POCO M8 5G
POCO M8 5G သည် 6.77 လက်မရှိတဲ့ Flow AMOLED (3D Curved) မျက်နှာပြင်ကို သုံးထားပြီး 120Hz Refresh Rate ပါဝင်ပါတယ်။အထူက 7.35 mm ပဲရှိပြီး အလေးချိန် 178g ပဲရှိတာမို့ POCO ဖုန်းတွေထဲမှာ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံးထဲမှာ ပါဝင်ပါတယ်။Peak Brightness က 3200 nits အထိ ရှိတာမို့ အပြင် နေပူထဲမှာကြည့်ရင်တောင် ပုံရိပ်တွေ ရှင်းရှင်းလင်းလင်း မြင်ရမှာဖြစ်ပြီး 3840Hz PWM Dimming ပါဝင်လို့ မျက်စိ ညောင်းညာမှုကိုလည်း လျှော့ချပေးပါတယ်။4nm နည်းပညာသုံး Qualcomm Snapdragon 6 Gen 3 (5G) Chipset ကို အသုံးပြုထားလို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ ဂိမ်းပိုင်းကို အဆင်ပြေပြေ ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ပါတယ်။Android 15 ကို အခြေခံထားတဲ့ Xiaomi HyperOS 2 နဲ့ လာပါတယ်။Google Gemini, Circle to Search အပြင် AI Erase တို့လို စိတ်ဝင်စားဖို့ကောင်းတဲ့ AI Features တွေ Built-in ပါဝင်လာပါတယ်။အနောက်ဘက်မှာ Main Lens အဖြစ် 50MP (Light Fusion 400 Sensor, f/1.8) ကို သုံးပေးထားပြီး 2MP Depth Sensor တစ်လုံး ပါဝင်ပါတယ်။ နောက်ကင်မရာနဲ့ 4K Video တွေအထိ ရိုက်ကူးနိုင်ပါတယ်။ဒီလောက်ပါးလွှာတဲ့ ကိုယ်ထည်ထဲမှာ 5520 mAh ဘက်ထရီအကြီးကို ထည့်သွင်းပေးထားပါတယ်။45W Turbo Charging စနစ် ပံ့ပိုးပေးထားပြီး 18W Reverse Wired Charging လည်း ရပါသေးတယ်။
POCO M8 Pro 5G
POCO M8 Pro 5G လေးသည် 6.83-inch AMOLED display ကို အသုံးပြုထားပြီး 120Hz refresh rate, HDR10+ နဲ့ Dolby Vision ပါဝင်တဲ့အတွက် ရုပ်ပုံအရည်အသွေးက တောက်ပပြီး smooth ဖြစ်စေပါသည်။ Snapdragon 7s Gen 4 (4nm) chipset နဲ့ဖြစ်ပြီး Android 15 ကိုအသုံးပြုပေးထားပါသည်။ Camera ပိုင်းမှာတော့ 50MP main camera နဲ့ 8MP ultrawide camera ပါဝင်ပြီး နေ့ဘက်ရော ညဘက်ရော ပုံရိပ်တွေကို အရည်အသွေးမြင့် ရိုက်ကူးနိုင်ပါသည်။ Battery 6500mAh ပါဝင်ပြီး 100W fast charging ကို support လုပ်ထားတာကြောင့် 40 မိနစ်အတွင်း 100% အထိ ပြန်အားသွင်းနိုင်ပါသည်။
Poco C85
Poco C85 သည် 6.9-inch HD+ (1600 x 720) IPS LCD အမျိုးအစားဖြစ်ပြီး 120Hz Refresh Rate ပါဝင်လို့ အသုံးပြုရတာ အလွန်ချောမွေ့ပါတယ်။ မျက်နှာပြင် အရွယ်အစားက တော်တော်လေး ကြီးမားတဲ့အတွက် ဗီဒီယိုကြည့်တာနဲ့ ဂိမ်းကစားတာတွေအတွက် အားသာချက်ဖြစ်ပါတယ်။Helio G81 Ultra Chipset ကို အသုံးပြုထားပါတယ်။ MicroSD Card နဲ့ 1TB အထိ ထပ်တိုးနိုင်ပါသေးတယ်။Android 15 ကို အခြေခံထားတဲ့ HyperOS 2 နဲ့ ထွက်ရှိလာပါတယ်။50MP AI Dual Camera စနစ်ဖြစ်ပြီး နေ့ဘက်ဓာတ်ပုံတွေမှာ အသေးစိတ် ကြည်လင်မှုရှိပါတယ်။8MP Front Camera ပါဝင်ပါတယ်။6,000 mAh Battery အကြီးစား ပါဝင်တာကြောင့် ပုံမှန်အသုံးပြုရင် (၂) ရက်လောက်အထိ အေးဆေးခံပါတယ်။33W Fast Charging ကို ထောက်ပံ့ပေးထားပြီး 10W Reverse Wired Charging (အခြားဖုန်းတွေကို အားပြန်သွင်းပေးနိုင်တဲ့စနစ်) လည်း ပါဝင်ပါတယ်။
Poco C71
Poco C71 လေးကတော့ Screen Size 6.88 inches ရှိတာကြောင့် မျက်နှာပြင်ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသုံးပြုနိုင်ပြီး Display Type IPS LCD, 120Hz ကိုအသုံးပြုပေးထားပါသည်။ Resolution 720 x 1640 pixels နဲ့ဖြစ်ပြီး Main Camera 32MP နဲ့ Selfie Camera 8MP ပါဝင်မှာပဲဖြစ်ပါသည်။ လျင်မြန်တဲ့ 120Hz refresh rate ပါဝင်ပြီး Octa-core processor အစွမ်းနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်သွက်လက်စွာ ဆောင်ရွက်ပေးနိုင်ပါသည်။ Battery 5200mAh ပါဝင်လို့ အားမြန်မြန်ကုန်မှာ စိတ်ပူစရာမလိုပဲ 15W Fast Charging နဲ့မို့ အားသွင်းနှုန်းလည်း မြန်ဆန်ပါသည်။