Alpha ALW150A Top Load Washing Machine (15kg)
Alpha ALW150A Top Load Washing Machine လေးသည် Capacity 15kg ဝင်ဆံ့ပြီး စောင်၊ ခြင်ထောင် ကဲ့သို့သော အဝတ်အထည်အကြီးစားများကို လျှော်ဖွတ်ရန် အထူးသင့်လျော်ပါသည်။ အဝတ်လျှော်ချိန်တွင် 580W နှင့် အခြောက်ခံချိန်တွင် 450W တို့ဖြင့် အလုပ်လုပ်ပေးမှာဖြစ်ပါသည်။ IPX4 အဆင့်ရှိသောကြောင့် အဝတ်လျှော်စက်အနီးတွင် ရေစင်ခြင်း၊ ရေပက်ခြင်းတို့အတွက် စိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်။
Sharp ESX7021 Top Load Washing Machine (7.5kg)
Sharp ESX7021 Top Load Washing Machine လေးသည် Capacity 7.5kg ဝင်ဆံ့တာကြောင့် လူဦးရေ ၃ ဦးမှ ၅ ဦးခန့်ရှိသော မိသားစုများအတွက် သင့်တော်ပါသည်။ Power Input: 450W ဖြင့်အလုပ်လုပ်ပေးမှာဖြစ်တာကြောင့် မီးအားစားမှု့များမှလည်း သက်သာစေပါသည်။ Protection Level IPX4 အဆင့်ရှိသောကြောင့် အကြမ်းခံပြီး သံချေးတက်ခြင်းကို ကာကွယ်ပေးတဲ့ Stainless Steel ကိုအသုံးပြုပေးထားပါသည်။ အဖုံးကို ခိုင်ခံ့တဲ့မှန်သားနဲ့ ပြုလုပ်ထားပြီး ပိတ်လိုက်တဲ့အခါ ဖြည်းဖြည်းချင်းပဲ ပိတ်သွားမယ့် Soft-close စနစ်ကိုထည့်သွင်းပေးထားပါသည်။ Child Lock ပါဝင်တဲ့အပြင်၊ ကြွက်တွေဝင်ရောက်ပြီး ဝါယာကြိုးကိုက်တာမျိုး မဖြစ်အောင် Anti-Rat Base Cover လည်း တပ်ဆင်ပေးထားပါသည်။ မီးပျက်သွားရင်လည်း လုပ်ဆောင်ချက်တွေကို မှတ်သားထားနိုင်တဲ့ Power-Off Memory နဲ့ မီးပြန်လာရင် အလိုအလျောက် ပြန်စပေးမယ့် Auto Restart စနစ်တို့ ပါဝင်တာကြောင့် အိမ်ရှင်မတို့အကြိုက်တွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Hisense WFQ9514VJMT Front Load Washing Machine (9.5kg)
Hisense WFQ9514VJMT Front Load Washing Machine (9.5kg) သည် Inverter နည်းပညာကို သုံးထားတဲ့အတွက် ဆူညံသံနည်းပါးပြီး လျှပ်စစ်မီးကို ချွေတာပေးနိုင်ပါတယ်။ ရေရှည်ခံနိုင်ရည်ရှိတာကလည်း သူ့ရဲ့ အားသာချက်ပါ။အဝတ်လျှော်ပမာဏ 9.5kg အထိ ဆံ့တာကြောင့် စောင်အထူတွေနဲ့ အဝတ်အစား အမြောက်အမြားကို အလွယ်တကူ လျှော်ဖွတ်နိုင်ပါတယ်။ရေနွေးငွေ့နဲ့ လျှော်ဖွတ်ပေးတဲ့စနစ် ပါဝင်လို့ အဝတ်အစားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို 99.9% အထိ သေစေနိုင်ပြီး အရေးအကြောင်းဖြစ်တာကိုလည်း လျော့ပါးစေပါတယ်။အချိန်မရှိသူတွေအတွက် မိနစ်အနည်းငယ်အတွင်း အမြန်လျှော်ပေးနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်။အဝတ်လျှော်ကန်ရဲ့ အတွင်းပိုင်းကို နှင်းပွင့်ပုံစံ ဒီဇိုင်းဖော်ထားလို့ အဝတ်အစားတွေ မပျက်စီးအောင် ကာကွယ်ပေးပြီး အညစ်အကြေးတွေကို ပိုမိုစင်ကြယ်စေပါတယ်။
Midea MF100-W95B Front Load Washing Machine (9.5kg)
Midea MF100-W95B Front Load Washing Machine လေးကတော့ Smart Inverter Motor ဖြစ်တာကြောင့် မီးအားစားသက်သာစေပြီး တာရှည်ခံပါသည်။ Auto Pre‑Wash ပါဝင်ပြီး အထည်မှာ ကျန်ရှိနေသော အညစ်အကြေးများကို တခါတည်းသန့်စင်ပေးနိုင်ပါသည်။ Auto Restart ကြောင့် အသုံးပြုနေရင်းမီးပျက်သွားရင်တောင် ပြန်လည် ဖွင့်ချိန်တွင် စက်အလုပ်ကို မပြတ်တောက်ပဲ ဆက်လက်လည်ပတ်စေပါသည်။ အဝတ်လျှော်နေတုန်း ကျန်ခဲ့တဲ့ အဝတ်တွေကို ခေတ္တရပ်ပြီး ထည့်လို့ရတဲ့ Function ပါဝင်ပါတယ်။ 1200 RPM အဝတ်တွေကို ရေကုန်အောင် ကောင်းကောင်းညှစ်ပေးနိုင်ပါသည်။ အဝတ်တွေကို မလျှော်ခင် ရေနွေးငွေ့ (Steam) နဲ့ အပူပေးပြီး ပိုးသတ်ပေးတဲ့စနစ်ပါ။ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို ၉၉.၉% အထိ ဖယ်ရှားပေးနိုင်လို့ အရေပြား ယားယံတတ်သူတွေနဲ့ ကလေးငယ်တွေရှိတဲ့ အိမ်အတွက် အထူးကောင်းမွန်ပါသည်။
THOME TH-WT18W1698 18kg Fully Auto Washing Machine
THOME TH-WT18W1698 18kg Fully Auto Washing Machine ကတော့ 18kg ဖြစ်တာကြောင့် အဝတ်အများကြီးကိုလည်း တစ်ခါတည်း လျှော်ဖွတ်လို့ရနိုင်တဲ့အပြင်၊ laundry service ပေးနေတဲ့ သူတွေအတွက်လည်း လုံးဝအဆင်ပြေပါတယ်။Noise level ကလည်း wash power 62dB(A) နဲ့ Spin Power 72dB(A) ဖြစ်တာကြောင့် ဆူညံမှုနည်းပြီး အဝတ်အထည်တွေကို အချိန်တိုအတွင်းမှာ သန့်ရှင်းတောက်ပြောင်သွားအောင် လျှော်ဖွတ်နိုင်ပါတယ်။Fully Auto Machine ဖြစ်တာကြောင့် အဝတ်နဲ့ကိုက်ညီမယ့် ရေပမာဏကိုထည့်ပေးပြီး ခလုတ်လေးနှိပ်ရုံနဲ့ စက်ရဲ့ Sensor က အလုပ်လုပ်ပေးသွားမှာဖြစ်တာကြောင့် အချိန်ကုန်၊ လူပင်ပန်း သက်သာစေပါတယ်။Body ကိုလည်း metal body အသုံးပြုပေးထားတာကြောင့် ခိုင်ခံ့မာကျောပြီး၊ အဖုံးကိုလည်း Tempered Glass ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။
Hisense Washing Machine WTJA130IT 13kg Fully Auto
Hisense ကထုတ်လုပ်ထားတဲ့ WTJA130IT Fully Auto Washing Machine လေးသည် Capacity 13kg ဝင်ဆန့်ပြီး Detergent box ထဲတွင် maze-like structure ပါရှိ၍ အဝတ်အထည်များသန့်ရှင်းမှု့ကို တခါတည်း ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်ပါသည်။ အဝတ်အထည်များကို တစ်ခုချင်းခွဲခြားနိုင်ပြီး အလိုအလျှောက်သင့်တော်သော ရေပမာဏကို optimize လုပ်ပေးနိုင်ပါသည်။ Drum ကို ပြန်လည်သန့်ရှင်းပေးသော Function ပါတာကြောင့် အနံ့ဆိုးများနဲ့ ဘတ်တီးရီးယားများကို ဖယ်ရှားပေးနိုင်ပါသည်။ LED display သုံးပြီး Program/ Start-Pause/ Power On-Off/ Water Level control စတာတွေပြုလုပ်နိုင်ပါသည်။ Memory & Auto‑Power‑Off ပါပြီး အသုံးပြုနေရင်း မီးပျက်သွားရင်တောင် current setting များကို မှတ်ပြီး ပြန်ပြီးစတင်ပြုလုပ်ပေးနိုင်တာကြောင့် အိမ်ရှင်မတို့အကြိုက်တွေ့စေမည့် အဝတ်လျှော်စက်လေးဖြစ်ပါသည်။
TCL P314TLG Top Load Washing Machine (14kg)
TCL Washing Machine P314TLG 14KG Fully Auto လေးသည် Capacity 14Kg ပမာဏရှိပြီး၊ Fully Auto machine ဖြစ်တာကြောင့် အဝတ်လျှော်တာ၊ ခြောက်တာကို အလွယ်တကူ လုပ်ဆောင်နိုင်တဲ့အပြင် မိသားစုဝင်များတဲ့သူတွေအတွက်လည်း အထူးသင့်တော်ပါသည်။ pulsator (washing plate) တွင် antibacterial treatment ပါရှိပြီး mildew နှင့် bacteria ကြီးထွားမှုကိုထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။ ခိုင်မာသော tempered glass door ဖြင့်ပြုလုပ်ထားတာကြောင့် အကြမ်းခံပြီး အသုံးပြုရာတွင် အကြိုက်တွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Hisense Washing Machine WTJA110IT 10.5kg Fully Auto
Hisense ကထုတ်ထားတဲ့ WTJA110IT Washing Machine လေးမှာတော့ Fully Auto အသုံးပြုနိုင်ပြီး Washing Capacity: 10.5Kg အသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ Rated Voltage: 220-240V နဲ့အတူ Rated Power 450W တို့ဖြင့်အလုပ်လုပ်ပေးမှာ ဖြစ်ပါသည်။Capacity 10.5 kg ဖြစ်တဲ့အတွက်ကြောင့် အထည်ရေ များများအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ဖုန်မှုန့်နဲ့ အညစ်အကြေးများကို အလွယ်တကူ သန့်စင်ပေးနိုင်တာကြောင့် အသုံးပြုရာတွင် လွယ်ကူစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Hisense WSRB1403W Semi Auto Washing Machine (14kg)
WSRB1403W သည် အဝတ်အထည်တွေကို လျင်မြန်စွာလျော်ဖွတ်ပေးနိုင်တဲ့အပြင် 14kg အထိတစ်ခါတည်း အသုံးပြုလို့ရမှာဖြစ်ပါသည်။ Semi Auto နှစ်ကန် Twin Tub ဖြစ်တာကြောင့်အဝတ်လျှော်နေရင်းနဲ့ အဝတ်အခြောက်ကန်မှာ အဝတ်တွေကို အခြောက်ခံမွှေ့တာ တပြိုင်နက်တည်း ပြုလုပ်နိုင်ပါတယ်။ အခြောက်မွှေ့ချိန်မှာလည်း တစ်ခါတည်းနဲ့ 6.5 kg အထိမွှေ့ပေးနိုင်ပါတယ်။WSRB1403W လေးသည် အကြမ်းခံပြီး ရေရှည်အသုံးပြုနိုင်သလို ကျစ်လစ်ပေါ့ပါးတဲ့ Fiber ကပေါ့ပါးလွန်းတာဖြစ်လို့ အလွယ်တကူ အဆင်ပြေပြေရွှေ့ပြောင်းလို့ရတဲ့ အဝတ်လျှော်စက်လေးတစ်လုံးဖြစ်ပါသည်။ အဝတ်အထည်များကို သန့်ရှင်းတောက်ပြောင်အောင် ပြုလုပ်ပေးနိုင်သည့်အပြင် အထည်များကိုပျက်စီးမှုများ မဖြစ်စေဘဲ အသုံးပြုနိုင်တာဖြစ်တာကြောင့် အရည်အသွေးကောင်းမွန်တဲ့ပစ္စည်းလေးဖြစ်ပါသည်။
Samsung WA15CG5441BYST 15kg Fully Auto Washing Machine
Samsung WA15CG5441BYST 1 Washing Machine ကတော့ထူးခြားကောင်းမွန်သောအရည်သွေးလေးနဲ့အဝတ်အထည်များကိုလျော်ဖွတ်သန့်စင်ပေးမှာပဲဖြစ်ပါတယ်။Capacity 15 Kg ဝင်ဆန့်တာကြောင့် မိသားစုများတဲ့အိမ်တိုင်းအတွက်အဆင်ပြေစေမှာပဲဖြစ်ပါတယ် ။
Midea MA200-W130D 13kg Fully Auto Washing Machine
Midea Washing Machine MA200-W130D လေးဟာ အဝတ်များကို သန့်စင်တောက်ပြောင်ပြီးပျက်စီးမှုမရှိအောင် လျှော်ဖွတ်ပေးနိုင်ပါတယ်။Turbo စနစ်ပါလို့ အချိန်တိုတိုအတွင်း ရေအားပြင်းပြင်းနဲ့ ရေဖွတ်နိုင်ပါတယ်။Function (8)မျိုးထိ ရွေးချယ်လျှော်ဖွတ်နိုင်ပြီး အတွင်းပိုင်း Filter ကိုလည်းအလွယ်တကူ ဖြုတ်တပ်ဆေးကြောနိုင်ပါတယ်။
Samsung WA10CG4545BYST 10Kg Washing Machine
Samsung WA10CG4545BYST Washing machine ကတော့ Capacity 10Kg ဝင်ဆန့်ပြီး Digital Inverter နဲ့အလုပ်လုပ်ပေးမှာမို့ မီတာခလဲသက်သာစေမှာဖြစ်ပါတယ်။ Ecobubble နည်းပညာပါဝင်တဲ့အတွက် အဝတ်အစားများကို ပျက်စီးမှုအနည်းဆုံးနှင့် ဆပ်ပြာအမြုပ်များအတွင်းပိုင်းအထိ စိမ့်ဝင်စေခြင်းကြောင့် ပြောင်စင်အောင်လျှော်ဖွတ်ပေးနိုင်ပါသည်။ Magic Filter သည် အဝတ်စားများလျှော်ဖွတ်ရာမှာ ထွက်ပေါ်လာသော ချည်မျှင်ချည်စများ၊အမှုအမွှားများနှင့် အမှိုက်များကို စစ်ထုတ်ပေးသောကြောင့် ရေဆင်းပိုက်ပိတ်ဆိုခြင်းများကို ကာကွယ်ပေးနိုင်ပါသည်။