Coffee Maker Reset
Prato PRT-CM-3149 Coffee Maker (1.5L)
125,000 Ks

Prato PRT-CM-3149 Coffee Maker (1.5L) သည် 1.5 Liter ဆံ့တဲ့အတွက် တစ်ကြိမ်ဖျော်ရုံနဲ့ ကော်ဖီ (၁၀) ခွက်ကနေ (၁၂) ခွက်အထိ ရရှိနိုင်ပါတယ်။ရေပမာဏကို အလွယ်တကူ ကြည့်ရှုနိုင်တဲ့ water level indicator ပါဝင်ပြီး ခိုင်ခံ့တဲ့ ဖန်ကရား (glass carafe) ကို အသုံးပြုထားပါတယ်။ကော်ဖီဖျော်ပြီးသွားရင်လည်း အချိန်အတော်ကြာ နွေးနေအောင် ထိန်းသိမ်းပေးမယ့် heating plate ပါဝင်ပါတယ်။ကော်ဖီဖျော်နေစဉ်အတွင်း ဖန်ကရားကို ခေတ္တထုတ်ယူလိုက်ရင်လည်း ကော်ဖီစက်အပြင်ကို ဖိတ်စင်ခြင်းမရှိအောင် ကာကွယ်ပေးတဲ့စနစ် ပါရှိပါတယ်။အလွယ်တကူ ဖြုတ်ဆေးလို့ရတဲ့ filter basket ပါဝင်ပါတယ်။

Beko CEG7304X Automatic Coffee Machine
3,299,000 Ks

Beko CEG7304X Automatic Coffee Machine လေးသည် အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် Barista လက်ရာအတိုင်း ကော်ဖီကောင်းကောင်းကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ သောက်သုံးနိုင်အောင် ဖန်တီးထားတဲ့ Compact ဖြစ်ပြီး ခေတ်မီတဲ့ စက်တစ်လုံးဖြစ်ပါသည်။ နို့အမြှုပ်ထွက်စနစ် ပါဝင်တာကြောင့် Espresso တစ်မျိုးတည်းတင်မကဘဲ Cappuccino နဲ့ Latte တို့ကိုပါ အလွယ်တကူ ဖျော်စပ်နိုင်ပါသည်။ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကော်ဖီစေ့ကြိတ်တာကအစ ဖျော်စပ်တဲ့အထိ အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပြီး ကော်ဖီရဲ့ အရသာနဲ့ အနံ့ (Aroma) ကို အပြည့်အဝရရှိစေဖို့ ဖိအား ၁၉ ဘားအထိ အသုံးပြုထားပါသည်။ ကော်ဖီစေ့ကို ကြိတ်တဲ့အခါ အမှုန့်ညက်မှု အဆင့် ၅ ဆင့်အထိ စိတ်ကြိုက်ချိန်ညှိနိုင်တဲ့အပြင် အကျယ် ၁၉ စင်တီမီတာသာ ရှိတာကြောင့် နေရာစားသက်သာပြီး ဘယ်နေရာမှာမဆို ထားရှိရလွယ်ကူစေပါသည်။ အတွင်းပိုင်း ကော်ဖီချက်တဲ့ အစိတ်အပိုင်းကို အလွယ်တကူ ဖြုတ်ဆေးလို့ရတာကြောင့် သန့်ရှင်းရေးအတွက် စိတ်ချစွာ အသုံးပြုနိုင်မည့် ပစ္စည်းလေးဖြစ်ပါသည်။