Remax Reset
Remax Watch 32 High-Precision GPS Sport Smart Watch
503,500 Ks

1.43-inch AMOLED Screen ရုပ်ထွက်ကြည်လင်ပြီး နေရောင်အောက်မှာပါ အကြည်လင်ဆုံး မြင်တွေ့ရမှာဖြစ်ပါတယ်။Zinc Alloy Case နဲ့ Silicone Strap ကို အသုံးပြုထားလို့ ခိုင်ခံ့ပြီး စတိုင်ကျပါတယ်။5ATM (50 Meters) အထိ ရေစိုခံနိုင်စွမ်းရှိလို့ ရေကူးတဲ့နေရာမှာပါ စိတ်ချလက်ချ ဝတ်ဆင်နိုင်ပါတယ်။470mAh Battery ပါဝင်ပြီး ပုံမှန်အသုံးပြုရင် (Normal Use) ၅ ရက်ကနေ ၇ ရက် ဝန်းကျင်အထိ အသုံးခံပါတယ်။L1+L5 Dual-frequency GPS ပါဝင်လို့ တောတောင်တက်တာ၊ လမ်းလျှောက်တာနဲ့ အပြေးလေ့ကျင့်ခန်းတွေမှာ တိကျတဲ့ လမ်းကြောင်းပြသမှုကို ရရှိစေမှာပါ။အားကစားပုံစံပေါင်း ၁၀၀ ကျော် (100+ Sports Modes) ပါဝင်ပြီး လမ်းလျှောက်ခြင်း၊ အပြေး၊ စက်ဘီးစီးခြင်း စတဲ့ အခြေခံ ၅ မျိုးကို အလိုအလျောက် မှတ်သားပေးနိုင်ပါတယ်။နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင် (SpO2)၊ အိပ်စက်မှုမှတ်တမ်းနဲ့ စိတ်ဖိစီးမှုတိုင်းတာခြင်း စတဲ့ ကျန်းမာရေးစောင့်ကြည့်မှုတွေ အပြည့်အစုံပါဝင်ပါတယ်။Bluetooth Calling (ဖုန်းပြောခြင်း)၊ အကြောင်းကြားချက်များ (Notifications) ကြည့်ရှုခြင်းနဲ့ စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ Watch Faces ပေါင်းများစွာ ပါဝင်ပါတယ်။

Remax Watch 27 Integrated Zinc Alloy Smart Watch
209,500 Ks

Remax ကထုတ်ထားတဲ့ Watch 27 လေးကတော့ Screen Size 2.01 inch ရှိပြီး AMOLED Display နဲ့မို့ကြည်လင်ပြတ်သားကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ Zinc Alloy ကိုသုံးပေးထားလို့ အကြမ်းခံပြီး Premium Look ကိုရရှိစေပါသည်။ ကျန်းမားရေးအနေနဲ့ Heart Rate, SpO2, Stress, Sleep Tracking တွေလည်းပါဝင်လို့ လူကြီးတွေအတွက်လည်း သင့်တော်တဲ့ Smart Watch လေးဖြစ်ပါသည်။ အားကစားသမားတွေအတွက်လည်း Sport Modes 100 ကျော်ပါဝင်ပြီး Smart Watch ကနေဖုန်းကိုင် ၊ ဖုန်းချ အပြင် contantမှတ်တာ , music ကိုပါ အသုံးပြုလို့ရတာမို့ အလုပ်လုပ်ရင်း သီချင်းနားထောင်ပြီး အေးဆေး chill လို့ရပါသည်။ IP67 Waterproof နဲ့ဆိုတော့ ရေစိုချွေးစိုခံပြီး Battery ပိုင်းမှာလည်း 270mAh တောင်ဆိုတော့ 3-4 hrs အားသွင်းရုံနဲ့ 3-4 days လောက်အသုံးခံမှာဖြစ်လို့ အားမကြာခဏမသွင်းချင်တဲ့သူတွေတွက် အတော်လေးအဆင်ပြေစေပါသည်။

Remax Watch 29 Amoled Ultra-Slim Bezel Smart Watch
289,000 Ks

Remax Watch 29 လေးသည် 1.47 inch Screen size သေးသေးလေးကိုမှ Always On Display နဲ့မို့ ရုပ်ထွက်က ကြည်လင်ပြတ်သားပြီး နေပူထဲမှာကြည့်လည်း အေးဆေးအသုံးပြုနိုင်ပါသည်။ Notification လေးတွေတက်လာရင်လည်း မြန်မာလို အမှန်အတိုင်းဖတ်လို့ရမယ့် Feature ကိုထည့်သွင်းပေးထားပါသည်။ ဖုန်းထုတ်ပြောစရာမလိုဘဲ နာရီကနေတဆင့် ဖုန်းကိုင်/ဖုန်းပြော လုပ်လို့ရတာကြောင့် ကားမောင်းနေတာပဲဖြစ်ဖြစ်၊ အလုပ်ရှုပ်နေတဲ့အချိန်မျိုးမှာတောင် အလွယ်တကူအသုံးပြုလို့ရပါသည်။ Battery 200mAh ပါဝင်ပြီး အားသွင်းချိန် ၂ နာရီခွဲလောက်သွင်းပေးရုံနဲ့ ၂ ရက်ကနေ ၅ ရက်အထိ အသုံးပြုနိုင်ပါသည်။ အားကစားနည်းပေါင်း (၁၀၀) ကျော်အပြင် Heart Rate, SpO2, Sleep Monitoring စတဲ့ ကျန်းမာရေးစောင့်ကြည့်မှုစနစ်တွေ အစုံအလင်ပါဝင်ပါသည်။ 

Remax Watch 31 Multi-Function Smart Watch
415,000 Ks

Remax Watch 31 လေးသည် လေးထောင့် ဒီဇိုင်းကိုမှ Screen Size - 2.04inches နဲ့မို့ လက်မှာ ပတ်လိုက်တာနဲ့ Luxary Vibe အပြည့်ကိုခံစားစေပါသည်။ AMOLED Display ကိုအသုံးပြုပေးထားပြီး Always On Display စနစ်ပါဝင်လို့ လက်ကိုလှုပ်စရာမလိုဘဲ အချိန်ကိုချက်ချင်းကြည့်နိုင်ပါသည်။ Ram 4GB ပါတော့ Music တွေ ထည့်ပြီး သိမ်းထားလို့ရတဲ့အပြင် Bluetooth ချိတ်ပြီး နာရီကနေတိုက်ရိုက် သီးချင်းတွေနားထောင်လို့ရပါသည်။ Map Location တွေကြည့်လို့ရတဲ့အပြင် နာရီမှာတင် AI (Chat GPT) ပါဝင်လာလို့ သိလိုသမျှကို အချိန်မရွေး မေးလို့ရပါသည်။ 400mAh Battery ပါတော့ အားအပြည့်သွင်းထားရင် ၅-၇ ရက်ဝန်းကျင် အသုံးပြုလို့ရပါသည်။ IP68 Waterproof ဖြစ်တဲ့အတွက် ရေစို ၊ ချွေးစိုခံတဲ့အပြင် မြန်မာစာကိုလည်း ၉၀% လောက်အထိ အမှန်ပြပေးနိုင်ပါသည်။ Zinc Alloy + IML Plastic + Synthetic Fiber Material ကိုအသုံးပြုပေးထားတဲ့အတွက် အကြမ်းလဲခံပြီး Al ကိုလဲ အလွယ်တကူအသုံးပြုနိုင်သလို GPS လဲ ထောက်ပံ့ပေးတာမို့ အသုံးပြုရာတွင် အကြိုက်တွေ့စေမှာပဲဖြစ်ပါသည်။

Remax Watch 30 Amoled GPS Outdoor Smart Watch
394,000 Ks

Remax Watch 30 လေးသည် 1.96inch Screen size အကြီးကြီးကိုမှ Always On Display နဲ့မို့ ရုပ်ထွက်က ကြည်လင်ပြတ်သားပြီး နေပူထဲမှာကြည့်လည်း အေးဆေးအသုံးပြုနိုင်ပါသည်။ Notification လေးတွေတက်လာရင်လည်း မြန်မာလို အမှန်အတိုင်းဖတ်လို့ရမယ့် Feature ကိုထည့်သွင်းပေးထားပါသည်။ ဖုန်းထုတ်ပြောစရာမလိုဘဲ နာရီကနေတဆင့် ဖုန်းကိုင်/ဖုန်းပြော လုပ်လို့ရတာကြောင့် ကားမောင်းနေတာပဲဖြစ်ဖြစ်၊ အလုပ်ရှုပ်နေတဲ့အချိန်မျိုးမှာတောင် အလွယ်တကူအသုံးပြုလို့ရပါသည်။ Battery 400mAh ပါဝင်ပြီး အားသွင်းချိန် ၂ နာရီခွဲလောက်သွင်းပေးရုံနဲ့ ၂ ရက်ကနေ ၅ ရက်အထိ အသုံးပြုနိုင်ပါသည်။ အားကစားနည်းပေါင်း (၁၀၀) ကျော်အပြင် Heart Rate, SpO2, Sleep Monitoring စတဲ့ ကျန်းမာရေးစောင့်ကြည့်မှုစနစ်တွေ အစုံအလင်ပါဝင်ပါသည်။ 3ATM Water Resistant ဖြစ်လို့ ရေစို၊ ချွေးစိုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါသည်။ လက်ထဲမှာဝတ်လိုက်တာနဲ့ တည်ငြိမ်ပြီး Smart ကျတဲ့ပုံစံမျိုး ပေးစွမ်းနိုင်တာကြောင့် အကြိုက်တွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။

Remax Watch 22 Linkage Rotatable Smart Watch
352,000 Ks

Remax Watch 22 လေးသည် Screen Size 1.43inch ရှိပြီး Unisex ဖြစ်တဲ့အတွက် Gender မရွေးအသုံးပြုလို့ရပါသည်။ Da GPT နဲ့ AI Watchface ဆိုတဲ့ အသံစနစ်နဲ့အသုံးပြုရမယ့် Ai App နှစ်ခုပါဝင်ပါသည်။ Da GPT မှာ ကိုယ်သိချင်တဲ့အကြောင်းအရာတွေ မေးလို့ရမှာဖြစ်ပြီးတော့ Ai Watchface မှာဆိုရင်တော့ ကိုယ်လိုချင်တဲ့ Customize Watch Face တွေဖန်တီးလို့ရပါသည်။ နာရီမျက်နှာပြင်ဘေးမှာ 360° Linkage Turning Circle ပါတာကြောင့် Menu တွေကို ရွေးချယ်တဲ့အခါ Screen ကို ထိစရာမလိုဘဲ ဒီဘောင်လေးကို လှည့်ပြီး လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါသည်။ ဒါ့အပြင် ပုတီးစိပ်လို့ရတဲ့ Lucky Function လေးပါထည့်သွင်းပေးထားပါသည်။ IP68 Waterproof နဲ့မို့ ရေစို/ချွေးစိုခံပါသည်။ Heart Rate, SpO2, Sleep တို့လိုကျန်းမာရေးတိုင်းတာမှုတွေအပြင် အမျိုးသမီးတွေအတွက် Period Tracking လည်းပါဝင်ထားပါသည်။ Sport Mode 100+ ပါလို့ အားကစားလုပ်တတ်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပဲ ဖြစ်ပါသည်။ Bluetooth/ Da Fit App နဲ့ချိတ်ဆက်ပြီးတော့ ဖုန်းပြောလို့ရသလို Notification တွေလည်းအလွယ်တကူဖတ်လို့ရပါသည်။ Ai သုံးရတာကြိုက်တဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေတဲ့အပြင် 400mAh Battery ပါလို့ အပြင်အမြဲသွားနေရတဲ့သူတွေနဲ့ ခရီးထွက်ရတဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ Smartwatch တစ်ခုဖြစ်ပါသည်။ 

Remax Watch 28 Integrated Smart Watch
236,000 Ks

Remax Watch 28 Integrated Smart Watch လေးကတော့ လေးထောင့်ပုံစံဒိုင်ခွက်ကို မကြီး/ မသေး မျက်နှာပြင်နဲ့မို့ boy ရော girl အတွက်ပါအဆင်ပြေစေမှာဖြစ်ပါတယ် ။ သေးသေးကျစ်ကျစ်နဲ့ အလေးချိန်ကပေါ့ပေါ့ပါးပါးလေးမို့ သက်သောင့်သက်သာရှိစေတယ်။ RDFit  app  နဲ့ချိတ်ဆက်ပြီးတော့ Watch Face  မျိုးစုံလည်းပြောင်းလို့ရတယ်။ IP 67 Waterproof  နဲ့မို့ တော်ရုံတန်ရုံ ရေစို၊ ချွေးစိုတာလောက်ကတော့ လုံးဝမှုစရာမလိုဘူး။ Android / IOS နှစ်မျိုးလုံးနဲ့လည်း ချိတ်ဆက်ပြီးဖုန်းပြောလို့ရသေးတယ်။ မြန်မာစာပါပြီး 95% လောက်အထိမှန်လို့ အသုံးပြုရလွယ်ကူစေတယ်လေ။ Battery 150mAh ပါလို့ 2 နာရီလောက်အားသွင်းထားရုံနဲ့ 5 ရက်လောက်အထိအသုံးခံတယ်။အားကစားပေါင်း (100)  ကျော်ပါဝင်တဲ့အပြင် ကျန်းမာရေးအတွက် နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်၊ စိတ်ဖိစီးမှုနဲ့ အိပ်ချိန်တွေကိုပါ တိုင်းတာပေးနိုင်လို့ နာရီတစ်လုံးထက်ပိုတဲ့စွမ်းဆောင်ရည်အပြည့်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

Remax Watch 20 Integrated Smart Watch
205,000 Ks

Remax Watch 20 Integrated Smart Watch ကတော့ လေးထောင့်ပုံစံဒိုင်ခွက်ကို မကြီး/ မသေး မျက်နှာပြင်နဲ့မို့ 𝐁𝐨𝐲 ရော 𝐆𝐢𝐫𝐥 ရောအတွက် အဆင်ပြေစေပါတယ်။သေးသေးကျစ်ကျစ်နဲ့ အလေးချိန်ကပေါ့ပေါ့ပါးပါးလေးမို့ သက်သောင့်သက်သာရှိစေတယ်။𝐑𝐄𝐌𝐀𝐗 𝐅𝐢𝐭 𝐒𝐩𝐨𝐫𝐭 𝐀𝐩𝐩 နဲ့ချိတ်ဆက်ပြီးတော့ 𝐖𝐚𝐭𝐜𝐡 𝐅𝐚𝐜𝐞 မျိုးစုံလည်းပြောင်းလို့ရတယ်။ (𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝟓.𝟎/ 𝐢𝐎𝐒 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝟗.𝟎 နဲ့အထက်ဖြစ်နေဖို့တော့လိုပါမယ်)𝐈𝐏𝟔𝟖 𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟 နဲ့မို့ တော်ရုံတန်ရုံ ရေစို၊ ချွေးစိုတာလောက်ကတော့ လုံးဝမှုစရာမလိုဘူး။𝐀𝐧𝐝𝐫𝐨𝐢𝐝/ 𝐢𝐎𝐒 နှစ်မျိုးလုံးနဲ့လည်း ချိတ်ဆက်ပြီးဖုန်းပြောလို့ရသေးတယ်။ မြန်မာစာပါပြီး 𝟗𝟓% လောက်အထိမှန်လို့ အသုံးပြုရလွယ်ကူစေတယ်လေ။ဘက်ထရီ 𝟑𝟎𝟎𝐦𝐀𝐡 ပါလို့ 𝟑 နာရီလောက်အားသွင်းထားရုံနဲ့ 𝟐 ရက်ကနေ 𝟒 ရက်လောက်အထိအသုံးခံတယ်။အားကစားပေါင်း (𝟏𝟎𝟎) ကျော်ပါဝင်တဲ့အပြင် ကျန်းမာရေးအတွက် နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်၊ စိတ်ဖိစီးမှုနဲ့ အိပ်ချိန်တွေကိုပါ တိုင်းတာပေးနိုင်လို့ နာရီတစ်လုံးထက်ပိုတဲ့စွမ်းဆောင်ရည်အပြည့်ကို ရရှိနိုင်မှာပါ။

Remax Watch 26 Green Ghost Alloy Smart Watch
310,000 Ks

Remax Watch 26 သည် Screen က 1.53 inches နဲ့ဖြစ်ပြီးတော့ ရုပ်ထွက်ကြည်လင်ပြီး Built-in speaker ပါတော့ နာရီကနေ ဖုန်းပြောလို့ရမှာဖြစ်ပါတယ်။ နာရီရဲ့ weight က 64.6 g နဲ့ ဒိုင်ခွက်အဝိုင်းကြီးကြီးနဲ့မို့ လက်ဆိုဒ် ပြည့်တဲ့သူတွေနဲ့ လိုက်ဖက်ပြီးတော့ ခန့်ညားစေမှာပါ။ metal strap ရော silicon starp ရော နှစ်မျိုးထည့်ပေးထားတော့ mood အလိုက် ဖက်ရှင်အလိုက် ပြောင်းဝတ်နိုင်မှာဖြစ်ပါတယ်။ အားကစားအတွက် multi sports modes နဲ့ heart rate detection ပါပါတယ်။ နောက်ထပ် ကျန်းမာရေးအတွက် sleep detection, altitude pressure, true blood oxygen detection တွေလိုမျိုး function စုံစုံလင် လင် ထည့်သွင်းပေးထားပါတယ်။ Wireless charging စနစ်ဖြစ်ပြီးတော့ ဘက်ထရီ 315 mAh ပါလို့ (၃) နာရီအားသွင်းရုံနဲ့ (၄) ရက်လောက်ထိ အသုံးခံမှာဖြစ်ပါတယ်။ မြန်မာဖောင့်လဲ အတော်အသင့်မှန်တော့ အရေးကြီးတဲ့ SMS တွေ မလွတ်တမ်းဖက်ရှုနိုင်မှာဖြစ်ပါတယ်။

Remax Watch 19 4G Andorid Call Smart Watch
577,500 Ks

Remax Watch 19 4G Android Call Smart Watch သည် 4G ဆက်သွယ်မှု၊ Android ဖုန်းခေါ်ဆိုမှုများ၊ GPS နေရာချထားမှုနှင့် ကျန်းမာရေးစောင့်ကြည့်မှုများကို ပံ့ပိုးပေးသည့် စမတ်နာရီတစ်လုံးဖြစ်သည်။ Android OS  ကိုမှ 4G Network Support ဖြစ်လို့ SIM Card ထည့်ပြီးသုံးလို့ရမှာဖြစ်ပါတယ်။ 2.13-inch AMOLED အပြင်အဆင်၊ 410 x 502 Pixels ဖြင့် အလင်းရောင်ပြင်းထန်သောနေရာများတွင်လည်း ရှင်းလင်းစွာ မြင်နိုင်သည်။Quad-core Unisoc 8541E chip ပါရှိပြီး၊ 2GB RAM နှင့် 16GB internal storage ပါရှိသည်။950mAh high-capacity polymer ဘက်ထရီဖြင့် 5 ရက်အထိ အသုံးပြုနိုင်ပြီး၊ 2.5–3 နာရီအတွင်း အပြည့်အစုံအားသွင်းနိုင်သည်။Smartphone မလိုဘဲ အလိုအလျောက် GPS နေရာချထားမှုများကို အသုံးပြုနိုင်သည်။Dynamic heart rate၊ blood oxygen၊ HRV စသည်တို့ကို စောင့်ကြည့်နိုင်သည့် sensor များပါရှိသည်။

Remax Watch 18 Intelligent GPS Outdoor Sports Positioning Watch
375,000 Ks

Remax Watch 18 Intelligent GPS Outdoor Sports Positioning Watch သည် အပြင်လှုပ်ရှားမှုများနှင့် အားကစားလုပ်ငန်းများအတွက် အထူးသင့်လျော်သော စမတ်နာရီတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် GPS နည်းပညာနှင့် အားကစားအချက်အလက်များကို တိကျစွာ မှတ်တမ်းတင်နိုင်ခြင်း၊ ရေကူးခြင်းနှင့် အခြားလှုပ်ရှားမှုများအတွက် အထူးပြုလုပ်ထားခြင်းတို့ကြောင့် အားကစားသမားများအတွက် အထူးသင့်လျော်ပါသည်။L1 + L5 dual-frequency GPS နည်းပညာဖြင့် GPS, GLONASS, BeiDou, Galileo, NAVIC နှင့် QZSS စသည့် စက်ကိရိယာစနစ်များကို ပံ့ပိုးပေးပြီး တိကျမှန်ကန်သော တည်နေရာသိရှိမှုကို ပေးစွမ်းပါသည်။ Cywee အယ်လဂိုရီသမ်ကို အသုံးပြု၍ လေ့ကျင့်ခန်းများကို အလိုအလျောက် မှတ်တမ်းတင်နိုင်ပြီး၊ ရေကူးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေချိုးစက်သုံးခြင်း စသည့် လှုပ်ရှားမှုများကို အထူးပြုလုပ်ထားပါသည်။အမြင်အာရုံကောင်းမွန်သော AMOLED မျက်နှာပြင်ဖြင့် ရှင်းလင်းပြတ်သားသော အချက်အလက်များကို ဖော်ပြပေးပါသည်။GPS နည်းပညာကို အသုံးပြုသောအခါ 22 နာရီအထိ အသုံးပြုနိုင်ပြီး၊ နေ့စဉ်အသုံးပြုမှုအတွက် 5-10 ရက်အထိ အသုံးပြုနိုင်ပါသည်။ ရေကူးခြင်းနှင့် ရေကူးလှုပ်ရှားမှုများအတွက် အထူးသင့်လျော်သော ရေကူးနိုင်မှုအဆင့်ဖြစ်ပါသည်။နှလုံးခုန်နှုန်း၊ အမြင့်၊ လေထုဖိအားနှင့် လမ်းညွှန်စက် (Compass) စသည့် အချက်အလက်များကို 24 နာရီ စောင့်ကြည့်နိုင်ပါသည်။

Remax Watch 12 Smart Watch
215,000 Ks

Remax Watch 12 Smart Watch သည် AMOLED Display ကိုမှ 1.43-inch နဲ့ Sports Modes အတွက် အမျိုးအစား ၁၀၀ ကျော် ပါဝင်မှာဖြစ်ပါသည်။နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်စီဂျင်၊ အိပ်စက်မှု တိုင်းတာနိုင်တယ်။Watch Face တွေလည်း စိတ်ကြိုက်ပြောင်းလို့ရမယ် မြန်မာစာကလည်း ၉၉% မှန်တယ်၊ ရေသောက်ချိန်၊ အထိုင်များချိန် သတိပေးချက်ထားနိုင်ပြီး Alarm, Stopwatch, Timer, Weather စတဲ့ Function တွေပါသေးတယ်။IP68 Life Waterproof ဖြစ်လို့ ရေစို၊ ချွေးစိုလည်း ခံမှာဖြစ်ပါတယ်။ဖုန်းပျောက်ရင် နာရီကနေ ရှာလို့ရသလို နာရီပျောက်ရင်လည်း ဖုန်းကနေ ရှာလို့ရတယ်။ဘက်ထရီက 470mAh ဆိုတော့ ၃ နာရီခွဲဝန်းကျင်အားသွင်းတာနဲ့ အသုံးပြုတဲ့ပေါ်မူတည်ပြီး (၅-၈) ရက်ဝန်းကျင်တော့ အသုံးခံမှာဖြစ်ပါတယ်။