Shredder, Cutter & Laminator Reset
8251 PVC Cutter
230,000 Ks

8251 PVC Cutter လေးသည် PVC ကတ်များ၊ Laminated လုပ်ထားသော ကတ်များ၊ နာမည်ကတ် (Name Card) များ၊ အမှတ်တံဆိပ် (Name Badge) များနှင့် ဓာတ်ပုံများကို ဖြတ်တောက်ရန် ထုတ်လုပ်ထားသောပစ္စည်းလေးဖြစ်ပါသည်။ Cutting Size: 85.6 x 54mm (Standard ID Card/Credit Card size) ဖြစ်သောကြောင့် ကတ်အရွယ်အစား အတိအကျကို တစ်ခါတည်း ရရှိစေပါသည်။ Cutting Thickness:0.1mm မှ 1mm အထူအထိ ကောင်းမွန်စွာ ဖြတ်တောက်ပေးနိုင်ပြီး စက်တစ်ခုလုံးကို သံမဏိ/သတ္တုဖြင့် ခိုင်ခံ့စွာ တည်ဆောက်ထားသောကြောင့် တာရှည်အသုံးခံပါသည်။ ဖြတ်တောက်သည့် ဓားသွားကို အရည်အသွေးမြင့် စတီးလ်ဖြင့် ပြုလုပ်ထားသောကြောင့် တိကျပြီး ပြတ်သားသော အနားသတ်များကို ရရှိစေပါသည်။

B4 Paper Cutter
130,000 Ks

B4 Paper Cutter လေးသည် အရည်အသွေးမြင့် Metal Base နဲ့ ပြုလုပ်ထားလို့ ခိုင်ခံ့မှုရှိပြီး တိကျတဲ့ဖြတ်တောက်မှုတွေကို ပေးစွမ်းနိုင်မယ့်ပစ္စည်းလေးဖြစ်ပါသည်။ Base ပေါ်တွင် B4, A4, B5, B7 စတဲ့ Paper Size Indicators များပါရှိလို့ လိုချင်တဲ့ဆိုဒ်အတိုင်း တိတိကျကျ ဖြတ်ပေးနိုင်ပါသည်။ တစ်ကြိမ်လျှင် 80gsm စာရွက် (၁၂) ချပ်အထိ အလွယ်တကူ ဖြတ်တောက်နိုင်ပါသည်။ အသုံးမပြုသည့်အချိန်တွင် ဓားသွားကို Lock ချထားနိုင်တဲ့ Safety Locking Device ပါဝင်လို့ ဘေးအန္တရာယ်ကင်းစေပါသည်။ ရုံးလုပ်ငန်းများ၊ မိတ္တူဆိုင်များ၊ ကျောင်းများနှင့် အိမ်သုံးအတွက်ပါ အထူးသင့်လျော်ပြီး Photo, Document, Card နှင့် Poster များကို အစွန်းအထွက်မရှိ သေသပ်စွာ ဖြတ်ပေးနိုင်မည့် Cutter လေးဖြစ်ပါသည်။

Laminator YT-320/330 Plastic Machine
400,000 Ks

Laminator YT-320/330 Plastic Machine သည် ရုံးသုံး၊ မိတ္တူဆိုင်သုံးနှင့် တစ်ကိုယ်ရေသုံးအတွက် အလွန်လူကြိုက်များသော Heavy Duty အမျိုးအစား Laminating Machine ဖြစပါသည်။အပူပေးပြီး အုပ်ခြင်း (Hot) သာမက၊ အပူပေးရန်မလိုသော ပလတ်စတစ်များအတွက် (Cold) စနစ် နှစ်မျိုးစလုံး အသုံးပြုနိုင်သည်။ပလတ်စတစ်အုပ်နေစဉ် တစ်ခုခုညပ်ပါက နောက်ပြန်လှည့်ထုတ်နိုင်သည့် (Forward/Backward) ခလုတ် ပါဝင်သည်။အပူချိန်ကို စိတ်ကြိုက်ချိန်ညှိနိုင်သော ခလုတ် (Knob) ပါဝင်သဖြင့် ပလတ်စတစ်အသား အထူအပါးပေါ်မူတည်၍ ချိန်ညှိနိုင်သည်။Roller ၄ ခုပါဝင်သောကြောင့် ပလတ်စတစ်အုပ်ရာတွင် လေခိုခြင်းမရှိဘဲ ညီညာချောမွေ့စေသည်။

Oliver S606B Paper Shredder (Straight Cut,5 Sheet,10L)
280,000 Ks

Oliver S606B Paper Shredder  လေးသည် ရုံးလုပ်ငန်းသုံးနှင့် လုပ်ငန်းခွင်သုံးအတွက် အထူးဒီဇိုင်းထုတ်ထားပြီး အရေးကြီးစာရွက်စာတမ်းများကို စိတ်ချရဆုံး ဖျက်ဆီးပေးနိုင်မည့် ပစ္စည်းလေးဖြစ်ပါသည်။ Cross-Cut စနစ်ဖြစ်ပြီး စာရွက်များကို အပိုင်းအစလေးများဖြစ်အောင် ဖျက်ဆီးပေးသည့်အတွက် အချက်အလက်များ ပြန်လည်ရယူရန် မဖြစ်နိုင်တော့ဘဲ လုံခြုံရေးအဆင့်အတန်း မြင့်မားပါသည်။ 10 Liters ရှိသော အမှိုက်ပုံးပါဝင်သည့်အတွက် အကြိမ်ခဏခဏ သွန်ပစ်ရန်မလိုဘဲ အချိန်အတော်ကြာ အသုံးပြုနိုင်ပါသည်။ စာရွက်များအပြင် Credit Card များ၊ Staples များ နှင့် Paper Clips များကိုပါ ထည့်သွင်းဖျက်ဆီးနိုင်သော သံမဏိဓားသွားများ ပါဝင်ပါသည်။ 

Oliver C281P-18 Paper Shredder (Cross Cut,18 Sheets,20L)
1,850,000 Ks

Oliver C281P-18 Paper Shredder လေးသည် ရုံးလုပ်ငန်းသုံးနှင့် လုပ်ငန်းခွင်သုံးအတွက် အထူးဒီဇိုင်းထုတ်ထားပြီး အရေးကြီးစာရွက်စာတမ်းများကို စိတ်ချရဆုံး ဖျက်ဆီးပေးနိုင်မည့် ပစ္စည်းလေးဖြစ်ပါသည်။ တစ်ကြိမ်လျှင် စာရွက် 18 ရွက် (A4 80g) အထိ တစ်ပြိုင်နက် ဖျက်ဆီးပေးနိုင်ပါသည်။ Cross-Cut စနစ်ဖြစ်ပြီး စာရွက်များကို အပိုင်းအစလေးများဖြစ်အောင် ဖျက်ဆီးပေးသည့်အတွက် အချက်အလက်များ ပြန်လည်ရယူရန် မဖြစ်နိုင်တော့ဘဲ လုံခြုံရေးအဆင့်အတန်း မြင့်မားပါသည်။ 20 Liters ရှိသော အမှိုက်ပုံးပါဝင်သည့်အတွက် အကြိမ်ခဏခဏ သွန်ပစ်ရန်မလိုဘဲ အချိန်အတော်ကြာ အသုံးပြုနိုင်ပါသည်။ စာရွက်များအပြင် Credit Card များ၊ Staples များ နှင့် Paper Clips များကိုပါ ထည့်သွင်းဖျက်ဆီးနိုင်သော သံမဏိဓားသွားများ ပါဝင်ပါသည်။ စာရွက်ညှပ်ခြင်း (Paper Jam) မဖြစ်စေရန် Reverse ခလုတ်များ ပါဝင်သလို၊ အမှိုက်ပုံးပြည့်လျှင်လည်း အလွယ်တကူ ဆွဲထုတ်သွန်ပစ်နိုင်တာကြောာင့် အသုံးပြုရာတွင် အဆင်ပြေလွယ်ကူစေပါသည်။

Deli T023 Paper Shredder
405,000 Ks

Deli T023 သည် အိမ်သုံးနှင့် ရုံးခန်းငယ်များအတွက် ထုတ်လုပ်ထားသော Cross-cut အမျိုးအစား စက္ကူဖျက်စက်ဖြစ်ပြီး ယခင်က မော်ဒယ်များထက် အသုံးပြုနိုင်သည့်ကြာချိန် (Runtime) ပိုမိုကောင်းမွန်လာသည့် မော်ဒယ်ဖြစ်ပါသည်။တစ်ကြိမ်လျှင် စက္ကူ ၈ ရွက် (8 sheets) အထိ ဖြတ်နိုင်ပါသည်။ဆက်တိုက် ၁၀ မိနစ် (10 mins) အထိ အသုံးပြုနိုင်ပါသည်။ Shred Size: 4 x25 mm အမှုန်လေးများ ဖြစ်အောင် ဖြတ်ပေးသဖြင့် လုံခြုံရေးအဆင့် P-4 ရှိပါသည်။အမှိုက်ပုံးအရွယ်အစားမှာ ၁၅ လီတာ (15L) ဆန့်ပါသည်။ အမှိုက်ပုံးအတွင်း စက္ကူအမှုန်များ ပြည့်/မပြည့် ကြည့်နိုင်ရန် အလင်းပေါက် ပြတင်းပေါက် ပါဝင်ပါသည်။စက်ပူခြင်းမှ ကာကွယ်ပေးသည့် Overheat Protection နှင့် စက်မီးမလောင်အောင် ကာကွယ်ထားသော Flame retardant materials များဖြင့် တည်ဆောက်ထားပါသည်။ဆူညံသံမှာ 70dB အောက် သာရှိသဖြင့် ရုံးခန်းထဲတွင် အသုံးပြုလျှင်လည်း အနှောင့်အယှက် သိပ်မဖြစ်စေပါ။

Deli T021 Paper Shredder
374,000 Ks

Deli T021 သည် အိမ်သုံးနှင့် ရုံးခန်းငယ်များအတွက် အထူးသင့်လျော်သော Cross-cut အမျိုးအစား စက္ကူဖျက်စက် ဖြစ်ပါသည်။ စက္ကူများကို အပိုင်းအစလေးများဖြစ်အောင် ပိုမိုမြန်ဆန်စွာ ဖျက်ဆီးပေးနိုင်ပါသည်။တစ်ကြိမ်လျှင် စက္ကူ ၈ ရွက် (8 sheets) အထိ ဖြတ်နိုင်ပါသည် (T014 ထက် ၃ ရွက် ပိုဖြတ်နိုင်ပါသည်)။Cross-cut ဖြစ်ပြီး အပိုင်းအစအရွယ်အစားမှာ 4 x 25 mm ဖြစ်သဖြင့် လုံခြုံရေးအဆင့် Level 4 ရှိပါသည်။ဆက်တိုက် ၅ မိနစ် ခန့် အသုံးပြုနိုင်ပါသည်။အမှိုက်ပုံးမှာ ၁၂ လီတာ (12L) ဆန့်ပြီး စက္ကူအပိုင်းအစ မည်မျှရှိသည်ကို မြင်နိုင်ရန် ကြည်လင်သော ပြတင်းပေါက် (Bin Window) ပါဝင်ပါသည်။အလေးချိန် ၄.၁ ကီလိုဂရမ်ခန့် ရှိပြီး ကျစ်လျစ်ခိုင်ခံ့သော ဒီဇိုင်းဖြစ်ပါသည်။စက္ကူထည့်လျှင် အလိုအလျောက် သိရှိပြီး အလုပ်လုပ်ပေးမည့် Infrared Sensor ပါဝင်ပါသည်။စက်ပူလာလျှင် အလိုအလျောက် ရပ်ပေးမည့် Overheating Protection ပါဝင်ပါသည်။ဆူညံသံမှာ 70dB အောက် သာ ရှိသဖြင့် အသုံးပြုရာတွင် အသံကျယ် ထွက်မှာ စိတ်ပူစရာမလိုပါဘူး။

product_img1
  • " data-item-price="227,000 Ks" data-item-avail="" data-item-availdesc="">
Deli T014 Paper Shredder
227,000 Ks

Deli T014 သည် အိမ်သုံးနှင့် ရုံးခန်းငယ်များအတွက် အထူးသင့်လျော်သော Cross-cut အမျိုးအစား စက္ကူဖျက်စက် (Paper Shredder) တစ်ခု ဖြစ်ပါသည်။ စက္ကူများကို အစင်းလိုက်မဟုတ်ဘဲ အပိုင်းအစလေးများဖြစ်အောင် ဖြတ်တောက်ပေးနိုင်သည့်အတွက် လုံခြုံရေး ပိုမိုစိတ်ချရသော မော်ဒယ်ဖြစ်ပါသည်။4x30 mm ခန့်ရှိသော အပိုင်းအစလေးများအထိ ဖြတ်ပေးနိုင်ပါသည်။တစ်ကြိမ်လျှင် စက္ကူ ၅ ရွက် (70gsm) အထိ ဖြတ်နိုင်ပါသည်။တစ်မိနစ်လျှင် ၂ မီတာနှုန်းဖြင့် မြန်ဆန်စွာ ဖျက်ဆီးပေးနိုင်ပါသည်။ဖြတ်ပြီးသား အမှုန်များထည့်ရန် ၁၂ လီတာ (12L) ဆန့်သည့် အမှိုက်ပုံး ပါဝင်ပါသည်။အရွယ်အစားမှာ ကျစ်လျစ်သဖြင့် စားပွဲအောက် သို့မဟုတ် ထောင့်ကျကျနေရာများတွင် ထားရှိရန် အဆင်ပြေပါသည်။စက္ကူထည့်လိုက်သည်နှင့် အလိုအလျောက် အလုပ်လုပ်ပြီး စက္ကူကုန်သွားပါက အလိုအလျောက် ရပ်တန့်သွားပါသည်။စက်ပူလာပါက အလိုအလျောက် ရပ်တန့်ပေးသည့်စနစ် ပါဝင်သဖြင့် စက်လောင်ခြင်းမှ ကာကွယ်ပေးပါသည်။က္ကူညပ်သွားပါက ပြန်ထုတ်နိုင်ရန် "Reverse" (ပြောင်းပြန်လှည့်) ခလုတ် ပါဝင်ပါသည်။

product_img1
  • " data-item-price="113,000 Ks" data-item-avail="" data-item-availdesc="">
Deli 8014 A4 Paper Cutter
113,000 Ks

Deli 8014 သည် A4 ဆိုဒ် အတွက် အထူးထုတ်လုပ်ထားသည့် စက္ကူဖြတ်စက် ဖြစ်ပါသည်။ နေရာအများကြီးမယူဘဲ အသုံးပြုရ လွယ်ကူသောကြောင့် ရုံးခန်းငယ်များနှင့် အိမ်သုံးအတွက် အလွန်လူကြိုက်များပါသည်။300mm x 250mm (12" x 10") ရှိသဖြင့် A4 စက္ကူများကို အပြည့်အဝ ဖြတ်နိုင်ပါသည်။ခိုင်ခံ့သော Steel (စတီးကိုယ်ထည်) ဖြစ်ပြီး အဖြူရောင် သို့မဟုတ် မီးခိုးဖျော့ရောင် (White Ash) ဖြင့် လာတတ်ပါသည်။ကိုယ်ထည်ပေါ်တွင် A4, B5, A5, B6, B7 ဆိုဒ်များအတွက် အမှတ်အသားများ တိတိကျကျ ပါဝင်သည်။တစ်ကြိမ်ဖြတ်လျှင် စက္ကူအထူ/အပါးပေါ်မူတည်၍ ၁၀ ရွက်မှ ၁၂ ရွက် (70gsm - 80gsm) အထိ ဖြတ်နိုင်ပါသည်။

Deli 8012 A3 Paper Cutter
220,000 Ks

Deli 8012 သည် A3 ဆိုဒ်အထိ ဖြတ်နိုင်သော စတီးကိုယ်ထည်ဖြင့် ပြုလုပ်ထားသည့် Guillotine အမျိုးအစား စက္ကူဖြတ်စက် ဖြစ်ပါတယ်။ ရုံးသုံး၊ ကျောင်းသုံးနှင့် ပုံနှိပ်လုပ်ငန်းအသေးစားများအတွက် အလွန်သင့်တော်တဲ့ မော်ဒယ်တစ်ခု ဖြစ်ပါတယ်။ခိုင်ခံ့တဲ့ Cold-rolled Steel (စတီးကိုယ်ထည်) နဲ့ ပြုလုပ်ထားလို့ ကြာရှည်အသုံးခံပြီး အလေးချိန်စီးတဲ့အတွက် စက္ကူဖြတ်ချိန်မှာ ငြိမ်ပါတယ်။စက္ကူဆိုဒ်အမျိုးမျိုး (A3, B4, A4, B5, A5, B6, B7) ကို တိတိကျကျ ဖြတ်နိုင်ဖို့အတွက် စင်တီမီတာရော လက်မပါ ပါဝင်တဲ့ တိုင်းတာချက်မျဉ်းကြောင်းများကို ကိုယ်ထည်ပေါ်မှာ ရိုက်နှိပ်ပေးထားပါတယ်။အောက်ခြေမှာ ရာဘာခြေထောက်များ ပါဝင်လို့ စားပွဲပေါ်မှာ ချော်မထွက်အောင် ထိန်းပေးထားပါတယ်။တစ်ကြိမ်ဖြတ်လျှင် စက္ကူအထူ/အပါးပေါ်မူတည်ပြီး ၁၀ ရွက်မှ ၁၂ ရွက်ခန့် (70gsm/80gsm) အထိ ဖြတ်နိုင်ပါတယ်။

 

Oliver CD222P-8 Paper Shredder (Cross Cut,9 Sheets,13L)
570,000 Ks

Oliver CD222P-8 Paper Shredder လေးသည် Shredding Capacity: 13Liters ဝင်ဆံ့ပြီး အိမ်သုံးနဲ့ ရုံးခန်းငယ်လေးတွေအတွက် သင့်တော်တဲ့ Cross-Cut Paper Shredder အမျိုးအစားဖြစ်ပါသည်။ တစ်ကြိမ်တွင် တစ်ခါတည်း A4 စာရွက် ၈ရွက်အထိ ဖျက်ဆီးနိုင်ပြီး Shred Size: ≈ 4 × 39 မီလီမီတာ အရွယ်အစားရှိတဲ့ အပိုင်းအစလေးတွေအဖြစ် ဖြတ်တောက်ပေးနိုင်ပါသည်။ Staples တွေနဲ့ Credit Card တွေကိုပါ ဖျက်ဆီးနိုင်တဲ့အပြင် CD တွေကိုလည်း ဖျက်ဆီးနိုင်ပြီး Noise Level: ≤ 68 dB နဲ့မို့ အသုံးပြုရာတွင် တိတ်ဆိတ်စွာအသုံးပြုနိုင်ပါသည်။ Cross-cut shredder တွေဟာ စာရွက်တွေကို ရှည်လျားတဲ့ အစင်းကြောင်းတွေအဖြစ် shred လုပ်တဲ့ Strip-Cut shredder တွေထက် ပိုမိုသေးငယ်တဲ့ အပိုင်းအစလေးတွေ (particles) အဖြစ် ဖြတ်တောက်ပေးနိုင်ပြီး အသုံးပြုရာတွင် အဆင်ပြေလွယ်ကူစေမည့် ပစ္စည်းလေးဖြစ်ပါသည်။

Oliver CD218P-10 Paper Shredder
418,000 Ks

Oliver CD218P-10 Paper Shredder ဟာ အိမ်သုံးနဲ့ ရုံးခန်းငယ်လေးတွေအတွက် သင့်တော်တဲ့ Cross-Cut Paper Shredder အမျိုးအစားဖြစ်ပါတယ်။Cross-cut shredder တွေဟာ စာရွက်တွေကို ရှည်လျားတဲ့ အစင်းကြောင်းတွေအဖြစ် shred လုပ်တဲ့ Strip-Cut shredder တွေထက် ပိုမိုသေးငယ်တဲ့ အပိုင်းအစလေးတွေ (particles) အဖြစ် ဖြတ်တောက်ပေးပါတယ်။စာရွက်ကို 4mm x 35mm အရွယ်အစားရှိတဲ့ အပိုင်းအစလေးတွေအဖြစ် ဖြတ်တောက်ပေးတာပါ။တစ်ခါတည်း A4 စာရွက် ၁၀ ရွက်အထိ ဖျက်ဆီးနိုင်ပါတယ်။ Staples တွေနဲ့ Credit Card တွေကိုပါ ဖျက်ဆီးနိုင်ပြီး CD တွေကိုလည်း ဖျက်ဆီးနိုင်ပါတယ်။ဖျက်ဆီးထားတဲ့ စာရွက်အပိုင်းအစတွေကို စုဆောင်းတဲ့ ပုံးရဲ့ ပမာဏက 21 လီတာ ရှိတာကြောင့် မကြာခဏ အမှိုက်သွန်စရာ မလိုပါဘူး။စာရွက်ထည့်တဲ့ နေရာရဲ့ အကျယ် 220mm ရှိတာကြောင့် A4 အရွယ်အစား စာရွက်တွေကို အလွယ်တကူ ထည့်နိုင်ပါတယ်။