Remax U2 AC 67W GaN Charger
Remax U2 AC 67W GaN Charger သည် Charger အရွယ်အစားက သေးသေးလေးနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်နေပေမဲ့ အားသွင်းနှုန်းကတော့ အလွန်မြန်ပါတယ်။ အပူထွက်တာလည်း ပုံမှန် Charger တွေထက် သက်သာပါတယ်။အားသွင်းနေစဉ်မှာ ဘယ်နှစ် Watt နဲ့ အားဝင်နေလဲဆိုတာကို Real-time ပြသပေးတဲ့ Screen သေးသေးလေး ပါဝင်ပါတယ်။Port နှစ်ခု ပါဝင်တဲ့အတွက် စက်ပစ္စည်း နှစ်ခုကို တစ်ပြိုင်တည်း အားသွင်းလို့ ရပါတယ်။
Remax U2 100W GaN Fast Charging Adapter
Remax U2 (RP-U2) 100W GaN Fast Charging Adapter ဟာ နည်းပညာမြင့် GaN (Gallium Nitride) ကို အသုံးပြုထားတဲ့အတွက် အရွယ်အစား သေးငယ်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ Charger တစ်ခု ဖြစ်ပါတယ်။ Laptop, Tablet နဲ့ Phone တွေကို တစ်ပြိုင်နက်တည်း အမြန်အားသွင်းဖို့အတွက် အဆင်ပြေအောင် ထုတ်လုပ်ထားပါတယ်။Type-C ပေါက်တစ်ခုတည်း သုံးမယ်ဆိုရင် 100W Max အထိ ထွက်ပေးနိုင်လို့ MacBook Pro လို Laptop ကြီးတွေကို အပြည့်အဝ အားသွင်းပေးနိုင်ပါတယ်။USB-A Output ကတော့ 30W Max အထိ ထွက်ပါတယ်။အပူထွက် သက်သာစေပြီး အားသွင်းနှုန်းကို ပိုမိုတည်ငြိမ် မြန်ဆန်စေပါတယ်။ ပုံမှန် 100W Charger တွေထက် အရွယ်အစား ပိုမိုကျစ်လစ်ပါတယ်။ PD 3.0, QC 4+, PPS, FCP, SCP အစရှိတဲ့ Fast Charging Protocols မျိုးစုံကို Support လုပ်ပါတယ်။
Anker A2147613 511 Nano III 30W Charger
Anker A2147613 511 Nano III 30W Charger သည် အားသွင်းခေါင်းက သေးငယ်နေပေမဲ့ အပူထွက်တာကို လျှော့ချပေးပြီး လျှပ်စစ်စီးဆင်းမှု ပိုမိုကောင်းမွန်စေပါတယ်။တစ်နေ့ကို အကြိမ်ရေ ၃ သန်းကျော် အပူချိန်ကို အလိုအလျောက် စစ်ဆေးပေးတဲ့အတွက် Device တွေ အားသွင်းတဲ့အခါ အပူလွန်ကဲမှုဒဏ်ကနေ စိတ်ချရပါတယ်။US version တွေမှာ အားသွင်းငုတ်ကို ခေါက်သိမ်းထားလို့ရတဲ့အတွက် အိတ်ထဲထည့်သွားရင် တခြားပစ္စည်းတွေ ခြစ်မိမှာကို စိုးရိမ်စရာမလိုပါဘူး။
Jokade JB054 PD65W Fast Charger
Jokade JB054 PD65W Fast Charger သည် iPhone, Samsung နဲ့ တခြား Android ဖုန်းတွေကို အမြန်ဆုံး အားသွင်းပေးနိုင်ရုံတင်မကဘဲ PD 65W Support ပေးတဲ့ Laptop/MacBook တွေကိုပါ အားသွင်းဖို့ သင့်တော်ပါတယ်။Over-current, Over-voltage နဲ့ Short-circuit ကာကွယ်ရေး စနစ်တွေ ပါဝင်တဲ့အတွက် ဖုန်းနဲ့ Charger အတွက် စိတ်ချရပါတယ်။GaN Tech ကြောင့် ခရီးသွားရင်း သယ်ဆောင်ရ လွယ်ကူပြီး မီးပလပ်ခုံမှာ နေရာစား သက်သာပါတယ်။
Remax RP-U185 45W GaN Fast Charging Adapter
Remax RP-U185 45W GaN Fast Charging Adapter လေးကတော့Type-C PD 45W Output နဲ့အသုံးပြုနိုင်မှာဖြစ်ပြီး First Charging Support ပေးမှာဖြစ်ပါသည်။တခြား Charger တွေထက် ပိုမိုသေးငယ်ကျစ်လစ်လို့ သယ်ယူသိမ်းဆည်းရ လွယ်ကူပြီး Charging Protection စနစ်ပါတာကြောင့် ဖုန်းဘက်ထရီထိခိုက်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။
Remax CA05 45W GaN Fast Charger
Remax CA05 45W GaN Fast Charger Head လေးကတော့ GaN Charger လေးဖြစ်လို့ Battery Health ထိခိုက်မှုကိုလည်း သက်သာစေပါသည်။ USB-C နဲ့ USB-A port နှစ်ခုပါဝင်တာကြောင့် ဖုန်းနှစ်လုံး ဒါမှမဟုတ် ဖုန်းနဲ့ နားကြပ်လိုမျိုး ကိရိယာနှစ်ခုကို တစ်ပြိုင်တည်း အားသွင်းနိုင်ပါတယ်။ USB-C port ကနေ 45W အားသွင်းနိုင်ပြီး၊ USB-A port ကနေတော့ 18 W အထိ ထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ပေါင်းစပ်အားသွင်းရင်တော့ အမြင့်ဆုံး 45W ကိုပဲ ထုတ်ပေးနိုင်ပါတယ်။ ကျစ်ကျစ်လစ်လစ် သေးသေးလေး design လေးဖြစ်တာမလို့ သွားလေးရာကို အလွယ်တကူ ယူသွားနိုင်ပါသည်။
Gerlax A6M PD20W Charger
Gerlax ရဲ့ A6M PD20W Charger လေးကတော့ 20W ထိ Out put ပေးနိုင်မှာဖြစ်ပါသည်။ PD standar ဖြစ်လို့ device တွေကို safe negotiation ဖြင့် အမြန် ဖြည့်တင်းပေးနိုင်ပြီး over charging ကိုလည်း လျော့ပါးစေပါသည်။ ခရီးသွားရင်းယူသွားမလား အလုပ်သွားရင်းပဲယူသွားမလား ပေါ့ပါးပြီးသယ်ဆောင်ရလွယ်တဲ့ ပစ္စည်းလေးဖြစ်ပါသည်။
Remax CA09 C30W Gan Fast Charger Head
Remax CA09 C30W Gan Fast Charger Head လေးကတော့Type-C PD 30W Output နဲ့အသုံးပြုနိုင်မှာဖြစ်ပြီး First Charging Support ပေးမှာဖြစ်ပါသည်။တခြား Charger တွေထက် ပိုမိုသေးငယ်ကျစ်လစ်လို့ သယ်ယူသိမ်းဆည်းရ လွယ်ကူပြီး Charging Protection စနစ်ပါတာကြောင့် ဖုန်းဘက်ထရီထိခိုက်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။
V.Jun MFI 65W GaN Charger
V.Jun ရဲ့ MFI 65W GaN Charger လေးကတော့ Conductivity ပိုကောင်းမယ်။ တစ်ခြား Charger လေးတွေထက်သေးတဲ့အတွက်ကြောင့် သယ်ရလွယ်ကူသလို ကျစ်ကျစ်လစ်လစ်လေးနဲ့ ကိုင်ရအဆင်ပြေပါသည်။ Body ပိုင်းကို ABS အမာသားသုံးပေးထားပါသည်။ 65W Output ထိရနိုင်လို့ Phone Model အများစု နှင့် Macbook တွေအထိပါ အားသွင်းလို့ရပါသည်။
Borofone DBA26 33W Dual Port Charger
Borofone ရဲ့ DBA26 33W Dual Port Charger လေးရဲ့အားသာချက်တွေကတော့ Quick Charging Techology ပြုလုပ်ထားတဲ့အတွက်ကြောင့် အားများကို လျင်မြန်စွာပြည့်စေပါသည်။ ပို့ဆောင်ရလွယ်သလို ခရီးသွားရာတွင်လည်း အလွယ်တကူ အသုံးပြုလို့ရမယ့် ပစ္စည်းလေးဖြစ်ပါသည်။
Anker A2147633 511 Nano III 30W Charger
Anker A2147633 511 Nano III 30W Charger ဟာ 30W စွမ်းအင်ထုတ်ပေးနိုင်တဲ့ Anker ရဲ့ အလွန်သေးငယ်ပြီး အားသွင်းနှုန်းမြန်တဲ့ GaN (Gallium Nitride) နည်းပညာသုံး USB-C Wall Charger တစ်ခုဖြစ်ပါတယ်။ActiveShield 2.0 စနစ်က အားသွင်းနေစဉ်အတွင်း အပူချိန်ကို စဉ်ဆက်မပြတ်စစ်ဆေးပြီး အပူလွန်ကဲမှုမရှိစေရန် အလိုအလျောက် ချိန်ညှိပေးတဲ့အတွက် အားသွင်းစဉ်မှာ စိတ်ချရပြီး သင့်ရဲ့ Device တွေရဲ့ ဘက်ထရီကိုလည်း အကာအကွယ်ပေးပါတယ်။
Anker A2340P13 747 150W GaN Charger
Anker A2340P13 747 Charger (GaNPrime 150W) ဟာ စွမ်းအားမြင့်ပြီး အားသွင်းပေါက်များစွာပါဝင်တဲ့ Multi-port Wall Charger တစ်ခုဖြစ်ပါတယ်။Anker GaNPrime စီးရီးထဲကဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ GaN (Gallium Nitride) နည်းပညာကို အသုံးပြုထားတာကြောင့် အားသွင်းစွမ်းရည် မြင့်မားပေမယ့် အရွယ်အစားက သေးငယ်ကျစ်လစ်နေပါတယ်။မည်သည့် USB-C Port မဆို 100W အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ဆီလီကွန်အစား GaN ကို အသုံးပြုထားခြင်းကြောင့် အပူထုတ်လုပ်မှု နည်းပါးပြီး အရွယ်အစားသေးငယ်စေကာ စွမ်းအင်ထိရောက်မှု ပိုမိုမြင့်မားစေပါတယ်။အပူချိန်ကို တစ်ရက်လျှင် သန်း ၃ သန်းကျော် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးပြီး အားသွင်းစွမ်းအားကို လိုအပ်သလို ချိန်ညှိကာ အပူလွန်ကဲခြင်းမှ ကာကွယ်ပေးတဲ့ လုံခြုံရေးစနစ် ပါဝင်ပါတယ်။laptop ၂ လုံးနဲ့ ဖုန်း ၂ လုံးကို တစ်ပြိုင်နက် အားသွင်းနိုင်ပါတယ်။