Dyson HJ10 Hushjet Purifier Compact
Dyson HJ10 Hushjet Purifier Compact ကတော့ အရွယ်အစားသေးငယ်ပြီး အသံငြိမ်သက်မှုကို အဓိကထားထုတ်လုပ်ထားသည့် လေသန့်စင်စက် (Air Purifier) အမျိုးအစားဖြစ်ပါသည်။လေကို အားကောင်းကောင်းဖြင့် မှုတ်ထုတ်ပေးနိုင်သော်လည်း အသံဆူညံမှုကို အလွန်အမင်း လျှော့ချထားပါသည်။ အိပ်စက်သည့်အခါ (Sleep Mode) တွင် ၂၄ ဒက်စီဘယ် (24 dB) သာရှိသဖြင့် စာကြည့်တိုက်ထက်ပင် ပိုမိုငြိမ်သက်ပါသည်။လေထဲတွင်ရှိသော ၀.၃ မိုက်ခရွန် (0.3 microns) အထိ သေးငယ်သည့် ဖုန်မှုန့်များ၊ ဓာတ်မတည့်မှုကို ဖြစ်စေသော အရာများ (allergens) နှင့် ဗိုင်းရပ်စ်များကို ၉၉.၉၇% အထိ ဖမ်းယူသန့်စင်ပေးနိုင်ပါသည်။အရွယ်အစား သေးငယ်ကျစ်လျစ်သောကြောင့် စားပွဲတင်အဖြစ်ဖြစ်စေ၊ အခန်းထောင့်တွင်ဖြစ်စေ နေရာမစားဘဲ ထားရှိနိုင်ပါသည်။
Mi Smart APP Circulating Wind Fan Air Purifier (AC-MD2-SC)
Mi Smart APP Circulating Wind Fan Air Purifier လေးကတော့ Fan + Air Purifier + Air Circulator ကို တစ်ခုတည်းတွင် ပေါင်းစပ်ပြုလုပ်ပေးထားပါသည်။ အိမ် ဒါမှမဟုတ် ရုံးခန်းထဲက လေထုအရည်အသွေးကို 60 m² အထိသန့်စင်ပေးနိုင်ပါသည်။ လေထွက်အားကို ၈ မီတာထိ ထောက်ပံ့ပေးနိုင်သော ကောင်းမွန်သည့် လေဝှက်စနစ်ပါဝင်ပါသည်။ fan ကို ရှေ့အလျားဖြင့် 0°, 45°, 85° ဖြင့် လှည့်ပြောင်းနိုင်ပြီး ၉၀° လှည့်ပြီးလည်း အသုံးပြုနိုင်ပါသည်။ Pre‑filter + HEPA + Activated Carbon အဆင့်သုံးဆင့်ဖြင့် စစ်ထုတ်ခြင်းစနစ်ထည့်သွင်းပေးထားတာကြောင့် PM2.5, ဗိုင်းရပ်စ်, အနံ့, TVOC စတာတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါသည်။ OLED touchscreen + LED ring ပါတာကြောင့် Filter status၊ Fan speed၊ Air Quality အခြေအနေများကို တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ Child lock, Safety sensors, Ioization သည် ကလေးအတွက်လုံခြုံမှု၊ အနံ့၊ အမှိုက်များ စုပ်ယူပေးသည့် အပိုင်းများလည်းပါဝင်ပါသည်။ အသံအနိမ့်ဆုံး: 35.7 dB ဖြင့် အလုပ်လုပ်ပေးမှာဖြစ်တာကြောင့် ဆူညံသံများမရှိစေဘဲ အသုံးပြုရာတွင် အဆင်ပြေစေမည့် Air Purifier လေးဖြစ်ပါသည်။
UV+Photocatalyst Air Disinfection Sanitiser
UV + Photocatalyst နည်းပညာအသုံးပြုထားလို့ ၉၉.၆၄% အထိ ပိုးမွှားများကို ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။ Mercury Free 0% နှင့် Ozone Free 0% ဖြစ်သည့်အပြင် မိမိကိုယ်တိုင်လည်း အလွယ်တကူတပ်ဆင်နိုင်ပါတယ်။ UV LED နည်းပညာကို အသုံးပြုထားခြင်းနှင့် UV LEDs ကို Air Con အတွင်းပိုင်းတွင် တပ်ဆင်ထားခြင်းကြောင့် လူကို ထိခိုက်မှုလုံးဝမရှိနိုင်ဘဲ အသုံးပြုရအဆင်ပြေစေတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။