Tecno Watch 3 Active
129,900 Ks

Tecno Watch 3 Active လေးသည် Screen Size 2.02inch ရှိပြီး IPS Display ကိုအသုံးပြုပေးထားပါသည်။ Resolution: 320 × 390 pixels နဲ့ဖြစ်ပြီး Stylish black design နှင့် durable silicone strap ကို အသုံးပြုပေးထားတာကြောင့် ဝတ်ဆင်ရာတွင် သက်တောင့်သက်သာရှိစေပါသည်။ Heart Rate Sensor နှင့် Sleep Monitoring စနစ်များပါဝင်သဖြင့် ကျန်းမာရေးအခြေအနေကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ပါသည်။ Pedometer နှင့် GPS Function များပါဝင်သဖြင့် လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကို တိကျစွာမှတ်သားပေးနိုင်ပါသည်။ Water & Dust Resistant Design ဖန်တီးပြုလုပ်ထားတာကြောင့် ရေစို/ချွေးစို ခံနိုင်ရည်ရှိပြီး Voice Call Function နှင့် Vibration Alert တို့ပါဝင်တာကြောင့် notification များကို မလွတ်စေဘဲ အလွယ်တကူဆက်သွယ်ပေးနိုင်ပါသည်။ Battery Capacity 350mAh ပါဝင်တာကြောင့် အချိန်အတော်ကြာအသုံးပြုနိုင်သော Smart Watch လေးဖြစ်ပါသည်။

product_img1
  • " data-item-price="1,569,000 Ks" data-item-avail="" data-item-availdesc="">
Garmin Forerunner 265S GPS Running Smart Watch
1,569,000 Ks

Garmin Forerunner 265S ကတော့ အပြေးသမားတွေနဲ့ အားကစားဝါသနာရှင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ Premium Mid-range GPS Running Smartwatch တစ်လုံးဖြစ်ပါတယ်။ Forerunner 255 Series ရဲ့ အဆင့်မြှင့်တင်မှုဖြစ်ပြီး ဒီဇိုင်း၊ မျက်နှာပြင်နဲ့ လုပ်ဆောင်ချက်ပိုင်းမှာ သိသိသာသာ ကောင်းမွန်လာပါတယ်။အရောင်အသွေးစုံလင်ပြီး တောက်ပတဲ့ AMOLED Touchscreen Display ကို သုံးထားပါတယ်။ နေပူထဲမှာလည်း ရှင်းလင်းစွာ မြင်ရပါတယ်။"S" က Small ကို ဆိုလိုတာဖြစ်ပြီး မျက်နှာပြင် 42mm ရှိပါတယ်။၃၉ ဂရမ်ပဲ ရှိတဲ့အတွက် အလွန်ပေါ့ပါးပြီး အပြေးပြိုင်ပွဲတွေမှာ ဝတ်ဆင်ထားရင်လည်း အလေးချိန်ကြောင့် အနှောင့်အယှက် မဖြစ်စေပါဘူး။မျက်နှာပြင်ကို အစုတ်အခြစ်ခံနိုင်အောင် ခိုင်ခံ့တဲ့ မှန်သားနဲ့ ကာကွယ်ထားပါတယ်။အိပ်စက်မှု အရည်အသွေး၊ Recovery Time၊ Training Load နဲ့ စိတ်ဖိစီးမှု (Stress) တွေအပေါ် မူတည်ပြီး ဒီနေ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ဖို့ သင့်တော်လား၊ နားသင့်လားဆိုတာကို Score (၁ မှ ၁၀၀) နဲ့ တွက်ချက်ပြသပေးပါတယ်။တောတောင်တွေထဲမှာဖြစ်ဖြစ်၊ အရပ်မြင့်အဆောက်အဦတွေကြားမှာဖြစ်ဖြစ် GPS လမ်းကြောင်း ပိုမိုတိကျစေဖို့ Multi-band tracking စနစ် ပါဝင်ပါတယ်။ SatIQ နည်းပညာကတော့ ဘက်ထရီသက်တမ်း ပိုခံအောင် GPS Mode ကို လိုအပ်သလို အလိုအလျောက် ပြောင်းလဲပေးပါတယ်။Spotify, Deezer သို့မဟုတ် Amazon Music တို့ကနေ သီချင်းတွေကို နာရီထဲ Download ဆွဲထည့်ထားပြီး ဖုန်းမပါဘဲ Bluetooth နားကြပ်နဲ့ ချိတ်ဆက်နားဆင်နိုင်ပါတယ်။Smartwatch Mode ထားမယ်ဆို ၁၅ ရက်အထိ ခံပြီး GPS-Only Mode ထားရင်တော့ ၂၄ နာရီအထိ အသုံးခံပါတယ်။

Huawei Watch Fit 5
479,000 Ks

Huawei Watch Fit 5 သည် screen size 1.82inch နဲ့ဖြစ်ပြီး ‌AMOLED display နဲ့အသုံးပြုလို့ရမှာဖြစ်ပါသည်။ 
480 x 408 pixels resolution ကို အသုံးပြုပေးထားတာဖြစ်လို့ ကြည့်လင်တဲ့ အမြင်ကို ပေးစွမ်းပါသည်။ GPS ပါဝင်ပြီး လမ်းလျှောက်တာ ၊  စက်ဘီးစီးတာ စတဲ့ လှုပ်ရှားမှုများကို ဖုန်းမလိုဘဲ မှတ်တမ်းတင်နိုင်သည်။ ကျန်းမာရေးအနေနဲ့ Heart rate monitor, SpO₂ စစ်ဆေးမှု၊ Sleep mode ၊ Stress level စစ်ဆေးမှုများ ပါဝင်သည်။ Battery Li-Ion ကိုမှာ 471 mAh ပါဝင်လို့ အချိန်ကြာကြာ ပြန်လည်အသုံးပြုလို့ရမယ့် watch လေးဖြစ်ပါသည်။ 

Garmin Vivoactive 6 Health & Fitness GPS Smart Watch
1,429,000 Ks

Garmin Vivoactive 6 (သို့မဟုတ် Vivoactive Series) ဟာ ကျန်းမာရေးနဲ့ ကိုယ်လက်လှုပ်ရှားမှုကို အဓိကထားတဲ့ Smartwatch အမျိုးအစားဖြစ်ပါတယ်။တစ်နေ့တာလုံး သင့်ခန္ဓာကိုယ်မှာ စွမ်းအင် ဘယ်လောက်ကျန်သေးလဲဆိုတာကို တိုင်းတာပေးပါတယ်။ ဘယ်အချိန်မှာ အနားယူသင့်ပြီး ဘယ်အချိန်မှာ အလုပ်လုပ်သင့်လဲဆိုတာ သိနိုင်ပါတယ်။အိပ်စက်မှု အရည်အသွေးကို အသေးစိတ် တိုင်းတာပေးရုံတင်မကဘဲ ပိုမိုကောင်းမွန်အောင် ဘယ်လိုအိပ်စက်ရမလဲဆိုတဲ့ အကြံပြုချက်တွေ ပေးပါတယ်။စိတ်ဖိစီးမှုအဆင့်ကို တိုင်းတာပေးပြီး အရမ်းများနေရင် အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့ သတိပေးတတ်ပါတယ်။ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ဂေါက်သီးရိုက်ခြင်းအပြင် အိမ်တွင်းလေ့ကျင့်ခန်း (Yoga, HIIT, Pilates) ပေါင်း ၃၀ ကျော် ပါဝင်ပါတယ်။လေ့ကျင့်ခန်းလုပ်နည်းတွေကို နာရီမျက်နှာပြင်ပေါ်မှာတင် ပုံရိပ်ယောင်နဲ့ ပြသပေးတဲ့အတွက် နည်းပြမလိုဘဲ လေ့ကျင့်နိုင်ပါတယ်။မာရသွန်ပြေးဖို့ ပြင်ဆင်နေသူတွေအတွက် အခမဲ့ Training Plans တွေ ရယူနိုင်ပါတယ်။ဖုန်းထဲက သီချင်းတွေကို နာရီထဲထည့်ပြီး နားဆင်နိုင်သလို၊ ဖုန်းလာတာနဲ့ Notification တွေကိုလည်း နာရီမှာတင် ကြည့်နိုင်ပါတယ်။Battery Life ကတော့ စမတ်နာရီ Mode နဲ့ဆိုရင် ၁၁ ရက်ဝန်းကျင် အသုံးခံပါတယ်။

Apple Watch Series 11 46mm (Thai)
2,450,000 Ks

Apple Watch Series 11 ဟာ နေ့စဉ်သုံးအတွက် သာမန်အားကစား လှုပ်ရှားမှုတွေကနေ စပြီး အဆင့်မြင့် ကျန်းမာရေး စောင့်ကြည့်မှု အထိ လိုအပ်တဲ့သူတွေအတွက် အသင့်တော်ဆုံး မော်ဒယ်ဖြစ်ပါတယ်။မျက်နှာပြင် ကတော့ Always-On Retina Display ဖြစ်ပြီး အမြင့်ဆုံး 2000 nits အထိ ရောင်ခြည်ထုတ်လွှတ်နိုင်ပါတယ်။မှန်သားပြင်ကို ခြစ်ရာဒဏ်နှစ်ဆပိုမိုခံနိုင်သော (2x more scratch resistant) Ion-X glass ဖြင့် ကာကွယ်ထားပါတယ်။နာရီထဲက အာရုံခံကိရိယာများမှ ရရှိသော နှလုံးခုန်နှုန်း အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး သွေးတိုးရောဂါ (Hypertension) ဖြစ်နိုင်ခြေရှိသော လက္ခဏာများကို သတိပေး နိုင်ပါတယ်။သုံးစွဲသူ၏ အိပ်စက်မှု အရည်အသွေး (Duration, Bedtime Consistency, Interruptions) များကို အကဲဖြတ်ပြီး Sleep Score (အိပ်စက်မှု အမှတ်) ကို ပေးနိုင်ပါတယ်။ECG (နှလုံးလျှပ်စစ်လှိုင်းပုံစံ) ၊သွေးတွင်းအောက်ဆီဂျင် (Blood Oxygen) ၊နှလုံးခုန်နှုန်း အမြင့်/အနိမ့် သတိပေးချက်များ ၊အမျိုးသမီးများအတွက် ရာသီစက်ဝန်းခြေရာခံခြင်း (Cycle Tracking) ၊လက်ကောက်ဝတ် အပူချိန် တိုင်းတာခြင်း (Wrist Temperature Sensing) ၊အရေးပေါ် SOS၊ နိုင်ငံတကာ အရေးပေါ်ခေါ်ဆိုမှု (International Emergency Calling)၊ ယာဉ်တိုက်မှု ရှာဖွေခြင်း (Crash Detection) နှင့် လဲကျမှု ရှာဖွေခြင်း (Fall Detection) တို့ ပါဝင်ပါတယ်။ပုံမှန် အသုံးပြုမယ်ဆို ၄ နာရီအထိ ခံနိုင်ရည်ရှိပြီး Low Power Mode ဖြင့်သုံးမည်ဆိုလျှင် ၃၈ နာရီအထိ ရရှိနိုင်ပါတယ်။၁၅ မိနစ် အားသွင်းရုံဖြင့် ၈ နာရီအထိ အသုံးပြုနိုင်ပါတယ်။

Mibro XPAW026 GT Smart Watch
314,000 Ks

Mibro XPAW026 GT Smart Watch လေးသည် Screen Size 1.43inch ရှိပြီး Amoled Display ကိုအသုံးပြုပေးထားပါသည်။ 466 x 466 Resolution ရှိတာကြောင့် အရောင်အသွေး စိုပြည်ကြည်လင်စေပြီး PPI 326 နဲ့ Peak Brightness 600nit အထိ ရှိတာကြောင့် နေရောင်အောက်မှာတောင် အချက်အလက်တွေကို သဲသဲကွဲကွဲ မြင်တွေ့နိုင်ပါသည်။ အပြင်ထွက် လမ်းလျှောက်တာ၊ ပြေးတာ ဒါမှမဟုတ် ခရီးသွားတဲ့အခါ တည်နေရာကို တိတိကျကျ သိနိုင်ဖို့ GPS, Beidou, GLONASS, Galileo နဲ့ QZSS function များပါဝင်ပါသည်။ ကျန်းမာရေးကို ၂၄ နာရီ စောင့်ကြည့်ပေးမယ့် Heart Rate (နှလုံးခုန်နှုန်း)၊ Blood Oxygen (သွေးတွင်းအောက်ဆီဂျင်) နဲ့ Acc Sensor တွေ ပါဝင်တဲ့အပြင် 5ATM ရေစိုခံစနစ် ပါဝင်တာကြောင့် ရေကူးတဲ့အခါ ဒါမှမဟုတ် မိုးရွာတဲ့အခါမှာလည်း စိတ်ပူစရာမလိုဘဲ ဝတ်ဆင်နိုင်ပါသည်။ Bluetooth V5.3 ကို အသုံးပြုထားလို့ ဖုန်းနဲ့ ချိတ်ဆက်ရတာ မြန်ဆန်ပြီး ဖုန်းပြောခြင်း (BT-Calling) ကိုလည်း တိုက်ရိုက်ပြုလုပ်နိုင်ပါသည်။

Mibro XPSWY007 S1 Smart Watch
503,000 Ks

Mibro XPSWY007 S1 Smart Watch လေးကတော့ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ smart နာရီဖြစ်ပါသည်။ Lithium Battery ပါဝင်ပြီး 5.0V DC / 0.6A Max နဲ့ အားသွင်းလို့ရပါသည်။ Sim ထည့်သုံးလို့ရပြီး နာရီမှာ Camera ပါဝင်တဲ့အတွက် ဖုန်းပြောရုံတင်မကဘဲ ရုပ်ထွက်ကြည်လင်တဲ့ Video Call ပါ ခေါ်ဆိုနိုင်ပါသည်။ IP68 ရေစိုခံစနစ်ပါဝင်တာဖြစ်လို့ အကြမ်းခံစေပါသည်။ ကျောင်းသွားတဲ့အခါ ဒါမှမဟုတ် အပြင်သွားတဲ့အခါ မိဘတွေနဲ့ အဆက်အသွယ်မပြတ်အောင် လုပ်ဆောင်ပေးနိုင်တဲ့အတွက်အလွန်အသုံးဝင်ပါသည်။ 

Mibro XPSWP004 P6 Kids Smart Watch
261,500 Ks

Mibro XPSWP004 P6 Kids Smart Watch လေးသည် 4G Network ကိုထောက်ပံ့ပေးထားသောကြောင့် မြန်ဆန်တဲ့ ဆက်သွယ်မှု့ကိုရရှိစေပါသည်။ Bluetooth 4.2 ပါဝင်တဲ့အပြင် Mibro Kids App ကနေတစ်ဆင့် မိဘနဲ့ကလေးတို့ Video Call, Voice Call တွေ ခေါ်ဆိုပြုလုပ်နိုင်ပါသည်။ Battery Capacity 600mAh ပါဝင်ပြီး Lithium Battery ကိုအသုံးပြုပေးထားပါသည်။ ကလေးရဲ့ တည်နေရာကို တိကျစွာ သိရှိနိုင်ဖို့ အဆင့်မြင့် နည်းပညာ (၇) မျိုးပါဝင်ပြီး အားတစ်ခါသွင်းထားရုံနဲ့ ၁၂ ရက်အထိ Standby အသုံးခံပါသည်။ အရေးပေါ်အခြေအနေဆိုရင် Power Button ကို ဖိနှိပ်ထားရုံနဲ့ မိဘတွေဆီ SOS Signal နဲ့ တည်နေရာကို ချက်ချင်း ပို့ဆောင်ပေးနိုင်ပါသည်။ Class Mode ပါဝင်တာကြောင့် စာသင်ချိန်မှာ ကလေး အာရုံမပျံ့လွင့်အောင် ပိတ်ထားလို့ရပါသည်။ Waterproof 2ATM အဆင့်ရှိတာကြောင့် ရေစိုခံနိုင်ပါသည်။ Built-in Speaker ပါဝင်လို့ အသံကြည်လင်စွာ နားထောင်နိုင်ပါသည်။ SOS အရေးပေါ်ခလုတ်ပါဝင်ပြီး အန္တရာယ်ရှိပါက မိဘထံသို့ သတိပေးချက်များ ပို့ပေးနိုင်ပါတယ်။

Apple Watch SE 3 40mm
1,190,000 Ks

Apple Watch SE 3 မှာဆိုရင်တော့ Fast charging စနစ်ကြောင့် 45 minutes အတွင်းမှာ 80 % အထိ အားသွင်းနိုင်မှဖြစ်ပါတယ်။ OLD ( LTPO ) ကိုအသုံးပြုပေးထားပြီး Alway -On Retina Display နဲ့ဖြစ်ပါတယ်။ Premium design ဖြစ်တဲ့ Aluminum Case နဲ့ဖြစ်ပြီး Health Features အနေနဲ့ သူ့ရဲ့ နဂိုရှိရင်းစွဲ Health Features တွေအပြင် Sleep Apnea ( အိပ်နေစဉ်အသက်ရှူရပ်ခြင်း) အတွက် သိရှိတိုင်းတာနိုင်မယ့် Feature ကိုထည့်သွင်းထားလို့ ကျန်းမာရေးစောင့်‌ရှောက်မှုအတွက် အရေးပါတဲ့ စမတ်နာရီတစ်လုံးဖြစ်ပါသည်။ Water resistant up to 50 m footnote 19 ပါဝင်ပြီး S10 chip  ကိုအသုံးပြုပေးထားပါသည်။ 

Apple Watch SE 3
1,530,000 Ks

Apple Watch SE 3 မှာဆိုရင်တော့ Fast charging စနစ်ကြောင့် 45 minutes အတွင်းမှာ 80 % အထိ အားသွင်းနိုင်မှဖြစ်ပါတယ်။ OLD ( LTPO ) ကိုအသုံးပြုပေးထားပြီး Alway -On Retina Display နဲ့ဖြစ်ပါတယ်။ Premium design ဖြစ်တဲ့ Aluminum Case နဲ့ဖြစ်ပြီး Health Features အနေနဲ့ သူ့ရဲ့ နဂိုရှိရင်းစွဲ Health Features တွေအပြင် Sleep Apnea ( အိပ်နေစဉ်အသက်ရှူရပ်ခြင်း) အတွက် သိရှိတိုင်းတာနိုင်မယ့် Feature ကိုထည့်သွင်းထားလို့ ကျန်းမာရေးစောင့်‌ရှောက်မှုအတွက် အရေးပါတဲ့ စမတ်နာရီတစ်လုံးဖြစ်ပါသည်။ Water resistant up to 50 m footnote 19 ပါဝင်ပြီး S10 chip  ကိုအသုံးပြုပေးထားပါသည်။ 

Remax Watch 32 High-Precision GPS Sport Smart Watch
503,500 Ks

1.43-inch AMOLED Screen ရုပ်ထွက်ကြည်လင်ပြီး နေရောင်အောက်မှာပါ အကြည်လင်ဆုံး မြင်တွေ့ရမှာဖြစ်ပါတယ်။Zinc Alloy Case နဲ့ Silicone Strap ကို အသုံးပြုထားလို့ ခိုင်ခံ့ပြီး စတိုင်ကျပါတယ်။5ATM (50 Meters) အထိ ရေစိုခံနိုင်စွမ်းရှိလို့ ရေကူးတဲ့နေရာမှာပါ စိတ်ချလက်ချ ဝတ်ဆင်နိုင်ပါတယ်။470mAh Battery ပါဝင်ပြီး ပုံမှန်အသုံးပြုရင် (Normal Use) ၅ ရက်ကနေ ၇ ရက် ဝန်းကျင်အထိ အသုံးခံပါတယ်။L1+L5 Dual-frequency GPS ပါဝင်လို့ တောတောင်တက်တာ၊ လမ်းလျှောက်တာနဲ့ အပြေးလေ့ကျင့်ခန်းတွေမှာ တိကျတဲ့ လမ်းကြောင်းပြသမှုကို ရရှိစေမှာပါ။အားကစားပုံစံပေါင်း ၁၀၀ ကျော် (100+ Sports Modes) ပါဝင်ပြီး လမ်းလျှောက်ခြင်း၊ အပြေး၊ စက်ဘီးစီးခြင်း စတဲ့ အခြေခံ ၅ မျိုးကို အလိုအလျောက် မှတ်သားပေးနိုင်ပါတယ်။နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင် (SpO2)၊ အိပ်စက်မှုမှတ်တမ်းနဲ့ စိတ်ဖိစီးမှုတိုင်းတာခြင်း စတဲ့ ကျန်းမာရေးစောင့်ကြည့်မှုတွေ အပြည့်အစုံပါဝင်ပါတယ်။Bluetooth Calling (ဖုန်းပြောခြင်း)၊ အကြောင်းကြားချက်များ (Notifications) ကြည့်ရှုခြင်းနဲ့ စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ Watch Faces ပေါင်းများစွာ ပါဝင်ပါတယ်။

Garmin Venu 4 45mm Health Fitness GPS Smart Watch
2,309,000 Ks

Garmin Venu 4 (45mm) သည် ၁.၂ လက်မရှိတဲ့ AMOLED မျက်နှာပြင်က အလွန်တောက်ပပြီး အရောင်စိုပါတယ်။Venu 4 ရဲ့ အသစ်ပါလာတဲ့ Feature ဖြစ်ပါတယ်။ လက်ပတ်နာရီမှာ မီးသီးလေးပါဝင်လာလို့ မှောင်တဲ့နေရာတွေမှာ မီးအိမ်သဖွယ် အသုံးပြုနိုင်ပါတယ်။ပိုမိုခိုင်ခံ့ပြီး ပရီမီယံဆန်တဲ့ သတ္တုဒီဇိုင်းကို အသုံးပြုထားပါတယ်။အိပ်စက်မှုကို ပိုမိုတိကျစွာ တိုင်းတာပေးရုံတင်မကဘဲ အိပ်စက်မှုပုံစံ တည့်မတ်ပေးခြင်း (Sleep Alignment) လုပ်ဆောင်ချက် အသစ်ပါဝင်လာပါတယ်။နှလုံးခုန်နှုန်းမမှန်တာကို စစ်ဆေးပေးနိုင်ပါတယ်။အိပ်နေစဉ်အတွင်း ခန္ဓာကိုယ်အပူချိန် ပြောင်းလဲမှုကို တိုင်းတာပေးပါတယ်။ရီမှာ Speaker နဲ့ Mic ပါလို့ ဖုန်းပြောလို့ရသလို၊ Google Assistant သို့မဟုတ် Siri ကိုလည်း အသုံးပြုနိုင်ပါတယ်။တောထဲတောင်ထဲ သွားရင်တောင် တည်နေရာကို ပိုမိုတိကျစွာ ပြသပေးနိုင်တဲ့ GPS စနစ်အသစ် ဖြစ်ပါတယ်။ အားတခါသွင်းထားရင် ၁၀ ရက်အထိ ခံပါတယ်။lways-On Display ဖွင့်ထားရင် ၃ ရက်ခန့် ခံပါတယ်။GPS Mode ဖွင့်ထားရင်တော့ ၂၀ နာရီခန့် (သုံးစွဲမှုအပေါ်မူတည်၍) ခံပါတယ်။