Humidifier Reset
Mantis MTH-231 Diffuser (500ml)
170,000 Ks

Mantis MTH-231 Diffuser လေးကတော့ လတ်ဆတ်တဲ့ လေထုနဲ့ ရနံ့သင်းပျံ့တဲ့ ဝန်းကျင်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။Circle Mist Outlet နဲ့ ရေငွေ့ထွက်အားကောင်းမွန်ပြီး အမြင်လည်းဆန်းတော့ Spa, Yoga, ရုံးခန်း, ဧည့်ခန်းနဲ့ ဆိုင်တွေစတဲ့ ဘယ်နေရာမဆို၊ ဘယ်လိုအနေအထားမျိုးမှာမဆို လွယ်ကူထိရောက်စွာနဲ့အသုံးပြုနိုင်ပါတယ်။Capacity 500ml ဆန့်ပြီး Mist ချိန်လို့လည်းရမှာဖြစ်ပါတယ်။ညဘက်ဆို မီးအိမ်လေးလို ရောင်စုံမီးတွေနဲ့ လှပနေပြီး Timer, Water Short Protection ပါတော့ ရေကုန်သွားလည်း စိုးရိမ်စရာမလိုပါဘူး။တစ်နေ့လုံး၊ တစ်ညလုံး ကိုယ်ရော စိတ်ပါ ကျန်းမာပြီး စိတ်အစဉ်မှာ အမြဲတမ်း ငြိမ်းချမ်း လန်းဆန်းနေစေဖို့အတွက် အနီးအနားထားကာ အသုံးပြုနိုင်ပါတယ်။

Deerma DEM-F327W Humidifier (5L)
390,000 Ks

Deerma DEM-F327W Humidifier (5L) ကတော့ 5 Liters ဝင်ဆံ့တာကြောင့် တစ်ညလုံး အေးအေးဆေးဆေး အသုံးခံပါတယ်။ရေထဲမှာပါတဲ့ ဘက်တီးရီးယားတွေကို သတ်ပေးတဲ့ UV အလင်းတန်း ပါဝင်လို့ ထွက်လာတဲ့ အခိုးအငွေ့က ပိုပြီး သန့်စင်ပါတယ်။ရေတိုင်ကီက အကြည်ရောင်ဖြစ်လို့ ရေဘယ်လောက်ကျန်လဲဆိုတာ အလွယ်တကူ မြင်ရသလို၊ အတွင်းထဲမှာ အလှဆင်ပစ္စည်းလေးတွေ (ဥပမာ-ပန်းပွင့်အတု) ထည့်ထားလို့ရတဲ့ အလှပြ ဒီဇိုင်းမျိုးပါ။အခန်းတွင်း အပူချိန်နဲ့ အစိုဓာတ်ကို ဖော်ပြပေးတဲ့ Screen ပါဝင်ပါတယ်။၁ နာရီကနေ ၁၂ နာရီအထိ ပိတ်မယ့်အချိန်ကို ကြိုတင်သတ်မှတ်ထားလို့ ရပါတယ်။အခိုးအငွေ့ထွက်နှုန်းကို ၃ ဆင့် (Low, Medium, High) ညှိလို့ရပါတယ်။အသံဆူညံမှုက 36dB ဝန်းကျင်ပဲ ရှိတာကြောင့် အိပ်စက်ချိန်မှာ အနှောင့်အယှက် မဖြစ်ပါဘူး။ရေကုန်သွားရင် စက်အလိုအလျောက် ပိတ်သွားတဲ့ စနစ်ပါဝင်လို့ မီးဘေးအန္တရာယ် ကင်းပါတယ်။

Deerma F600 Air Ultrasonic Humidifier (5L)
265,000 Ks

Deerma F600 Air Ultrasonic Humidifier လေးကတော့ 5L Capacity ဝင်ဆံ့တဲ့အတွက် တစ်ခါဖြည့်ထားရင် ၁၂ နာရီကနေ ၁၅ နာရီ အထိ တစ်နေကုန်/တစ်ညလုံး အေးအေးဆေးဆေး အသုံးပြုနိုင်ပါတယ်။ရေကို အလွန်သေးငယ်တဲ့ မြူမှုန်လေးတွေ (Mist) အဖြစ် ပြောင်းလဲပေးတဲ့ Ultrasonic Technologyကြောင့် ပရိဘောဂတွေ ရေစိုထိုင်းတာမျိုးမဖြစ်ဘဲ လေထုကို စိုစွတ်စေပါတယ်။ခေတ်မီတဲ့ Touch Screen ပါဝင်ပြီး အခန်းတွင်း အပူချိန်ကိုလည်း ပြသပေးပါတယ်။Essential Oil ထည့်ဖို့ Aromatherapy Tray သီးသန့် အကန့်လေး ပါဝင်ပါတယ်။

product_img1
  • " data-item-price="615,000 Ks" data-item-avail="" data-item-availdesc="">
Smartmi Humidifier Rainforest
615,000 Ks

Smartmi Humidifier Rainforest ဟာ ရေငွေ့ပျံခြင်းနည်းပညာ (Evaporative Humidification) ကို အခြေခံပြီး တမူထူးခြားတဲ့ ဒီဇိုင်းနဲ့ "မိုးရွာနေတဲ့ မြင်ကွင်း" (Rainview) အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ Smart Humidifier တစ်ခု ဖြစ်ပါတယ်။3 လီတာဆံ့တဲ့ ရေတိုင်ကီ ပါဝင်တာကြောင့် တစ်ခါဖြည့်ထားရင် ၁၅ နာရီအထိ ဆက်တိုက် အသုံးပြုနိုင်ပါတယ်။တစ်နာရီကို 200ml အထိ ရေငွေ့ထုတ်လွှတ်နိုင်ပါတယ်။ရေဖြည့်ရတာ အလွန်လွယ်ကူပါတယ်။ အပေါ်ကနေ တိုက်ရိုက် လောင်းထည့်လိုက်ရုံပါပဲ။ LED display ပေါ်မှာ ရေပမာဏကို အချိန်နဲ့တပြေးညီ ပြသပေးပါတယ်။ဖုန်းအက်ပ်ကနေတဆင့် အဝေးထိန်းချုပ်နိုင်ပါတယ်။ စိုထိုင်းဆအဆင့် ညှိတာ၊ လုပ်ဆောင်ချက် Mode တွေ ရွေးတာ၊ Timer ထားတာ စတာတွေကို လုပ်နိုင်ပါတယ်။Google Assistant, Amazon Alexa, Apple HomeKit တို့နဲ့ ချိတ်ဆက်ပြီး အသံနဲ့ ထိန်းချုပ်နိုင်ပါတယ်။ Apple HomeKit နဲ့ ပိုမိုကောင်းမွန်စွာ ပေါင်းစပ်နိုင်ပါတယ်။

Smartmi Evaporative Humidifier 3
500,000 Ks

Smartmi Evaporative Humidifier 3 ဟာ သင့်အိမ်တွင်းလေထုကို ကျန်းမာရေးနဲ့ညီညွတ်စွာ စိုစွတ်စေဖို့အတွက် ထုတ်လုပ်ထားတဲ့ Smart Humidifier တစ်ခုဖြစ်ပါတယ်။ရေငွေ့ပျံခြင်းနည်းပညာကို အသုံးပြုထားတာကြောင့် မြူမှုန်တွေ မထွက်ဘဲ သဘာဝအတိုင်း လေကို စိုစွတ်စေပါတယ်။ ဒါ့အပြင် အဖြူရောင်အမှုန်အမွှား (calcium particles) တွေ ထွက်ပေါ်ခြင်းကိုလည်း ကာကွယ်ပေးတဲ့အတွက် ပရိဘောဂတွေပေါ်မှာ အစွန်းအထင်း မဖြစ်စေပါဘူး။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဓာတ်မတည့်တတ်သူတွေအတွက် သင့်တော်ပါတယ်။5 လီတာဆံ့တဲ့ ရေတိုင်ကီပါဝင်တာကြောင့် ရေအမြဲဖြည့်နေစရာမလိုဘဲ ၁၄ နာရီအထိ ဆက်တိုက် အသုံးပြုနိုင်ပါတယ်။တစ်နာရီကို 350ml အထိ ရေငွေ့ထုတ်လွှတ်နိုင်ပါတယ်။အဖုံးကို ဖွင့်စရာမလိုဘဲ အပေါ်ကနေ တိုက်ရိုက် ရေဖြည့်သွင်းနိုင်တဲ့အတွက် အသုံးပြုရ လွယ်ကူပါတယ်။Mi Home အက်ပ်ကနေတဆင့် အဝေးထိန်းချုပ်နိုင်ပါတယ်။ ဖွင့်/ပိတ်၊ စိုထိုင်းဆအဆင့်ညှိ၊ Timer ထား၊ Child Lock ဖွင့်/ပိတ် စတာတွေ လုပ်နိုင်ပါတယ်။Google Assistant, Amazon Alexa, Yandex Alice တို့နဲ့ ချိတ်ဆက်ပြီး အသံနဲ့ ထိန်းချုပ်နိုင်ပါတယ်။ရေကုန်ခါနီးရင် ကျန်ရှိတဲ့ရေတွေကို အလိုအလျောက် အငွေ့ပျံအောင် လုပ်ပေးပြီး ဘက်တီးရီးယားတွေ ပေါက်ပွားခြင်းကို ကာကွယ်ပေးပါတယ်။

Midea MDDM-20DEN7 Dehumidifer (R-290 Gas)
991,000 Ks

Midea ကထုတ်လုပ်ထားတဲ့ MDDM-20DEN7 မှာတော့ Water tank volume 20liters ရှိပြီး အခန်းတွင်း ရေခိုးရေငွေ့ စိုစွတ်မှုများ လျှော့ချနိုင်ပေးတာကြောင့် သက်တောင့်သက်သာရှိတဲ့ အခန်းတွင်းအပူချိန်ရရှိစေပြီး လေထုကိုသန့်စင်စေပါသည်။ မိမိတို့ရဲ့တန်ဖိုးရှိပစ္စည်းများ အစိုပြန်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် သုံးစွဲရလွယ်ကူပြီး မီးအားစားသက်သာတာကြောင့် အသုံးစရိတ်လည်း သက်သာစေပါသည်။

Deerma Humidefier (F628S )UV Lamp Sterilization
360,000 Ks

Deerma Humidefier လေးမှာတော့ 99.9% UV-C Sterilization နည်းပညာပါတဲ့အတွက် ရေငွေ့ထုတ်တဲ့အခါ ရေထဲမှာပါတဲ့ပိုးမွှားတွေကိုပါ 99.9% ထိသန့်စင်ပေးတာကြောင့် အဆင်ပြေတဲ့ Humidefier လေးဖြစ်ပါတယ်။