Redmi Pad 2 Pro 5G
Redmi Pad 2 Pro 5G လေးသည် Screen Size 12.1-inch နဲ့ဖြစ်ပြီး IPS LC Display နဲ့မို့ ရုပ်ထွက်ကြည်လင်မှုမှာ ပြိုင်ဘက်ကင်းပါသည်။ မျက်လုံးညောင်းညာမှုကို လျှော့ချပေးမယ့် TÜV Rheinland Certification လည်း ရရှိထားပါသည်။ SIM card ထည့်သွင်းအသုံးပြုနိုင်တဲ့အတွက် Wi-Fi မရှိတဲ့နေရာတွေမှာတောင် 5G အင်တာနက် အရှိန်အဟုန်နဲ့ အလုပ်လုပ်နိုင်ခြင်း၊ Video Call ပြောခြင်းနဲ့ Streaming ကြည့်ခြင်းတို့ကို အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါသည်။ Snapdragon 7s Gen 4 (4nm) Processor ကို အသုံးပြုထားလို့ Performance ပိုကောင်းလာပြီး Power စားသက်သာစေပါသည်။ 8GB RAM + 256GB ROM အပြင် 1.5TB အထိ ထပ်တိုးနိုင်တဲ့ microSD slot ပါဝင်ပါသည်။ 12000mAh ဘက်ထရီက Standby အနေနဲ့ ရက်ပေါင်းများစွာ ခံနိုင်ရည်ရှိပြီး 33W Fast Charging ပါဝင်ပါသည်။
Redmi Pad 2 Pro Wifi
Redmi Pad2 Pro လေးသည် Screen Size 12.1 လက်မရှိတဲ့ မျက်နှာပြင်ကျယ်ကြီးမှာ 1600 x 2560 pixels Resolution နဲ့ 120Hz Refresh Rate ပါဝင်တာကြောင့် ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ စာဖတ်တာပဲဖြစ်ဖြစ် အလွန်ကြည်လင်ချောမွေ့စေပါသည်။ Snapdragon® 7s Gen 4 (4nm) Processor ကို အသုံးပြုထားလို့ Game ဆော့တာနဲ့ Multitasking အသုံးပြုမှုတွေမှာ သွက်လက်မြန်ဆန်စေပါသည်။ RAM 8GB နဲ့ ROM 256GB ပါဝင်တဲ့အတွက် App အများအပြားကို စိတ်ကြိုက်ထည့်သွင်းနိုင်ပြီး microSD card နဲ့လည်း ထပ်တိုးနိုင်ပါသည်။ Battery 12,000mAh အထိရှိတဲ့ ဘက်ထရီအမျိုးအစားဖြစ်လို့ တစ်နေ့တာလုံး သုံးပြုနိုင်ပြီး 33W Fast Charging နဲ့ အားပြန်သွင်းနိုင်ပါသည်။
Redmi Pad 2 (4G,Official)
Redmi Pad 2 ဟာမျက်နှာပြင် 11 လက်မ အရွယ်အစားရှိပြီး 2.5K (1600x2560 pixels) resolution ရှိတဲ့ LCD display ကို အသုံးပြုထားပါတယ်။90Hz AdaptiveSync refresh rate ကို ထောက်ပံ့ပေးတဲ့အတွက် ပုံတွေ၊ စာတွေကြည့်တဲ့အခါ၊ ဂိမ်းကစားတဲ့အခါ ပိုမိုချောမွေ့တဲ့ အတွေ့အကြုံကို ရရှိစေပါတယ်။MediaTek Helio G100 Ultra Processor ကို အသုံးပြုထားပါတယ်။ ဒါက ပုံမှန်အသုံးပြုမှုတွေ၊ multitasking နဲ့ ပေါ့ပေါ့ပါးပါး ဂိမ်းကစားခြင်းတွေအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ပေးနိုင်ပါတယ်။MicroSD ကတ်ထည့်သွင်းပြီး storage ကို 2TB အထိ ထပ်မံတိုးချဲ့နိုင်ပါတယ်။9000mAh အကြီးစား ဘက်ထရီကို ထည့်သွင်းထားတဲ့အတွက် တစ်နေကုန် အသုံးပြုနိုင်တဲ့ ဘက်ထရီသက်တမ်းကို ပေးစွမ်းပါတယ်။18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေမယ့်၊ အားအပြည့်သွင်းဖို့အတွက် ၂ နာရီမှ ၂ နာရီခွဲခန့် ကြာမြင့်နိုင်ပါတယ်။
Redmi Pad 2 Wifi Official

Xiaomi Pad 7 Pro Official
Xiaomi Pad 7 Pro သည် 11.2 inches IPS LCD Displayကို 144 Hz refresh rate နဲ့ ဆိုတော့ ကြည်လင်တဲ့ ရုပ်ထွက်ကိုလည်းရရှိနိုင်မှာပါ။ Always On Display လည်းပါရှိမှာဖြစ်ပါတယ်။Chipset ကလည်း Snapdragon 8s Gen 3 ဆိုတော့ Multimedia Consumption အတွက်အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ 50MP/2MP Front camera ၂လုံးပါတော့ ကြည်တောက်ရှင်း ဓာတ်ပုံလေးတွေလည်း ဖန်တီးနိုင်သလို 32MP Selfie camera နဲ့ဆိုတော့ Zoom Class တွေ Meeting တွေ တက်ရင်လည်းအဆင်ပြေစေမှာဖြစ်ပါတယ်။ဘေးဘောင်တွေကို Aluminium နဲ့ပြုလုပ်ထားတော့ အကြမ်းခံပြီး Battery အပိုင်းမှာလည်း 8,850 mAh ကို 67W နဲ့ဆိုတော့ ရှယ်ကြမ်းတဲ့ Battery Life ကိုရနိုင်မှာဘဲ ဖြစ်ပါတယ်။
Xiaomi Pad 7 Official
Xiaomi Pad 7 သည် 11.2 inches မျက်နှာပြင်အကျယ်ရှိပြီး 13 MP Front camera ၂လုံးပါတော့ ကြည်တောက်ရှင်း ဓာတ်ပုံလေးတွေလည်း ဖန်တီးနိုင်သလို 8 MP Selfie camera နဲ့ဆိုတော့ Zoom Class တွေ Meeting တွေ တက်ရင်လည်းအဆင်ပြေစေမှာဖြစ်ပါတယ်။ဘေးဘောင်တွေကို Aluminium နဲ့ပြုလုပ်ထားတော့ အကြမ်းခံပြီး 8850 mAh ဘတ်ထရီနဲ့ တစ်ခါအားသွင်း တစ်နေ့လုံးတစ်ညလုံး အကြိုက်သုံးလို့လည်း ရမှာဖြစ်ပါတယ်။
Redmi Pad SE 8.7” (Official)
Redmi Pad SE သည် Screen Size အနေနဲ့ 8.7inch ရှိပြီး Display Type ကတော့ IPS LCD Display ကိုအသုံးပြုပေးထားပါတယ်။Mediatek Helio G85 (12 nm) chip နဲ့ဆိုတော့ ဂိမ်းပဲဆော့မလား 90Hz နဲ့မို့ သွက်လက်မြန်ဆန်နေမှာဖြစ်ပါသည်။ Main Camera အနေနဲ့ 8MP နဲ့ Selfie Camera ကတော့ 5MP ကိုအသုံးပြုပေးထားပါတယ်။ Battery ကတော့ 6650mAh ပါဝင်ပြီး Charging 10W ကို Support ပေးထားပါသည်။