Realme Reset
Realme C85
1,099,900 Ks

Realme C85 ကတော့ 6.8-inch LCD (HD+ Resolution), 144Hz Refresh Rate ပါဝင်လို့ Screen ဆွဲရတာ တော်တော်လေး ချောမွေ့ပါတယ်။ နေပူထဲမှာ ကြည့်ရင်လည်း မြင်သာအောင် 1200 nits Peak Brightness အထိ ရှိပါတယ်။MediaTek Dimensity 6300 (6nm) ကို သုံးထားတာကြောင့် 5G စနစ်ကိုပါ Support ပေးနိုင်ပြီး ပုံမှန်အသုံးပြုမှုတွေမှာ သွက်လက်ပါတယ်။50MP AI Main Camera နဲ့ 8MP Front Camera ပါဝင်ပြီး Underwater Mode နဲ့ AI Edit Genie လိုမျိုး AI Features အသစ်တွေ ပါဝင်လာပါတယ်။RAM 6GB (Dynamic RAM အနေနဲ့ ထပ်တိုးလို့ရနိုင်) နဲ့ Storage 128GB ပါဝင်ပါတယ်။7000mAh Massive Battery ပါဝင်တာက သူ့ရဲ့ အကြီးမားဆုံး အားသာချက်ပါ။ 45W SUPERVOOC အားသွင်းစနစ်နဲ့ အားပြန်သွင်းနိုင်ပါတယ်။

Realme 15T
1,499,900 Ks

Realme 15T လေးသည် Screen Size 6.57 inches ရှိပြီး AMOLED Display ကိုအသုံးပြုပေးထားပါသည်။ Resolution 1080x2372 Pixels ဖြစ်တာကြောင့် ကြည်လင်ပြတ်သားသော ရုပ်ထွက်များကိုရရှိစေပါသည်။ Main Camera ပိုင်းအ‌နေနဲ့ 50MP ပါဝင်ပြီး Selfie Camera ပိုင်းမှာလဲ 50MP ပါဝင်ပါသည်။ Battery ပိုင်းမှာလည်း Si/C Li-Ion 7000 mAh ကိုအသုံးပြုထားပြီး Charging 60W wired ဖြစ်တာကြောင့် အားသွင်းရာမှာလည်း မြန်ဆန်စေပါသည်။

Realme Note 70
499,900 Ks

Realme Note 70 သည် 6.74 လက်မရှိတဲ့ HD+ IPS LCD မျက်နှာပြင်ဖြစ်ပြီး 90Hz Refresh Rate ပါဝင်တဲ့အတွက် အသုံးပြုရတာ ချောမွေ့ပါတယ်။Unisoc T7250 Chipset ကို အသုံးပြုထားပါတယ်။အားသာချက်တစ်ခုဖြစ်တဲ့ 6300mAh ဘက်ထရီ အကြီးစား ပါဝင်ပြီး 15W Charging နဲ့ အားသွင်းနိုင်ပါတယ်။အနောက်ဘက်မှာ 13MP Main Camera ပါဝင်ပြီး၊ အရှေ့ဘက် Selfie အတွက် 5MP ပါဝင်ပါတယ်။Android 15 ကို အခြေခံထားတဲ့ realme UI နဲ့ လာပါတယ်။Military-Grade Shock Resistance ပါဝင်တဲ့အတွက် အကျဒဏ်ကို ကောင်းကောင်းခံနိုင်ပါတယ်။

Realme C71
729,900 Ks

Realme C71 သည် Display size 6.67 inches ရှိပြီး Display Type ကိုတော့ IPS LCD, 120Hz ဖြစ်တာကြောင့် အသုံးပြုရမှာ သွက်လက်နေစေမှာဖြစ်ပါသည်။ Resolution ပိုင်းအနေနဲ့ 720 x 1604 pixels ပါဝင်ပြီးတော့ Android 15, Realme UI 6.0 လာပေးထားပါသည်။ Main Camera ပိုင်းအ‌နေနဲ့ 50MP ပါဝင်ပြီး Selfie Camera ပိုင်းမှာလဲ 5MP ပါဝင်ပါသည်။ရေစိုရေစိမ်ခံတဲ့ IP69 Dust & Water Resistance၊ တစ်နေ့တာလုံး အကြာကြီးသုံးလို့ရမယ့် 6000 mAh Battery နဲ့ 45W Fast Charge ဖြစ်တာကြောင့် အားသွင်းရာမှာလည်းမြန်ဆန်စေမှာ ဖြစ်ပါသည်။