Xiaomi Reset
Redmi Watch 5 Lite
229,000 Ks

Redmi Watch 5 Lite လေးကတော့ screen size 1.96-လက်မ AMOLED Display ကို အသုံးပြုထားလို့ အရောင်အသွေး စိုပြည်ပြီး နေပူထဲမှာလည်း ကြည့်ရတာ အဆင်ပြေပါတယ်။Always-on Display ပါဝင်ပြီး ပရီမီယံဆန်တဲ့ အသွင်အပြင်ကြောင့် ဝတ်ဆင်ရအဆင်ပြေစေပါသည်။Built-in GPS ပါဝင်လို့ ဖုန်းသယ်သွားစရာမလိုဘဲ လမ်းလျှောက်တာ၊ ပြေးတာတွေကို တိတိကျကျ မှတ်တမ်းတင်နိုင်ပါတယ်။Built-in Mic နဲ့ Speaker ပါဝင်လို့ ဖုန်းပြောလို့ရတဲ့အပြင် ဆူညံသံတွေကို လျှော့ချပေးတဲ့ Dual-mic Noise Reduction လည်း ပါဝင်ပါတယ်။5ATM အထိ ရေစိုခံနိုင်ပြီး နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ သွေးထဲက အောက်ဆီဂျင် (SpO2) တိုင်းတာခြင်း၊ အိပ်စက်မှုမှတ်တမ်းနဲ့ စိတ်ဖိစီးမှု (Stress) တိုင်းတာခြင်းတွေ ပါဝင်ပါတယ်။Sports Modes 150 ကျော်ပါဝင်ပြီး တစ်ခါအားသွင်း ထားရုံနဲ့ 18 days အထိအသုံးပြုနိုင်ပါတယ်။

Xiaomi Watch S4
599,000 Ks

Xiaomi Watch S4 သည် 1.43 လက်မ အရွယ်အစားရှိ AMOLED မျက်နှာပြင် ကို အသုံးပြုထားပြီး 466 x 466 pixels resolution (326 PPI) ရှိပါတယ်။ အလွန်တောက်ပတဲ့ မျက်နှာပြင်ဖြစ်ပြီး HBM မှာ 1500 nits နဲ့ Peak Brightness မှာ 2200 nits အထိ ရောက်ရှိနိုင်တာကြောင့် နေရောင်အောက်မှာပါ ကောင်းမွန်စွာ မြင်နိုင်ပါတယ်။ 60Hz refresh rate ရှိတာကြောင့် ချောမွေ့တဲ့ အတွေ့အထိကို ပေးစွမ်းပါတယ်။486mAh ဘက်ထရီ ပါဝင်ပြီး ပုံမှန်အသုံးပြုမှုနဲ့ ၁၅ ရက်အထိ အသုံးပြုနိုင်တယ်လို့ Xiaomi က ကြေညာထားပါတယ်။ AOD (Always-On Display) ဖွင့်ထားပါက ၅ ရက်ဝန်းကျင်အထိ အသုံးပြုနိုင်ပါတယ်။ 5 မိနစ်အားသွင်းရုံနဲ့ ၂ ရက်အထိ အသုံးပြုနိုင်တဲ့ Fast Charging ကိုလည်း ထောက်ပံ့ပေးပါတယ်။Xiaomi HyperOS 2 ကို အသုံးပြုထားပါတယ်။၂၄ နာရီပတ်လုံး နှလုံးခုန်နှုန်းကို တိကျစွာ စောင့်ကြည့်ပေးနိုင်ပါတယ်။ Xiaomi ရဲ့ အဆိုအရ ၉၈% အထိ တိကျမှုရှိတယ်လို့ သိရပါတယ်။သွေးတွင်း အောက်ဆီဂျင်ပမာဏကို စောင့်ကြည့်ပေးပါတယ်။အိပ်စက်မှုပုံစံ၊ အိပ်စက်ချိန်၊ အိပ်စက်မှုအရည်အသွေးတို့ကို စောင့်ကြည့်ပေးပါတယ်။နှလုံးခုန်နှုန်း၊ ဖိစီးမှု၊ သွေးတွင်းအောက်ဆီဂျင်နဲ့ အိပ်စက်ခြင်း အပါအဝင် ကျန်းမာရေးဒေတာ အချက်အလက်တွေကို မိနစ်ပိုင်းအတွင်း အကျဉ်းချုပ်ကြည့်ရှုနိုင်ပါတယ်။အားကစားမုဒ် ၁၅၀ ကျော် ကို ထောက်ပံ့ပေးထားပြီး ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ တောင်တက်ခြင်း စတဲ့ လှုပ်ရှားမှုအမျိုးမျိုးကို မှတ်တမ်းတင်နိုင်ပါတယ်။5ATM water resistance အဆင့်ရှိတာကြောင့် ရေကူးခြင်း (ရေတိမ်ပိုင်း) လိုမျိုး လှုပ်ရှားမှုတွေမှာ အသုံးပြုနိုင်ပါတယ်။Bluetooth 5.3, NFC (ဒေသအလိုက် ကွဲပြားနိုင်သည်), Built-in speaker နဲ့ microphone ပါဝင်တာကြောင့် ဖုန်းခေါ်ဆိုမှုတွေကို လက်ပတ်နာရီကနေတဆင့် Bluetooth မှတဆင့် ပြုလုပ်နိုင်ပါတယ်။

product_img1
  • " data-item-price="419,000 Ks" data-item-avail="" data-item-availdesc="">
Redmi Watch 5
419,000 Ks

Redmi Watch 5 သည် Ultra-large 2.07" Square AMOLED display ကိုသုံးပေးထားပြီး 5ATM water resistance ရေစိုခံနိုင်မှာဖြစ်ပါတယ်။Resolution 432 x 514 ဖြစ်ပြီး 60Hz refresh rate နဲ့ အသုံးပြုနိင်မှာဖြစ်ပါတယ်။550mAh ဘက်ထရီပါဝင်တာကြောင့် အားအပြည့်တခါသွင်းထားမယ်ဆို  ရက်20 ထိ အသုံးခံမှာဖြစ်ပါတယ်။Aluminum alloy frame နဲ့ ပြုလုပ်ထားလို့ ဝတ်ဆင်ရတဲ့အခါမှာပေါ့ပါးပြီး အကြမ်းခံနိုင်မှာပဲဖြစ်ပါတယ်။

Xiaomi Smart Band 9 Pro
309,000 Ks

Xiaomi Smart Band 9 Pro လေးဟာဆိုရင် Linear Vibration Motor ကိုအသစ်ထည့်သွင်း ပေးထားတဲ့အတွက် ကျန်းမာရေးအတွက် ပိုမိုတိကျတဲ့ Data တွေကို ပေးစွမ်းနိုင်မှာပါ။Better Vibrational Responseကလည်း အခြား Bandတွေထက် Vibrate ကို ပိုကောင်းအောင်လုပ်ပေးထားတာဆိုတော့ Noti တွေကို မလွတ်သွားဘဲ သိရှိနိုင်မှာဖြစ်ပါတယ်။Battery Capacity 200mAh ထိသုံးပေးထားတာမို့ Basic Used 14ရက် ထိတောင် အားခံနိုင်မှာပဲဖြစ်ပါတယ်။

Redmi Watch 5 Active
149,000 Ks

Redmi Watch 5 Active သည် မျက်နှာပြင် ၂လက်မကို LCD ကိုသုံးပေးထားပြီး 5ATM water resistance ရေစိုခံနိုင်မှာဖြစ်ပါတယ်။Resolution 320 x 385|250PPI ဖြစ်ပြီး Bluetooth Call နဲ့ဖုန်းပြောနိုင်မှာဖြစ်ပါသည်။ 470mAh ဘက်ထရီပါဝင်တာကြောင့် အားအပြည့်တခါသွင်းထားမယ်ဆို ၁၈ ရက်ထိ အသုံးခံမှာဖြစ်ပါတယ်။