Phone & Tablet Holder Reset
Jokade JE013 Lazy Mobile Phone Holder
29,000 Ks

Jokade JE013 Lazy Mobile Phone Holder လေးသည် ဖုန်းကို လက်ကကိုင်စရာမလိုဘဲ စိတ်ကြိုက်အနေအထားနဲ့ ကြည့်ရှုနိုင်ဖို့ အရည်အသွေးမြင့် ABS, Silicone နဲ့ Metal Iron တို့ကို ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Flexible Phone Holder ဖြစ်ပါသည်။ အတွင်းပိုင်းကို ခိုင်ခံ့တဲ့ Alloy Hose နဲ့ ပြုလုပ်ထားလို့ မိမိနှစ်သက်တဲ့ အနေအထား ရောက်အောင် လွယ်လွယ်ကူကူ ကွေးညွှတ်နိုင်ပြီး ပုံစံမပျက်ဘဲ တည်ငြိမ်မှုရှိစေပါသည်။ စားပွဲ ဒါမှမဟုတ် ကုတင်ခေါင်းရင်းတွေမှာ တပ်ဆင်တဲ့အခါ Screw စနစ်နဲ့ လှည့်ပတ်ပိတ်ရတာကြောင့် ဖုန်းပြုတ်ကျခြင်း၊ လျှောကျခြင်း မရှိဘဲ ကျစ်ကျစ်လစ်လစ် ရှိစေပါသည်။ ဖုန်းညှပ်တဲ့အပိုင်းကို ၃၆၀ ဒီဂရီ စိတ်ကြိုက်လှည့်နိုင်လို့ ဖုန်းကို ဒေါင်လိုက် (Portrait) ရော အလျားလိုက် (Landscape) ပါ အဆင်ပြေပြေ ကြည့်နိုင်ပါသည်။ Clip အကျယ်ကို ပိုမိုကျယ်ပြန့်အောင် ပြုလုပ်ထားလို့ ဖုန်းအမျိုးအစား တော်တော်များများကို ညှပ်နိုင်ပြီး ခိုင်ခံ့မှုရှိပါသည်။ 

Foomee FH105 Motor Stand Phone Holder
8,000 Ks

Foomee ရဲ့ Stand Phone လေးကတော့ စက်ကြွ/ လှုပ်ယမ်းခြင်း များကို အလွယ်တကူ ထိန်းထားပေးနိုင်မယ့် ပစ္စည်းလေးပဲဖြစ်ပါတယ်။ ထားရတပ်ရ လွယ်ကူတဲ့အတွက်ကြောင့်လည်း အချိန်ကုန်မှုကိုသက်သာစေပါတယ်။ အချို့  design တွေမှာ non-scratch soft cushion  လည်းထည့်ပေးထားတဲ့အတွက် ဖုန်း frame/ camera lens bump အနည်းငယ်ပါ ကာကွယ်နိုင်ပါတယ်။

Hoco H13 Ultra Thin Strong Magnetic Center Console Car Holder
29,500 Ks

Hoco ကထုတ်ထားတဲ့ H13 Ultra Thin Strong Magnetic Center Console Car Holder လေးသည် ကားထဲမှာ ဖုန်းကိုလုံခြုံစွာတပ်ဆင်ထားနိုင်စေမည့် Car Holder လေးဖြစ်ပါသည်။ 4.5 inch မှ 7 inch အထိ ဖုန်းအားလုံးကိုတပ်ဆင်အသုံးပြုနိုင်ပြီး ဖုန်းကို 360 ဒဂရီ လှည့်နိုင်တဲ့ magnetic head ပါဝင်ပါသည်။ Material ABS Plastic ကိုအသုံးပြုပေးထားတာကြောင့် အကြမ်းခံပြီး ရေရှည်အသုံးပြုရအဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။

Bathroom Mobile Phone Waterproof Box
23,000 Ks

Bathroom Mobile Phone Waterproof Box လေးကတော့ ရေစက်၊ ရေငွေ့စို၊ အဆီသန့်စင်ဆေးစသည့်အရာများကနေကာကွယ်ပေးနိုင်ပါသည်။

W9 Folding Phone And Tablet Stand
33,500 Ks

W9 Folding Phone And Tablet Stand လေးသည် ခိုင်ခံ့တည်ငြိမ်သောဒီဇိုင်း၊ လိုက်ဖက်သောအရွယ်အစား 7-15inches ရှိတာကြောင့် Tablet (သို့မဟုတ်) iPad များနှင့်အသုံးပြုနိုင်ပါသည်။