Air Fryer Reset
81 ETO-88K Digital Air Fryer (8L)
740,000 Ks

81 ETO-88K Digital Air Fryer (8L) သည်အပေါ်ဘက်မှာ Digital Display ပါဝင်ပြီး Touch စနစ်နဲ့ အပူချိန်နဲ့ အချိန်ကို လွယ်လွယ်ကူကူ ချိန်ညှိနိုင်ပါတယ်။ချက်ပြုတ်နေစဉ်အတွင်း အထဲက အစာတွေ ကျက်/မကျက်ကို အဖုံးဖွင့်ကြည့်စရာမလိုဘဲ အပြင်ကနေ မှန်ကတဆင့် မြင်တွေ့နိုင်ပါတယ်။ဆီအနည်းငယ်သာ သုံးရတာ ဒါမှမဟုတ် ဆီ လုံးဝသုံးစရာမလိုဘဲ ကြော်လှော်နိုင်တဲ့အတွက် ဆီကြော်စာတွေကို ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးနိုင်ပါတယ်။အထဲက ခြင်း (Basket) ကို အလွယ်တကူ ထုတ်ယူလို့ရပြီး Non-stick coating ပါတဲ့အတွက် ဆေးကြောရတာ လွယ်ကူပါတယ်။

Aconatic AN-AFY6013 Air Fryer (6L)
509,000 Ks

Aconatic AN-AFY6013 မှာတော့ Capacity 6 Liter ဝင်ဆန့်ပြီး Power 1850 W နဲ့အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ ကြက်ပဲကြော်ကြော်၊ အာလူးပဲကြော်ကြော် စိတ်ကြိုက် ကြော်လှော်ချက်လို့ရပြီး ဆီအများကြီးသုံးစရာမလိုတာမို့ အိမ်ရှင်မတွေ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

81 ETO-09K Air Fryer
468,000 Ks

81 ETO-09K Air Fryer မှာတော့ Capacity 6 Liter ထိ ဝင်ဆံ့ပြီး အာလူးကြော်/ ကြက်ကင်/ ကိတ်မုန့်/ ပူတင်းဖုတ် /စတဲ့ ကင်တာ ကြော်တာတွေကို ဆီနဲနဲလေးသုံးရုံနဲ့ Function အစုံအသုံးပြုနိုင်တဲ့အပြင် Timer ပေးထားလို့ရပြီး လိုချင်တဲ့အပူချိန်ကို ချိန်ညှိလို့ရတာကြောင့် အချိန်ကုန်၊ လူပင်ပန်းသက်သာစေမှာဖြစ်ပါသည်။

Midea MF-CN55D2 Air Fryer
350,000 Ks

Midea MF-CN55D2 Air Fryer မှာတော့ Capacity 4.7 L နဲ့ ဖြစ်ပြီး 1700W နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ Adjustable temperature  200 ℃  ထိ ချိန်ညှိနိုင်ပြီး အသုံးပြုရ အဆင်ပြေတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။

81 ETO-08K Manual Air Fryer (4L)
422,000 Ks

81 ETO-08K Air Fryer ကတော့ ဆီအနည်းငယ်သုတ်ပေးယုံနဲ့ ကြော်မလား ကင်မလား ပြည့်စုံကောင်းမွန်တဲ့ အရသာကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ကြက် ၊ ဘဲ ၊ ငါး တစ်ကောင်လုံးဆံ့ပြီး အညှော်နံ့လုံးဝမထွက် မတူး မကပ်တဲ့အပြင် ကန်စွန်းဥ , ကြာစွယ် , ပြောင်းဖူး , မြေပဲစံ , ခရမ်းသီးမီးကင် , ခရမ်းချဉ်သီးမီးဖုတ် တို့ကိုပါ လုပ်စားလို့ရခြင်း စသည်တို့ကို ရေးထားတဲ့ အပူချိန်အချိုးအစားအတိုင်း ချက်ပြုတ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။