Apple Mac mini 16/256GB M4
Apple Mac mini 16/256GB M4 သည် သေးငယ်ကျစ်လျစ်သော Design နှင့် စွမ်းဆောင်ရည်မြင့်မားသည့် Apple M4 Chip ကို ပေါင်းစပ်ထုတ်လုပ်ထားသော Desktop Computer တစ်လုံးဖြစ်သည်။ အရွယ်အစားအားဖြင့် 5 x 5 inches ခန့်သာရှိသဖြင့် အလုပ်စားပွဲပေါ်တွင် နေရာအနည်းငယ်သာယူပြီး ရုံးလုပ်ငန်းများ၊ ပညာရေးဆိုင်ရာလုပ်ငန်းများနှင့် နေ့စဉ်အသုံးပြုမှုများအတွက် သင့်တော်သော Mini PC တစ်လုံးဖြစ်သည်။ ခေတ်မီပြီး ရိုးရှင်းသော Apple Design ကြောင့် Office၊ Home Office နှင့် Workspace များတွင် သပ်ရပ်စွာ အသုံးပြုနိုင်သည်။ Apple M4 Chip တွင် 10-Core CPU နှင့် 10-Core GPU တို့ ပါဝင်ပြီး Application များကို လျင်မြန်ချောမွေ့စွာ အသုံးပြုနိုင်ရန် စွမ်းဆောင်ပေးသည်။ 16GB Unified Memory ပါဝင်သောကြောင့် Application အများအပြားကို တစ်ပြိုင်နက်အသုံးပြုခြင်း၊ Multitasking လုပ်ဆောင်ခြင်း၊ Microsoft 365 နှင့် Adobe Creative Cloud ကဲ့သို့သော Software များကို အသုံးပြုခြင်းတို့အတွက် အထောက်အကူပြုပါသည်။
MSI Cyborg 15 A13VE-2444MM (i7,13620H,16GB,512GB SSD,RTX4050 6GB,Win11,15.6",Black)Laptop Computer
MSI Cyborg 15 A13VE-2444MM လေးသည် Intel® Core™ i7-13620H processor ကိုအသုံးပြုပေးထားပြီး Screen Size 15.6" အရွယ်အစားကြောင့် ကျယ်ပြန့်စွာအသုံးပြုနိုင်ပါသည်။ Memory 16GB နဲ့အညီ လိုက်ဖက်ညီသော Storge 512GB ကိုထည့်သွင်းပေးပါသည်။ RTX™ 4050 Graphics ပါဝင်တာကြောင့် Performance မြင့်မြင့်သုံးချင်သူများအတွက် လျင်မြန်သွက်လက်စွာ လုပ်ငန်းများကိုလုပ်ဆောင်နိုင်ပါသည်။
Acer Aspire 7 A715-59G-59Y6 (Core 5 210H,16GB,512GB SSD,RTX3050 4GB,Win11,15.6",Titanium Black) Laptop Computer
ရုံးသုံး/ကျောင်းသုံး စာရွက်စာတမ်း အလုပ်တွေအပြင် Graphic Design၊ Video Editing နဲ့ ဂိမ်းပေါ့ပေါ့ပါးပါး ဆော့ချင်သူတွေအတွက် Acer Aspire 7 A715-59G-59Y6 လေးက Entry-level Gaming/Performance Laptop တစ်လုံး ဖြစ်ပါသည်။ Intel Core 5 210H Processor ကိုအသုံးပြုပေးထားတာဖြစ်လို့ အသုံးပြုရတာသွက်လက်နေမှာ ဖြစ်ပါတယ် ။ RTX 3050 (4GB) Graphic ပါတာဖြစ်လို့ Designer တွေအတွက်အဆင်ပြေစေပါသည်။ RAM 16GB နဲ့ အညီ Storage 512GB ကိုလိုက်ဖက်ညီစွာ အသုံးပြုပေးထားပါသည်။
HP Victus Gaming 15-fb3370AX (Ryzen 7 77445HS,12GB,512GB SSD,RTX3050 6GB,15.6",Mica Silver) Laptop Computer
HP Victus Gaming 15-fb3370AX လေးကတော့ AMD Ryzen™ 7 7445HS ကို အသုံးပြုပေးထားတာဖြစ်ပြီး Screen size 15.6 inch နဲ့ဖြစ်ပါသည်။ NVIDIA® GeForce RTX™ 3050 (6GB GDDR6 VRAM) နဲ့ဆိုတော့ Games တွေနဲ့ Video Rendering တွေမှာ Performance ပိုမိုငြိမ်သက်စွာ အသုံးပြုနိုင်ပါသည်။ 144Hz ပါဝင်တာကြောင့် FPS ဂိမ်းတွေ (Valorant, CS2, PUBG, Apex Legends) ကစားတဲ့အခါ ပုံရိပ်တွေ ရောထွေးမသွားဘဲ သွက်သွက်လက်လက် အသုံးပြုနိုင်မှာပါ ။ HP Victus ရဲ့ Cooling System က Moderate Gaming အတွက် အပူချိန်ကို အသင့်အတင့် ထိန်းပေးနိုင်ပါသည်။
Lenovo ideapad 5 2 in 1 15IPH11 (Core Ultra 5 325,16GB,512GB SSD,Win11,15.3",Touch,Luna Gray,NW) Laptop Computer
Lenovo ideapad 5 2 in 1 15IPH11 လေးဟာဆိုရင် screen size 15.3" နဲ့ဖြစ်ပြီး လုပ်ငန်းခွင်၊ ကျောင်းသုံးနှင့် Daily Usage များအတွက် အထူးသင့်လျော်ပြီး Phone / Tablet ကဲ့သို့ 360° ခေါက်ပြီး သုံးနိုင်သော Convertible Laptop တစ်လုံး ဖြစ်ပါသည်။ Intel Core Ultra 5 325H/325U Processor ကြောင့် AI Processing များနှင့် Multi-tasking တို့ကို ပေါ့ပါးသွက်လက်စွာ ဆောင်ရွက်ပေးနိုင်ပါသည်။ Ram 16GB နဲ့လိုက်ဖက်ညီစွာ Storage 512GB ကို တွဲအသုံးပြုပေးထားပါသည်။
HP Omnibook X Flip 2 in 1 AI 14-kc0018AU (Ryzen AI7 445,16GB,512GB SSD,Win 11,14",Atmospheric Blue,Touch Screen) Laptop Computer
HP OmniBook X Flip 14 2-in-1 AI (14-kc0018AU) သည် AI နည်းပညာသုံး စွမ်းဆောင်ရည်မြင့် Features များနှင့် Flexibilty အပြည့်အဝပေးနိုင်သည့် ခေါက်လို့ရသော 2-in-1 Laptop တစ်လုံးဖြစ်ပါသည်။နောက်ဆုံးပေါ် AMD Ryzen AI 7 Processor ပါဝင်သောကြောင့် AI Tasks များ၊ Real-time Translation၊ Image/Video Generation စသည့် AI Workflows များကို မြန်ဆန် ချောမွေ့စွာ လုပ်ဆောင်ပေးနိုင်ပါသည်။360 ဒီဂရီ ခေါက်သုံးနိုင်သော Hinge ပါဝင်သောကြောင့် Laptop Mode အပြင် Presentation များပြရန် Tent Mode သို့မဟုတ် စာဖတ်/မဆွဲရန် Tablet Mode အဖြစ် စိတ်ကြိုက် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။14 လက်မ Touchscreen Display ကြောင့် လက်ဖြင့် တိုက်ရိုက် ထိတွေ့ ခိုင်းစေရုံမျှဖြင့် လုပ်ငန်းဆောင်တာများကို လျင်မြန်စွာ ပြုလုပ်နိုင်ပါသည်။16GB RAM နှင့် 512GB High-speed SSD တို့ကြောင့် Application အများအပြား ပြိုင်တူဖွင့်ခြင်းနှင့် Data ဖိုင်များ မြန်ဆန်စွာ ဖွင့်နိုင်ခြင်းတို့ကို အပြည့်အဝ ထောက်ပံ့ပေးပါသည်။Office Work/Business Executive များ၊ Content Creator များ၊ သယ်ယူရလွယ်ကူပြီး AI Features များကို ထိရောက်စွာ အသုံးပြုချင်သည့် ကျောင်းသား/ကျောင်းသူများနှင့် Professional များအတွက် အထူးသင့်တော်ပါသည်။
Dell Vostro 3590 (i5-10210U,8GB,256GB SSD,Win11,15.6",Black,NW) Laptop Computer
Dell Vostro 3590 Laptop Computer သည် နေ့စဉ်လုပ်ငန်းသုံးနှင့် ရုံးလုပ်ငန်းများအတွက် သင့်တော်သော စွမ်းဆောင်ရည်ကောင်းမွန်သည့် Laptop တစ်လုံးဖြစ်သည်။ 10th Generation Intel® Core™ i5-10210U Processor ကို အသုံးပြုထားပြီး 8GB DDR4 2666MHz RAM ပါဝင်သဖြင့် Office Applications များ၊ Web Browsing၊ Online Meeting နှင့် Multitasking လုပ်ငန်းများကို ချောမွေ့စွာ အသုံးပြုနိုင်သည်။ Storage အနေဖြင့် 256GB SSD တို့ပါဝင်သောကြောင့် System နှင့် Applications များကို မြန်ဆန်စွာ အသုံးပြုနိုင်ပြီး Documents၊ Photos၊ Videos နှင့် အခြား Data များကိုလည်း နေရာကျယ်ကျယ်ဖြင့် သိမ်းဆည်းထားနိုင်ပါသည်။
Dell Latitude 3430 (i7-1255U,16GB,512GB SSD,Win11,14",Black,NW) Laptop Computer
Dell Latitude 3440 သည် 14-inch ရှိပြီး Intel Core i7-1255U (12th Gen) Processor ကို အသုံးပြုထားပါသည်။ 16GB RAM နဲ့လိုက်ဖက်ညီစွာ 512GB SSDကိုတွဲဖက်အသုံးပြုပေးထားတာဖြစ်လို့ software များကိုလည်း မြန်ဆန်သွက်လက်စွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။ Business/Office အသုံးပြုမှုအတွက် အဆင်ပြေစေမယ့် laptop လေးတစ်လုံးဖြစ်ပါသည်။
MSI Cyborg 15 B13WEKG-1240MM (i5-13420H,16GB,512GB SSD,RTX5050 8GB,Win11,15.6",Black) Laptop Computer
MSI Cyborg 15 B13WEKG-1240MM လေးသည် Up to 13th Gen Intel® Core™ i7 Processor ကို အသုံးပြုထားပြီး 15.6-inch FHD (1920 × 1080) IPS-Level Display ပါဝင်ပြီး 144Hz Refresh Rate ရရှိတာကြောင့် Gaming ကစားတဲ့အခါ Screen Movement တွေကို ပိုမိုချောမွေ့စွာ အသုံးပြုနိုင်ပါသည်။ NVIDIA® GeForce RTX™ 5050 Laptop GPU 8GB GDDR7 ပါဝင်ပြီး 8GB GDDR7 VRAM, M.2 SSD Slot (NVMe PCIe Gen4) ဖြစ်တာကြောင့် High-quality Gaming, 3D Applications, Graphic Design နဲ့ Video Editing စတဲ့ GPU Performance လိုအပ်တဲ့လုပ်ငန်းတွေအတွက် အဆင်ပြေစေပါသည်။ Video Call နဲ့ Gaming Communication တွေအတွက် HD Webcam (720p @ 30fps) နဲ့ 2 × 2W Speakers နဲ့ Array Microphone ပါဝင်တာကြောင့် Video Call, Meeting, Movie ကြည့်ခြင်းနဲ့ Gaming Audio တွေအတွက် အသုံးပြုနိုင်ပါသည်။ Network ပိုင်းမှာ Gb LAN နဲ့ Wi-Fi 6E (802.11ax) ကို Support ပြုလုပ်ထားပြီး Bluetooth 5.3 ပါဝင်သည်။ 120W Adapter, 4-Cell 55.2Wh Battery ဖြစ်တာကြောင့် အချိန်အတော်ကြာအသုံးပြုနိုင်မည့် Laptop လေးဖြစ်ပါသည်။
Acer Aspire Lite AL16-52P-35H1 (i3-1305U,8GB,512GB SSD,Win11,16",Light Silver) Laptop Computer
Acer Aspire Lite AL16-52P-35H1 သည် ရုံးလုပ်ငန်း၊ ကျောင်းသင်ခန်းစာများနှင့် နေ့စဉ်သုံး ရိုးရိုးအလုပ်များအတွက် သင့်တော်သည့် မျက်နှာပြင်ကျယ် 16-inch Laptop တစ်လုံးဖြစ်သည်။ Intel Core i3-1305U Processor ပါဝင်၍ စာရွက်စာတမ်းပြင်ခြင်း၊ Zoom meeting တက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းများကို သွက်သွက်လက်လက် သုံးနိုင်သည်။ Ram 8GB DDR5 နဲ့လိုက်ဖက်ညီစွာ 512GB NVMe M.2 SSD ကို ထည့်သွင်းပေးထားပြီး resolution 1920x1200 နဲ့ အသုံးပြုနိုင်မှာဖြစ်ပါသည်။
Asus Zenbook S 14 OLED UX5406AA-SU438W (Ultra 9 386H,16GB,512GB SSD,Win11,14",Scandinavian White,Touch Screen) Laptop Computer
Asus Zenbook S 14 OLED UX5406AA-SU438W သည် 14-inch 3K OLED Touch Display ကို အသုံးပြုထားပြီး 2880 × 1800 Resolution, 120Hz Refresh Rate, 400 nits Brightness နှင့် HDR Support ပါဝင်သဖြင့် ရုပ်ထွက်ကြည်လင်ပြီး အရောင်အသွေးစိုပြည်သော Visual Experience ကို ရရှိစေပါသည်။ Intel® Core™ Ultra 9 386H Processor ကို အသုံးပြုထားပြီး 16GB LPDDR5X 8533MHz Onboard RAM နှင့် 512GB PCIe Gen4 SSD တို့ ပါဝင်တာကြောင့် နေ့စဉ် Office Work၊ Web Browsing၊ Business Applications နှင့် အခြား Productivity Tasks များကို လျင်မြန်စွာ အသုံးပြုနိုင်ပါသည်။ Intel Integrated Graphics ကိုအသုံးပြုပေးထားပြီး Thunderbolt 4, USB Type-A 3.2 Gen 2 နှင့် HDMI 2.1 တို့ ပါဝင်ပါသည်။ Wireless Connectivity အနေဖြင့် Wi-Fi 7 (802.11be) နှင့် Bluetooth 5.4 ကို Support ပြုလုပ်ထားပြီး 77Wh 4-Cell Battery ပါဝင်ပြီး 68W USB-C AC Adapter ဖြင့် အားသွင်းအသုံးပြုနိုင်မှာပဲ ဖြစ်ပါသည်။
HP AI 15-fd2103TU (Ultra 5 225U,16GB,512GB SSD,Win11,15.6",Natural Silver) Laptop Computer
HP AI 15-fd2103TU Laptop Computer သည် ခေတ်မီ Natural Silver Design ဖြင့် ရုံးလုပ်ငန်းများ၊ ပညာရေးဆိုင်ရာအသုံးပြုမှုများနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် သင့်လျော်သည့် AI Laptop တစ်လုံးဖြစ်သည်။ Intel® Core™ Ultra 5 225U Processor ကို အသုံးပြုထားပြီး 12 Cores, 14 Threads နှင့် အမြင့်ဆုံး 4.8GHz အထိ စွမ်းဆောင်နိုင်သဖြင့် Multitasking နှင့် လုပ်ငန်းသုံး Application များကို မြန်ဆန်ချောမွေ့စွာ အသုံးပြုနိုင်သည်။16GB DDR5-5600 RAM နှင့် 512GB PCIe® NVMe™ M.2 SSD တပ်ဆင်ထားသဖြင့် Data Processing၊ Application အသုံးပြုမှုနှင့် File Transfer များကို လျင်မြန်စွာ ဆောင်ရွက်နိုင်သည်။ 15.6-inch FHD (1920 × 1080) Anti-glare Display နှင့် Micro-edge Design ကြောင့် ကြည်လင်ကျယ်ဝန်းသည့် မြင်ကွင်းအရည်အသွေးကို ရရှိစေပြီး HP True Vision 720p HD Camera, Dual Speakers နှင့် Microphone တို့ပါဝင်သဖြင့် Online Meeting နှင့် Video Conferencing များအတွက်လည်း အဆင်ပြေစေသည်။