Prato PRT-KE-1032 Electric Kettle (1.7L)
Prato PRT-KE-1032 Electric Kettle (1.7L) သည် 1.7 Liter ဆံ့တဲ့အတွက် မိသားစုအလိုက် သုံးဖို့ဖြစ်ဖြစ်၊ ဧည့်သည်ဧည့်ခံဖို့အတွက်ဖြစ်ဖြစ် လုံလောက်တဲ့ ပမာဏရှိပါတယ်။အပူဒဏ်ခံနိုင်ပြီး ကြာရှည်အသုံးခံတဲ့ Stainless Steel Body အမျိုးအစား ဖြစ်ပါတယ်။ရေဆူသွားတာနဲ့ အလိုအလျောက် ပိတ်ပေးမယ့် Auto Shut-off စနစ်နဲ့ ရေမရှိဘဲ ခမ်းခြောက်သွားချိန်မှာ အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးတဲ့ Boil-dry Protection တို့ ပါဝင်ပါတယ်။ရေနွေးအိုးကို အောက်ခံခုံ (Base) ပေါ်မှာ 360 ဒီဂရီ လှည့်ပြီး တင်ထားနိုင်သလို၊ ရေငဲ့တဲ့အခါမှာလည်း ကြိုးရှုပ်မနေဘဲ အိုးကိုပဲ သီးသန့် မပြီး သယ်သွားနိုင်ပါတယ်။
81 ETO-50H Electric Kettle (50L)
81 ETO-50H (50L) ရေနွေးအိုးသည် စားသောက်ဆိုင်များ၊ ရုံးဌာနများနှင့် လူဦးရေအများအပြားရှိသော လုပ်ငန်းခွင်များအတွက် အထူးရည်ရွယ်ထုတ်လုပ်ထားသည့် လုပ်ငန်းသုံး (Commercial Type) ရေနွေးအိုးကြီး ဖြစ်ပါသည်။ ၅၀ လီတာအထိ ဆံ့ဝင်သည့်အတွက် ရေနွေးကို တစ်ကြိမ်တည်းဖြင့် အမြောက်အမြား ရရှိနိုင်ခြင်းက အဓိကအားသာချက်ဖြစ်ပြီး ရေခဏခဏတည်နေရသည့် အချိန်ကုန်မှုကို လျှော့ချပေးနိုင်ပါတယ်၊ အပြင်ကိုယ်ထည်ကို အရည်အသွေးကို Stainless Steel ဖြင့် တည်ဆောက်ထားသောကြောင့် သံချေးတက်ခြင်းကို ကာကွယ်ပေးသည့်အပြင် သန့်ရှင်းရေးလုပ်ရသည်မှာလည်း လွယ်ကူအဆင်ပြေစေပါတယ်၊
Osten MEK009SSA Electric Kettle (1.8L)
Osten ကထုတ်ထားတဲ့ MEK009SSA Electric Kettle လေးသည် Capacity 1.8Liter ဝင်ဆန့်ပြီး Rated Power 1500W နဲ့အလုပ်လုပ်ပေးမှာဖြစ်တာကြောင့် အချိန်တိုအတွင်း ဆူပွတ်နေတဲ့ရေနွေးကို ရရှိနိုင်ပါသည်။ သံမဏိ (stainless steel)ဖြင့်ပြုလုပ်ထားတာကြောင့် အကြမ်းခံပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။
81 ETO-2050A Electronic kettle (1.7L)
81 ကထုတ်ထားတဲ့ ETO-2050A Electronic kettle လေးသည် Capacity 1.7Liters ဝင်ဆန့်ပြီး ရေနွေးမြန်မြန်ဆူအောင် ပြုလုပ်နိုင်တဲ့ လျှပ်စစ်ရေနွေးအိုးတစ်မျိုးဖြစ်ပါသည်။ Power – 1500W နဲ့အလုပ်လုပ်ပေးမှာဖြစ်ပြီး Voltage – 220–240V (50–60Hz) ဖြစ်တာကြောင့် အိမ်သုံးလျှပ်စစ်စနစ်နဲ့ အဆင်ပြေစေပါသည်။ Overheat မဖြစ်စေရန် Auto Cut-off ထည့်သွင်းပေးထားပါသည်။ Kettle အောက်ခြေထဲမှာ heater plate မမြင်ရအောင် Concealed Design ပြလုပ်ပေးထားတာကြောင့် သန့်ရှင်းရလွယ်ကူစေပါသည်။ အဖွင့်/အပိတ်ကို LED Indicator နဲ့ပြသပေးနိုင်ပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။
81 ETO-30H Electric Kettle (30 Liter)
81 ETO-30H Electric Kettle (30 Liter) ဆိုတာဟာ 81 အမှတ်တံဆိပ်က ထုတ်လုပ်တဲ့ စွမ်းဆောင်ရည်မြင့် လျှပ်စစ်ရေနွေးအိုး အမျိုးအစား ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက အထူးခြားဆုံး အချက်ကတော့ ရေပမာဏ 30 လီတာ အထိ ဆံ့ဝင်နိုင်တာပဲ ဖြစ်ပါတယ်။လုပ်ငန်းသုံး (ဥပမာ- စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်)၊ရုံးသုံး ၊အလှူအတန်းနှင့် အခမ်းအနားများ (လူအစုလိုက်အပြုံလိုက်အတွက် ရေနွေးမြန်မြန် ထုတ်လုပ်ရန်) တို့အတွက် အထူးသင့်လျော်ပါသည်။
Alfa AFEK-1768 Kettle
Alfa AFEK-1771 Kettle ကတော့ ၁.၇ လီတာ ဝင်ဆံ့ပါတယ်။အပူပေးစက်ကို ဖုံးအုပ်ထားတာကြောင့် သန့်ရှင်းရေးလုပ်ရလွယ်ကူပါတယ်။ရေဆူရင်၊ ရေနွေးအိုးကို အခြေခံပြားကနေ ဖယ်ရှားရင်၊ ဒါမှမဟုတ် ရေမရှိဘဲ ခလုတ်ဖွင့်မိရင် အလိုအလျောက် ရပ်တန့်သွားတဲ့ ဘေးကင်းလုံခြုံရေးစနစ်တွေ ပါဝင်ပါတယ်။
Alfa AFEK-1771 Kettle
Alfa AFEK-1771 Kettle ကတော့ ၁.၇ လီတာ ဝင်ဆံ့ပါတယ်။အပူပေးစက်ကို ဖုံးအုပ်ထားတာကြောင့် သန့်ရှင်းရေးလုပ်ရလွယ်ကူပါတယ်။သန့်ရှင်းရေးလုပ်ရလွယ်ကူဖို့ သံမဏိ (stainless steel) နဲ့ပြုလုပ်ထားတဲ့ အပူပေးစက်ကို ဖုံးအုပ်ထားပါတယ်။ဖြုတ်တပ်ဆေးကြောနိုင်တဲ့ အနည်အနှစ်စစ်ထုတ်တဲ့ ဇကာ (limescale filter) ပါဝင်ပါတယ်။အောက်ခြေအပြားကနေ ရေနွေးအိုးကို ၃၆၀ ဒီဂရီ လှည့်နိုင်ပြီး တပ်ဆင်ရလွယ်ကူပါတယ်။ရေမရှိဘဲ ခလုတ်ဖွင့်မိရင် အပူလွန်ကဲမှုကို ကာကွယ်ပေးတဲ့ စနစ် ပါရှိပါတယ်။ရေဆူတာနဲ့ အလိုအလျောက်ပိတ်တဲ့ ဘေးကင်းလုံခြုံရေးစနစ် (automatic shut-off) ပါဝင်ပါတယ်။
Toshiba KT-17DR1NM Double Layer Kettle
Toshiba KT-17DR1NM Double Layer Kettle က သံမဏိနှစ်ထပ်ကြောင့် အပေါ်ယံပူမှုကိုလျှော့ပေးပြီး၊ လုံခြုံမှု၊ သန့်ရှင်းမှု၊ အမြန်ပူမှုထောက်ပံ့မှုတွေနဲ့ အိမ်ထောင်သုံး kettle ဖြစ်ပါသည်။ Strix thermostat နဲ့ boil‑dry, overheat protection တပ်ဆင်ထားတာ ဥပဒေမကျေအလှည့်မှာ မီးလောင်ခြင်းကိုကာကွယ်ပေးပါသည်။ Capacity 1.7Liters ဝင်ဆန့်ပြီး 1800–2150 W high‑power heating base နဲ့အလုပ်လုပ်ပေးမှာဖြစ်ပါသည်။ Triple current protection သည်ရေနွေးအိုးခန်းခြောက်သွားပါက သို့မဟုတ် ရေဆူမှတ်သို့ရောက်ရှိပါက ရေနွေးအိုးကို အလိုအလျောက်ပိတ်ပေးပါသည်။
81 ETO-16H (16 Liter) Electric Kettle
81 ETO-16H (16 Liter) Electric Kettle ကတော့ ၁၆ လီတာ (16 Liter) အထိ ရေဆံ့တာကြောင့် မိသားစုများတဲ့အိမ်၊ ရုံးခန်း၊ စားသောက်ဆိုင်၊ ကျောင်း canteen စတဲ့ လူများများအတွက် ရေနွေးလိုအပ်တဲ့နေရာမျိုးမှာ အထူးသင့်လျော်ပါတယ်။လျှပ်စစ်အား ၂၅၀၀ ဝပ် (2500W) ရှိတာကြောင့် ရေပမာဏများများ ထည့်ထားရင်တောင်မှ အချိန်တိုအတွင်းမှာ ရေနွေးဆူအောင် လုပ်ပေးနိုင်ပါတယ်။အတွင်းပိုင်းရော၊ အပြင်ပိုင်းရော Stainless Steel နဲ့ ပြုလုပ်ထားတာကြောင့် ကြာရှည်ခံပြီး သံချေးတက်တာ၊ အစားအစာ ဘေးထွက်ဆိုးကျိုးဖြစ်တာမျိုး မရှိပါဘူး။ သန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူပါတယ်။အပူချိန်ကို အလိုအလျောက် ထိန်းချုပ်ပေးနိုင်တဲ့စနစ်ပါဝင်ပါတယ်။ ရေဆူလာတာနဲ့ အလိုအလျောက် မီးပိတ်သွားတဲ့အတွက် စွမ်းအင်လည်း ချွေတာနိုင်ပြီး ဘေးအန္တရာယ်လည်း ကင်းပါတယ်။
Mi MJYSH01YM Multifunctional Kettle(1.5L)
Mi Thermos Electric Kettle 2 Pro (MJYSH01YM) သည် Xiaomi ရဲ့ Mi Home စနစ်တွေနဲ့ ချိတ်ဆက်ကာ အသုံးပြုနိုင်တဲ့ Smart Kettle လေးဖြစ်ပါသည်။ 1.7 လီတာဝင်ဆန့်ပြီး Power 1,800 Wဖြစ်တာကြောင့် အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ သတ်မှတ်ထားသောအပူချိန် (keep warm) အတိုင်း ထိန်းထားပေးနိုင်ပါသည်။ Double protection Safe pouring function ပါတာကြောင့် ရေနွေးအိုး၏ အလွှာနှစ်ထပ်ဒီဇိုင်းသည် အတွင်းပိုင်းရေများ ပွက်ပွက်ဆူနေသော်လည်း အပြင်ဘက်အလွှာသည် အေးနေစေမှာပဲဖြစ်ပါသည်။ Triple current protection သည်ရေနွေးအိုးခန်းခြောက်သွားပါက သို့မဟုတ် ရေဆူမှတ်သို့ရောက်ရှိပါက ရေနွေးအိုးကို အလိုအလျောက်ပိတ်ပေးပါသည်။ LED display ပါတာကြောင့် အပူချိန်အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါသည်။ အရည်အသွေးမြင့် အပူချိန်ထိန်းကိရိယာပါ၀င်ပြီး အပူအတွက် တိကျသော အပူချိန်ထိန်းချုပ်မှုကို ပေးစွမ်းပြီး အပူလောင်မှာ စိုးရိမ်စရာမရှိတာကြောင့် အသုံးပြုရအဆင်ပြေသော Kettle လေးဖြစ်ပါသည်။
Mi MJDSH02YM Kettle 1A(1.5L)
Xiaomi Mi Electric Kettle 1A (MJDSH02YM) ဟာ ရေနွေးအိုး (Electric Kettle) အမျိုးအစားဖြစ်ပြီး 1800W စွမ်းအားရှိတဲ့အတွက် ရေကို ၅ မိနစ်အတွင်း ဆူအောင်တည်ပေးနိုင်ပါတယ်။လုံလောက်တဲ့ ပမာဏဖြစ်တဲ့ 1.5 လီတာအထိ ရေဆူအောင်တည်နိုင်ပါတယ်။ရေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ အတွင်းသားကို Food-grade 304 Stainless Steel နဲ့ ပြုလုပ်ထားတဲ့အတွက် သန့်ရှင်းမှုနဲ့ ခံနိုင်ရည်အား ကောင်းမွန်ပါတယ်။ရေဆူသွားပါက အလိုအလျောက် မီးပိတ်ပေးခြင်း။ရေမရှိဘဲ လည်ပတ်ပါက (dry operation) အလိုအလျောက် မီးပိတ်ပေးခြင်း။လျှပ်စစ်ရှော့ခ်ဖြစ်ခြင်းနှင့် လျှပ်စစ်ယိုစိမ့်မှုတို့ကို ကာကွယ်ပေးခြင်း စတာတွေပါဝင်ပါတယ်။
Mi MYSH0E1ACM Multifunctional Kettle (1.5L)
ကျန်းမာရေးနှင့်ညီညွတ်စေပြီး အိမ်တိုင်းအတွက် ထားရှိသင့်သောပစ္စည်းလေးဖြစ်ပါသည်။ အချိန်ပြည့်စောင့်ကြည့်စရာမလိုဘဲဖုန်းဖြင့် အဝေးမှထိန်းချုပ်အသုံးပြုနိုင်ပါသည်။ ပိုးမွားများကိုသန့်စင်ပေးပြီး အပူချိန်ကိုလည်းလိုအပ်သောအနေထားအတိုင်း အတိုးအလျော့ ပြုလုပ်နိုင်ပါသည်။