Ezviz CS-H1C 1080P Smart Wifi Indoor Camera
Ezviz CS-H1C 1080P Smart Wifi Indoor Camera အိမ်တွင်းလုံခြုံရေးအတွက် အခြေခံကျပြီး အသုံးပြုရတာ အလွန်ရိုးရှင်းတဲ့ Smart Home Camera တစ်ခုဖြစ်ပါတယ်။ 1080P Full HD: ကြည်လင်ပြတ်သားတဲ့ Full HD ရုပ်ထွက်ကို ရရှိမှာဖြစ်ပါတယ်။ 108° Wide-Angle Lens: မြင်ကွင်းကျယ်တဲ့အတွက် အခန်းတစ်ခန်းလုံးကို ခြုံငုံကြည့်ရှုဖို့ အဆင်ပြေပါတယ်။ ညဘက်အမှောင်ထဲမှာတောင် ၁၀ မီတာ (၃၂ ပေ) အကွာအဝေးအထိ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ လှုပ်ရှားမှုတွေ့တဲ့အခါ အချက်ပေးသံ (Alarm) ပေးမလား ဒါမှမဟုတ် Siren အသံပေးမလားဆိုတာ စိတ်ကြိုက်ရွေးချယ်နိုင်လို့ အဆင်ပြေစေတဲ့ device လေးဖြစ်ပါသည်။
EZVIZ CS-CB5 4K 8MP Smart Home Battery Camera
EZVIZ CS-CB5 4K 8MP Smart Home Battery Camera လေးသည် 4K ရုပ်ထွက်ဖြစ်တဲ့အတွက် ပုံရိပ်တွေက အလွန်ကြည်လင်ပြီး Zoom ဆွဲကြည့်ရင်တောင် အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ညဘက်မှာလည်း အဖြူအမဲမဟုတ်ဘဲ အရောင်အသွေးစုံလင်စွာ မြင်ရအောင် စွမ်းဆောင်ပေးပါတယ်။ Built-in 10400mAh Battery အားတစ်ခါသွင်းထားရင် ရက်ပေါင်းများစွာ အသုံးခံပါတယ်။ ကြိုး ဆွဲစရာမလိုဘဲ WiFi နဲ့ ချိတ်ဆက်ပြီး ကြိုက်တဲ့နေရာမှာ အလွယ်တကူ တပ်ဆင်နိုင်ပါသည်။
Ezviz CS-CB2 2K 4G Smart Home Battery Camera
Ezviz CS-CB2 2K 4G Smart Home Battery Camera လေးသည် အရွယ်အစားသေးငယ်ပြီး မည်သည့်နေရာတွင်မဆို တပ်ဆင်သည့်အခါ အံဝင်ခွင်ကျဖြစ်စေပါသည်။ သံလိုက်လေးနဲ့မို့ ဖြုတ်ရတပ်ရလွယ်ကူစေပြီး Bult in Battery 2000mAh ပါဝင်တာကြောင့် မီးပျက်သွားသည့်အချိန်တွင်တောင် ပုံရိပ်များကိုဖမ်းယူပေးထားနိုင်ပါသည်။ 2K Resolution နဲ့ဖြစ်ပြီး နေ့မှညထိကြည်လင်ပြတ်သားသော ရုပ်ပုံများကိုဖမ်းယူပေးနိုင်ပါသည်။
Ezviz CS-H6C G1 5MP 3K Smart Wifi Indoor Camera
Ezviz H6c G1 5MP (3K) Smart Wi-Fi Indoor Camera ကတော့ အိမ်တွင်းလုံခြုံရေးအတွက် ရုပ်ထွက်အလွန်ကြည်လင်ပြီး Smart ကျတဲ့ Feature စုံစုံလင်လင်ပါဝင်တဲ့ Next-Generation Camera အမျိုးအစားဖြစ်ပါတယ်။ရုပ်ထွက်အပိုင်းမှာ 2880×1620 Pixels အထိရှိလို့ ပုံမှန် 1080P (2MP) တွေထက် သိသိသာသာ ပိုမိုပြတ်သားကြည်လင်ပြီး အသေးစိတ်အချက်အလက်တွေကို သေချာမြင်တွေ့ရမှာပါ။ညဘက်အမှောင်ထဲမှာ ပုံမှန် အဖြူအမည်းတင်မကဘဲ ရောင်စုံ (Color) ပါ မြင်တွေ့နိုင်တဲ့စနစ် ပါဝင်ပါတယ်။ဗီဒီယိုဖိုင်တွေကို အရည်အသွေးမကျဘဲ ဖိုင်ဆိုက်ချုံ့ပေးတဲ့စနစ်ဖြစ်လို့ Storage နေရာသက်သာစေသလို Internet Bandwidth ကုန်သက်သာစေပါတယ်။ဘယ်ညာ (Pan) ကော အပေါ်အောက် (Tilt) ပါ လှည့်လို့ရလို့ အခန်းတစ်ခန်းလုံးကို ကွယ်ရာမရှိ လှည့်ပတ်စောင့်ကြည့်နိုင်ပါတယ်။သာမန် လေတိုက်လို့ လှုပ်တာမျိုးမဟုတ်ဘဲ "လူ" အသွင်သဏ္ဍာန်ကို သီးသန့်ခွဲခြားသိမြင်ပြီး ဖုန်းထဲကို Notification ပို့ပေးပါတယ်။လှုပ်ရှားသွားလာနေတဲ့ လူနောက်ကို ကင်မရာက အလိုအလျောက်လိုက်ရုံတင်မကဘဲ သေချာမြင်ရအောင် 4x အထိ Auto-Zoom ဆွဲပြီး ခြေရာခံပြသပေးပါတယ်။ဖုန်းထဲကနေ ကင်မရာရှိတဲ့နေရာက လူနဲ့ အပြန်အလှန် စကားပြောနိုင်ပါတယ်။ ထူးခြားချက်ကတော့ ကင်မရာပေါ်မှာ ပါတဲ့ Call Button လေးကို နှိပ်လိုက်ရုံနဲ့ ဖုန်းဆီကို လှမ်းပြီး ဗီဒီယိုကောလ် (Video Call) ခေါ်ဆိုနိုင်တာကြောင့် ကလေးငယ်တွေ သို့မဟုတ် သက်ကြီးရွယ်အိုတွေအတွက် အရမ်းအဆင်ပြေပါတယ်။
Ezviz CS-H6C Pro 2K Smart Wifi Indoor Camera
Ezviz CS-H6C Pro 2K Smart Wifi Indoor Camera ဟာ အိမ်တွင်းလုံခြုံရေးအတွက် ထုတ်လုပ်ထားတဲ့ Pan & Tilt (ဘေးတိုက်ရော အပေါ်အောက်ပါ လှည့်နိုင်) စမတ် ကင်မရာတစ်ခု ဖြစ်ပါတယ်။ပုံရိပ်တွေကို 2K⁺ Resolution (3 Megapixel) နဲ့ ရိုက်ကူးပေးနိုင်တဲ့အတွက် ပုံရိပ်တွေဟာ ကြည်လင်ပြတ်သားပြီး အသေးစိတ်ကို ကောင်းကောင်း မြင်နိုင်ပါတယ်။ကင်မရာဟာ ဘေးတိုက် 340° နဲ့ အပေါ်အောက် လှည့်နိုင်တဲ့အတွက် အခန်းတစ်ခုလုံးကို ခြုံငုံကြည့်ရှုနိုင်ပါသည်။ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း အခန်းကို အလိုအလျောက် လှည့်ပတ်စောင့်ကြည့်ပေးနိုင်တဲ့ Patrol Mode ပါဝင်ပါတယ်။Built-in မိုက်နဲ့ စပီကာ ပါဝင်တဲ့အတွက် ဖုန်း App ကနေတဆင့် အိမ်မှာရှိတဲ့သူတွေနဲ့ တိုက်ရိုက် စကားပြောလို့ရပါတယ်။ညဘက်မှာလည်း ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးပေးနိုင်ပါတယ်။ Smart Color Night Vision (အရောင်အသွေးနဲ့ ညဘက်ကြည့်နိုင်) က 5 မီတာအထိ မြင်နိုင်ပြီး၊ ပုံမှန် IR Night Vision ကတော့ 10 မီတာအထိ မြင်နိုင်ပါတယ်။2.4 GHz နဲ့ Wi-Fi ကို Support လုပ်တဲ့အတွက် ပိုမိုမြန်ဆန်ပြီး တည်ငြိမ်တဲ့ ဆက်သွယ်မှုကို ရရှိနိုင်ပါတယ်။EZVIZ App ကနေတဆင့် ကင်မရာကို အဝေးကနေ ထိန်းချုပ်နိုင်ခြင်း၊ Live View ကြည့်ရှုနိုင်ခြင်း၊ Alerts လက်ခံနိုင်ခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။
EZVIZ CS-H6C Pro 3K (5MP,4mm)Smart Wifi Camera
EZVIZ CS-H6C Pro ကတော့ 3K (2880 × 1620) ရုပ်ထွက်ရှိတဲ့အတွက် ပုံတွေ၊ ဗီဒီယိုတွေကို အသေးစိတ်ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်ပါတယ်။လှည့်ပတ်နိုင်ခြင်း (Pan & Tilt)- အလျားလိုက် (Horizontal) 340° နဲ့ ဒေါင်လိုက် (Vertical) 55° လှည့်ပတ်နိုင်တာကြောင့် အခန်းတစ်ခုလုံးကို အလွယ်တကူ လွှမ်းခြုံကြည့်ရှုနိုင်ပါတယ်။ ညဘက်မှာလည်း 10 မီတာ (33 ပေ) အထိ ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ပါတယ်။ လူတစ်ယောက် ဝင်လာတာကို အလိုအလျောက်သိရှိပြီး ဇမ်ချဲ့ကာ ခြေရာခံနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ အချက်ပေးသံ (false alarm) တွေကို လျှော့ချပေးနိုင်ပါတယ်။နှစ်ဖက်ပြောဆိုနိုင်ခြင်း (Two-Way Calling) ကင်မရာမှာ ပါတဲ့ ခေါ်ဆိုခလုတ် (Touch Call Button) ကိုနှိပ်ပြီး အသုံးပြုသူနဲ့ နှစ်ဖက်စလုံးကနေ ပြောဆိုဆက်သွယ်နိုင်ပါတယ်။ရုတ်တရက် အသံကျယ်ကျယ်ထွက်ပေါ်လာတာ (ဥပမာ- ကလေးငိုသံ၊ အချက်ပေးသံ) တွေကို အသိပေးနိုင်ပါတယ်။အသုံးမပြုတဲ့အခါ ကင်မရာမှန်ဘီလူးကို ပိတ်ထားနိုင်တဲ့ Sleep Mode ပါဝင်ပါတယ်။Dual-Band Wi-Fi (2.4 / 5 GHz)- 2.4 GHz နဲ့ 5 GHz Wi-Fi နှစ်မျိုးလုံးကို ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် ပိုမိုတည်ငြိမ်တဲ့ ဗီဒီယိုကြည့်ရှုမှုနဲ့ မြန်ဆန်တဲ့ ဒေတာလွှဲပြောင်းမှုကို ရရှိစေပါတယ်။512 GB အထိ ထည့်သွင်းအသုံးပြုနိုင်တဲ့ MicroSD Card Slot ပါရှိပါတယ်။
EZVIZ CS-H8C (3MP+4G) Smart Home Outdoor Camera
EZVIZ CS-H8C (3MP+4G) Smart Home Outdoor Camera လေးကတော့ တပ်ဆင်ရလွယ်ကူစေပြီး ယုံကြည်စိတ်ချရသောချိတ်ဆက်မှု့အတွက် 4G sim card ကိုထည့်သွင်းအသုံးပြုနိုင်ပါသည်။ 360° မြင်ကွင်းကျယ်ဖြင့် ကင်မရာ၏ထောင့်ကျယ်မှန်ဘီလူးဖြင့် ပတ်ဝန်းကျင်မှ ပုံရိပ်များအားလုံးကိုကြည့်ရှု့နိုင်ပါသည်။ လူနှင့် ယာဉ်များကိုခွဲခြားပေးနိုင်ပြီး လှုပ်ရှားမှု့များတွေ့သည့်အခါ Alarm ပေးထားနိုင်ပါသည်။ Color Night Vision ထည့်သွင်းထားပြီး ညအချိန်အလင်းရောင်အားနည်းသည့်အချိန်များတွင်ပင် ကြည်လင်ပြတ်သားသောပုံရိပ်များကိုဖမ်းယူပေးနိုင်ပါသည်။ Built-in mic ပါဝင်ပြီး Two-Way Talk အသုံးပြုနိုင်တာကြောင့် camera အနီးရှိလူများနှင့် စကားပြောနိုင်ပါသည်။ Weatherproof Design ဖန်တီးပြုလုပ်ထားတာကြောင့် ရာသီဥတုဒဏ်များမှလဲ ခံနိုင်ရည်ရှိပါသည်။
Ezviz CS-CB2 1080P Smart Home Battery Camera
Ezviz CS-CB2 Camera လေးသည် အရွယ်အစားသေးငယ်ပြီး မည်သည့်နေရာတွင်မဆို တပ်ဆင်သည့်အခါ အံဝင်ခွင်ကျဖြစ်စေပါသည်။ သံလိုက်လေးနဲ့မို့ ဖြုတ်ရတပ်ရလွယ်ကူစေပြီး Bult in Battery 2000mAh ပါဝင်တာကြောင့် မီးပျက်သွားသည့်အချိန်တွင်တောင် ပုံရိပ်များကိုဖမ်းယူပေးထားနိုင်ပါသည်။ 1920x1080 Resolution နဲ့ဖြစ်ပြီး နေ့မှညထိကြည်လင်ပြတ်သားသော ရုပ်ပုံများကိုဖမ်းယူပေးနိုင်ပါသည်။ လှုပ်ရှားမှု့တိုင်းကို အချိန်နှင့်တပြေးညီသိရှိနိုင်ပြီး အိမ်တွင် ကလေးမော်နီတာ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်ကင်မရာအဖြစ် နှစ်လမ်းသွား ဆက်သွယ်မှုများကို ပံ့ပိုးပေးပါသည်။
Ezviz CS-C3TN Pro (A0-1H3WKFL1)
Ezviz ကထုတ်တဲ့ CS-C3TN Pro မှာတော့ 1/2.7”Progressive Scan CMOS Senser နဲ့ 2.8 mm @ F2.0, view angle: 106° (Horizontal), 122°(Diagonal) အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Image 1920 × 1080 px နဲ့ Micro SD card slot (Max. 256 GB) ထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ IP67 ပါဝင်တာကြောင့် ရေစိုခံသည့်အပြင် Night Vision Distance (Black/White Night Vision Mode) Max. 30 m (98 ft) ထိ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။