HIK DS-2CD1T43G2-I 4MP Outdoor Camera (4mm)
425,000 Ks

HIK DS-2CD1T43G2-I 4MP Outdoor Camera သည် 4MP resolution ဖြင့် ပုံရိပ်များဖမ်းပေးသည့်အတွက် ကြည်လင်ပြတ်သားသော ရုပ်ထွက်ကိုရရှိစေမှာပဲဖြစ်ပါသည်။ 4mm Lens သည် အကွာအဝေးကို ပိုမိုကြည်လင်စွာ အာရုံစိုက် ကြည့်ရှုနိုင်ပြီး အိမ်ရှေ့လမ်းမ၊ လမ်းကြား၊ စက်ရုံ/ဂိုဒေါင် ရှည်လျားသော နေရာများအတွက် အထူးသင့်တော်ပါသည်။ Water resistant IP67 ပါတာဖြစ်လို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်။

HIK DS-2CD1043G0-I 4MP Outdoor Camera (4mm)
420,000 Ks

HIK DS-2CD1043G0-I 4MP Outdoor Camera (4mm) သည် 4MP resolution ဖြင့် ပုံရိပ်များဖမ်းပေးသည့်အတွက် ကြည်လင်ပြတ်သားသော ရုပ်ထွက်ကိုရရှိစေမှာပဲဖြစ်ပါသည်။ H.265 ဖြစ်သောကြောင့် ဒေတာစားသက်သာစေနိုင်ပြီး WDR ကြောင့် အလင်းပြန်ပြီးမှောင်နေသာနေရာများတွင်လည်း ရှင်းလင်းပြတ်သားစွာမြင်နိုင်ပါသည်။ XIR 2.0 Night Vision ကြောင့် ညဘက် Infrared လင်းသည့်အခါ အလင်းရောင် ညီညာစွာဖြန့်ပေးပြီး ရုပ်ထွက် မဝါးဘဲ ကြည်လင်စွာမြင်ရမှာဖြစ်ပါသည်။

HIK DS-7608NXI-K1/8P 8Channel NVR Recorder
1,185,000 Ks

HIK DS-7608NXI-K1/8P 8Channel NVR Recorder သည် CCTV လုံခြုံရေးစနစ်များအတွက် အသုံးပြုနိုင်သော AcuSense 4K Network Video Recorder (NVR) ဖြစ်ပြီး IP Camera 8 လုံးအထိ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Built-in 8-Port PoE Interface ပါဝင်သောကြောင့် Compatible IP Camera များကို Network Cable တစ်ချောင်းတည်းဖြင့် Data နှင့် Power ပေးပို့ချိတ်ဆက်နိုင်ပြီး CCTV System တပ်ဆင်ရာတွင် ပိုမိုလွယ်ကူစေပါသည်။ 12MP အထိ Recording Resolution ကို ပံ့ပိုးထားပြီး HDMI မှတစ်ဆင့် 4K (3840 × 2160) Resolution အထိ ရုပ်ထွက်ပြသနိုင်သဖြင့် ကြည်လင်ပြတ်သားသော Surveillance Video များကို ကြည့်ရှုနိုင်ပါသည်။ Hikvision AcuSense Technology နှင့် Intelligent Analytics လုပ်ဆောင်ချက်များ ပါဝင်ပြီး လူနှင့်ယာဉ်များကို ခွဲခြားသိရှိနိုင်သည့် Motion Detection 2.0, Perimeter Protection, Facial Detection နှင့် Facial Recognition စသည့် AI Features များကို အသုံးပြုနိုင်ပါသည်။

CCTV Stand 1212ZJ
14,500 Ks

CCTV Stand 1212ZJ သည် IP Bullet Camera များအတွက် အထူးထုတ်လုပ်ထားသော CCTV Wall Mount Bracket ဖြစ်ပြီး Indoor နှင့် Outdoor နှစ်မျိုးစလုံးတွင် တပ်ဆင်အသုံးပြုနိုင်ပါသည်။ အရည်အသွေးမြင့် Aluminum Alloy ဖြင့် ထုတ်လုပ်ထားသောကြောင့် ခိုင်ခံ့ပြီး သံချေးတက်ခြင်းကို ကာကွယ်ပေးနိုင်ကာ IP66 Weatherproof Protection ဖြင့် ပြင်ပရာသီဥတုအခြေအနေများတွင်လည်း ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

IMOU Rex VT Pro 3K 5MP Indoor Camera & Video Intercom
300,000 Ks

IMOU Rex VT Pro 3K 5MP Indoor Camera သည် အိမ်၊ ရုံးခန်းနှင့် ဆိုင်ခန်းများအတွက် လုံခြုံရေးစောင့်ကြည့်မှုကို အဆင့်မြင့် AI နည်းပညာဖြင့် ပံ့ပိုးပေးသော Indoor Smart Camera ဖြစ်ပါသည်။ 3K (5MP) အရည်အသွေးမြင့် Resolution နှင့် 360° Pan & Tilt လှည့်ပတ်ကြည့်ရှုနိုင်သည့်စနစ်ကြောင့် နေရာအနှံ့ကို အသေးစိတ်စောင့်ကြည့်နိုင်ပြီး Smart Motion Tracking ဖြင့် လှုပ်ရှားမှုများကို အလိုအလျောက်လိုက်လံဖမ်းယူပေးပါသည်။ AI Human & Pet Detection၊ 2.4" Display ဖြင့် Two-Way Video Calling၊ Built-in Siren၊ Night Vision နှင့် One-Touch Privacy Mode တို့ပါဝင်သဖြင့် အချိန်မရွေး လုံခြုံရေးကို ယုံကြည်စိတ်ချစွာ စီမံခန့်ခွဲနိုင်ပါသည်။ Wi-Fi ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပြီး IMOU App မှတစ်ဆင့် အချိန်နှင့်တပြေးညီ ကြည့်ရှုခြင်းနှင့် Notification လက်ခံခြင်းတို့ကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။

HIK DS-2CE16D0T-LPFS 2MP Outdoor Camera (3.6mm)
165,000 Ks

HIK DS-2CE16D0T-LPFS 2MP(3.6mm) သည် အရည်အသွေးမြင့် 2MP (1920 × 1080) Full HD ရုပ်ထွက်ဖြင့် ကြည်လင်ပြတ်သားသော ဗီဒီယိုများကို မှတ်တမ်းတင်နိုင်သည့် Security Camera ဖြစ်ပါသည်။ 2.8mm / 3.6mm Fixed Focal Lens ရွေးချယ်နိုင်ပြီး IR Night Vision အကွာအဝေး 25m နှင့် White Light Night Vision 20m အထိ ထောက်ပံ့ပေးသဖြင့် နေ့/ည မရွေး ရှင်းလင်းစွာ စောင့်ကြည့်နိုင်ပါသည်။ TVI/AHD/CVI/CVBS စနစ်များအကြား One-Port Switchable Signal ကို ထောက်ပံ့ထားပြီး Built-in Microphone ပါဝင်သဖြင့် အသံနှင့်ဗီဒီယိုကို Coaxial Cable တစ်ချောင်းတည်းမှတစ်ဆင့် မှတ်တမ်းတင်နိုင်ပါသည်။ IP67 Water & Dust Resistant ဒီဇိုင်းဖြစ်သောကြောင့် အပြင်ဘက်နှင့် အတွင်းပိုင်း Security စနစ်များတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

Ezviz CS-H8C Pro 3K 5MP Smart Wifi Outdoor Camera
435,000 Ks

Ezviz CS-H8C Pro 3K 5MP Smart Wifi Outdoor Camera သည် ပြင်ပမှာ တပ်ဆင်ဖို့အတွက် အထူးသင့်လျော်ပြီး 360-degree မြင်ကွင်းအပြည့်နဲ့ ရုပ်ထွက်အလွန်ကြည်လင်တဲ့အပြင် Smart ကျတဲ့ လုပ်ဆောင်ချက်တွေ အစုံအလင်ပါဝင်တဲ့ PTZ ကင်မရာအမျိုးအစား ဖြစ်ပါတယ်။ 2880 * 1620 Pixels ရှိတဲ့အတွက် မည်သည့် လှုပ်ရှားမှုကိုမဆို ရုပ်ထွက်အလွန်ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးနိုင်ပြီး ညဘက်မှောင်နေချိန်မှာတောင် ပုံမှန် အဖြူအမည်းမြင်ကွင်းအပြင် ကာလာအရောင်အသွေးစုံလင်စွာဖြင့် မီတာ ၃၀ အထိ မြင်တွေ့နိုင်ပါတယ်။ကင်မရာကို ဘယ်/ညာ ၃၅၀ ဒီဂရီ၊ အပေါ်/အောက် ၈၀ ဒီဂရီအထိ ဖုန်းထဲကနေ လှမ်းလှည့်ပြီး တစ်အိမ်လုံးပတ်လည် အမှောင်ဖုံးတဲ့နေရာ မရှိအောင် စောင့်ကြည့်နိုင်ပါတယ်။လူ သို့မဟုတ် ယာဉ်တစ်စီးစီးကို တွေ့ရှိရင် ကင်မရာက အလိုအလျောက် လိုက်လံခြေရာခံ တဲ့အပြင် အနီးကပ် ၄ ဆအထိ ဆွဲပြီး သေချာမှတ်တမ်းတင်ပေးသည့်အပြင် ခွင့်ပြုချက်မရှိဘဲ လူစိမ်းဝင်လာပါက ကင်မရာမှာပါတဲ့ ဥသြဆွဲသံ ပေးခြင်းနှင့် မီးမောင်း များ ဖျတ်ခနဲ လင်းစေခြင်းဖြင့် သူခိုး/လူစိမ်းကို မောင်းထုတ်ပေးပါတယ်။ကင်မရာမှာ မိုက်ခရိုဖုန်းနဲ့ စပီကာ ပါဝင်လို့ အပြင်ကလူနဲ့ ဖုန်းထဲကနေ တိုက်ရိုက် အပြန်အလှန် စကားပြောနိုင်ပြီး ကင်မရာရှေ့ကနေ လက်ပြရုံတင်နဲ့ ဖုန်းထဲကို Video Call ခေါ်ဆိုပေးတဲ့ လုပ်ဆောင်ချက်ဆန်းလည်း ပါဝင်ပါတယ်။မိုးရေ၊ နေပူဒဏ် ခံနိုင်ရည်ရှိတဲ့ ရာသီဥတုဒဏ်ခံစနစ် ပါဝင်လို့ အပြင်ဘက် ဝရံတာ၊ ခြံဝင်း၊ စတိုဂိုဒေါင်တွေမှာ စိတ်ချလက်ချ တပ်ဆင်နိုင်မှာပဲဖြစ်ပါတယ်။

HIK iDS-7208HQHI-M1/E 8Channel DVR Recorder
689,000 Ks

Hikvision iDS-7208HQHI-M1/E ဟာ AcuSense နည်းပညာ (AI စနစ်) ပါဝင်တဲ့ ခေတ်မီ 8-Channel Digital Video Recorder (DVR) တစ်လုံးဖြစ်ပါတယ်။ အဓိကအားဖြင့် ရိုးရိုး Analog ကင်မရာလိုင်း ၈ လိုင်းအပြင် IP (Network) ကင်မရာလိုင်းတွေကိုပါ တွဲဖက်အသုံးပြုနိုင်တဲ့ Hybrid အမျိုးအစား ဖြစ်ပါတယ်။Motion Detection 2.0: ဒီစနစ်က အလွန်အသုံးဝင်ပါတယ်။ သစ်ရွက်လှုပ်တာ၊ ကြောင်/ခွေး ဖြတ်ပြေးတာ၊ မိုးရွာတာတွေကြောင့် မလိုအပ်ဘဲ Alarm မြည်တာ (False Alarm) တွေကို လျှော့ချပေးပြီး "လူ (Human)" နှင့် "ယာဉ် (Vehicle)" ကိုပဲ တိတိကျကျ ခွဲခြားပြီး မှတ်တမ်းတင်၊ သတိပေးချက် (Alert) ပေးနိုင်ပါတယ်။ကင်မရာအမျိုးအစား အကုန်နီးပါး (HDTVI, AHD, HDCVI, CVBS, IP) ကို adaptive (အလိုအလျောက်) လက်ခံပေးပါတယ်။TVI/AHD/CVI ကင်မရာတွေကို 3K lite, 5 MP lite သို့မဟုတ် 4 MP lite / 1080p အထိ ချိတ်ဆက် ဗီဒီယိုဖမ်းယူနိုင်ပါတယ်။ရိုးရိုးကင်မရာ ၈ လိုင်းအပြင်၊ Enhanced IP Mode ဖွင့်ရင် IP Camera (Network Camera) ၄ လိုင်းကနေ ၄ လိုင်းအထိ (စုစုပေါင်း ၁၂ လိုင်းအထိ၊ ကင်မရာတစ်လုံးစီကို 6 MP အထိ) ထပ်တိုးချိတ်နိုင်ပါတယ်။ဒီဗီဒီယိုချုံ့တဲ့စနစ်ကြောင့် ရုပ်ထွက်ကြည်လင်မှုကို မထိခိုက်စေဘဲ Hard Disk နေရာစားသက်သာခြင်း နဲ့ Network Bandwidth သုံးစွဲမှုကို အများကြီး လျှော့ချပေးပါတယ်။

HIK DS-2CD1123G2-LIU 2MP Indoor Camera (2.8mm)
365,000 Ks

Hikvision DS-2CD1123G2-LIU (2.8mm) က 2MP (1080P) Resolution ရှိတဲ့ Dome ပုံစံ IP ကင်မရာအမျိုးအစား ဖြစ်ပါတယ်။ အိမ်တွင်း (Indoor) ရော အပြင်မှာပါ တပ်ဆင်အသုံးပြုနိုင်တဲ့အပြင် လုပ်ဆောင်ချက်ပိုင်းမှာလည်း ခေတ်မှီ Intelligent စနစ်တွေ ပါဝင်လာပါတယ်။ပုံမှန်အချိန်မှာ မမြင်ရတဲ့ IR (Infrared) မီးနဲ့ စောင့်ကြည့်ပေးပြီး လူ သို့မဟုတ် ကား ဖြတ်သန်းသွားတာမျိုး (Event) ရှိလာမှ White Light (မီးဖြူ) အလိုအလျောက်လင်းလာပြီး လင်းလင်းထင်ထင် Color ပုံရိပ် ဖမ်းယူပေးမယ့် စနစ် ပါဝင်ပါတယ်။Motion Detection 2.0 နည်းပညာကြောင့် သစ်ရွက်လှုပ်တာ၊ တိရစ္ဆာန်ဖြတ်တာတွေကို ကျော်ဖြတ်ပြီး "လူ" နဲ့ "ယာဉ်" ကိုပဲ သီးသန့် ခွဲခြားသိရှိပြီး Alarm ထုတ်ပေးနိုင်ပါတယ်။ False Alarm နည်းပါးစေပါတယ်။ကင်မရာထဲမှာ မိုက်ခရိုဖုန်း တစ်ပါတည်း ပါဝင်တဲ့အတွက် ရုပ်ထွက်တင်မကဘဲ ပတ်ဝန်းကျင်က အသံတွေကိုပါ real-time တပြိုင်တည်း နားထောင်/မှတ်တမ်းတင်နိုင်ပါတယ်။ရုပ်ထွက်အရည်အသွေး မကျဘဲ File Size ကို သိသိသာသာ ချုံ့ပေးတဲ့အတွက် Storage (Hard Disk) နေရာစားသက်သာပြီး Bandwidth သုံးစွဲမှုကို လျှော့ချပေးပါတယ်။ညဘက် အမှောင်ထဲမှာ IR ရော White Light ရော မီတာ ၃၀ (ပေ ၁၀၀ ဝန်းကျင်) အထိ လှမ်းမြင်နိုင်ပါတယ်။P67 (ရေစို/ဖုန်ဒဏ်ခံ) စနစ်နဲ့ IK08 (Vandal-resistant - ရိုက်ခွဲဖျက်ဆီးမှုဒဏ်ခံ) Certifications ပါဝင်လို့ ရာသီဥတုဒဏ်နဲ့ ပြင်ပဒဏ်ကို ကောင်းကောင်းခံနိုင်ပါတယ်။

HIK DS-2CE16D0T-LPFS 2MP Outdoor Camera (2.8mm)
165,000 Ks

Hikvision DS-2CE16D0T-LPFS (2.8mm) က လက်ရှိဈေးကွက်မှာ လူကြိုက်များတဲ့ Smart Hybrid Light (မီးနှစ်မျိုးရ) နဲ့ Audio (အသံပါ) ပါဝင်တဲ့ Analog HD Outdoor Bullet အမျိုးအစား ကင်မရာဖြစ်ပါတယ်။ညဘက်မှာ ကင်မရာကနေ အနီအောက်ရောင်ခြည် (Infrared) ပဲသုံးပြီး အဖြူအမည်း ပုံရိပ်အဖြစ် ကြည့်မယ်ဆို လင်းအား ၂၅ မီတာအထိရ ပါတယ်။ညဘက်မှာ ကင်မရာက မီးဖြူ (LED) လင်းပေးပြီး Color (ကာလာစုံ) ပုံရိပ်အဖြစ် ကြည့်မယ်ဆို လင်းအား ၂၀ မီတာအထိရပါတယ်။ပုံမှန်အချိန်မှာ အဖြူအမည်း (IR) နဲ့ပဲ စောင့်ကြည့်နေပြီး၊ လူ သို့မဟုတ် ကား ဖြတ်သွားတာနဲ့ ကင်မရာက မီးဖြူ (White Light) ချက်ချင်း ထလင်းပြီး ကာလာစုံ ဗီဒီယိုအဖြစ် ပြောင်းလဲဖမ်းယူပေးမှာ ဖြစ်ပါတယ်။ကင်မရာထဲမှာ မိုက်ခရိုဖုန်း တစ်ခါတည်း ပါဝင်တဲ့အတွက် ရုပ်ထွက်တင်မကဘဲ အသံပါ တပါတည်း နားထောင်/ဖမ်းယူနိုင်ပါတယ်။Full HD (1920×1080p) အထိ စူးရှတောက်ပတဲ့ ရုပ်ထွက် ရပါတယ်။IP67 Rating က ရေစို၊ ဖုန်ကပ် ခံနိုင်ရည် အပြည့်ရှိလို့ အမိုးအကာမရှိတဲ့ အပြင်ဘက် တိုင်တွေ၊ နံရံတွေမှာ မိုးဒဏ်လေဒဏ်ခံပြီး စိတ်ချလက်ချ တပ်ဆင်နိုင်ပါတယ်။

HIK DS-2CD1143G2-LIU 4MP Indoor Camera (2.8mm)
479,000 Ks

Hikvision DS-2CD1143G2-LIU (2.8mm) သည် အိမ်တွင်း (Indoor) အပြင် အပြင်ဘက် (Outdoor) မှာပါ တပ်ဆင်အသုံးပြုနိုင်တဲ့ 4 Megapixel (4MP) IP Dome Camera အမျိုးအစားဖြစ်ပါတယ်။ဒီကင်မရာရဲ့ ထူးခြားချက်ကတော့ ရိုးရိုး IR Night Vision သာမကဘဲ အမှောင်ထဲမှာ လူ သို့မဟုတ် ကားရှိရင် မီးလင်းပြီး ကာလာဖမ်းပေးနိုင်တဲ့ Smart Hybrid Light နည်းပညာ ပါဝင်လာတာဖြစ်ပါတယ်။4MP (2560 \times 1440) ဖြစ်လို့ ရုပ်ထွက် အလွန်ကြည်လင်ပြတ်သားပါတယ်။မြင်ကွင်းကျယ် (Horizontal FOV 98°) ရရှိမှာဖြစ်လို့ အခန်းကျယ်တွေ၊ ဧည့်ခန်းတွေ သို့မဟုတ် စတိုးဆိုင်တွေမှာ နေရာအကျယ်ကြီး ခြုံငုံကြည့်ဖို့ အလွန်သင့်တော်ပါတယ်။WDR (120 dB) ပါဝင်တာကြောင့် အလင်းအမှောင် မျှတအောင် ညှိပေးတဲ့ စနစ်ပါလို့ ပြတင်းပေါက်နား သို့မဟုတ် နေရောင်စူးစူး တိုက်ရိုက်ဝင်တဲ့ နေရာတွေမှာ တပ်ရင်တောင် ရုပ်ထွက်မမည်းသွားဘဲ ကြည်လင်နေမှာပါ။ညဘက်မှာ သာမန် အဖြူအမည်းပုံစံပဲ ဖမ်းယူနိုင်ပြီး ညဘက်မှာ မီးသီးအမြဲလင်းနေပြီး အရောင် (Color) အပြည့်အစုံနဲ့ ဖမ်းယူနိုင်ပါတယ်။

IMOU Ranger 2C Pro 2K 3MP Smart WiFi Indoor Camera
200,000 Ks

IMOU Ranger 2C Pro လေးကတော့ Indoor Security Camera ဖြစ်ပြီး အိမ်တွင်းလုံခြုံရေးအတွက်တင်မကဘဲ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရှိတဲ့အိမ်တွေအတွက်ပါ အထူးသင့်လျော်ပါသည်။ 2K (3MP) Resolution ရှိလို့ ပုံရိပ်ကို ပိုမိုကြည်လင်ပြတ်သားစွာ မြင်တွေ့ရပါတယ်။ 360 ဒီဂရီ ကြည့်ရှုနိုင်တဲ့ စနစ်ပါဝင်လို့ အိမ်တွင်းဘယ်နေရာမဆို အကုန်မြင်ရပါသည်။ Wi-Fi 6 ကြောင့် လိုင်းဆွဲအားကောင်းမှုပြီး ကင်မရာကနေ ဖုန်းကို တိုက်ရိုက်ဖုန်းခေါ်လို့ရတဲ့ One-touch Call စနစ်တွေကြောင့် အဆင်ပြေတဲ့ Camera တစ်လုံးဖြစ်ပါသည်။ 

Login to chat with us