင်ပါတယ်။ ပန်ကာတွေမှာ dual-ball bearing ကို အသုံးပြုထားတာကြောင့် သာမန် sleeve bearing ပန်ကာတွေထက် ပိုမိုကြာရှည်ခံပါတယ်။NVIDIA ရဲ့ နောက်ဆုံးပေါ် DLSS 4 (Deep Learning Super Sampling) နဲ့ 4th-Gen Ray Tracing Cores တွေ ပါဝင်တာကြောင့် ဂိမ်းတွေမှာ ပိုမိုလှပပြီး ရုပ်ထွက်ကောင်းမွန်တဲ့ ဂရပ်ဖစ်တွေကို ရရှိနိုင်ပါတယ်။
| Brand | Asus |
| Graphic Engine | NVIDIA® GeForce RTX™ 5050 |
| Graphics Coprocessor | RTX 5050 |
| Memory type | GDDR6 |
| Size | 8GB |
| Operating systems | Windows 11, Windows 10 |
| Connections | 1x HDMI version 2.1b, 3x Displayport version 2.1b |
| Bus Standard | PCI Express 5.0 |
| Wattage | 550 watts |