Epson EB-E24 LCD Projector (XGA)
3,278,000 Ks

Epson EB-E24 LCD Projector လေးသည် ရုံးခန်းသုံးနဲ့ ပညာရေးသင်ကြားမှုတွေအတွက် အထူးသင့်တော်တဲ့၊ စွမ်းဆောင်ရည်မြင့်ပြီး အကြမ်းခံတဲ့ Projector အမျိုးအစားဖြစ်ပါသည်။ Brightness: အလင်းအား 3,600 Lumens ရှိတဲ့အတွက် အခန်းမီးမပိတ်ထားရင်တောင် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို ပေးစွမ်းနိုင်ပါသည်။ ဒီပမာဏက ရုံးခန်းတွေ၊ စာသင်ခန်းတွေ ဒါမှမဟုတ် အလင်းရောင် အသင့်အတင့်ရှိတဲ့ နေရာတွေမှာ Presentation တွေနဲ့ ဗီဒီယိုတွေကို ကြည်လင်ပြတ်သားစွာ ပြသနိုင်ဖို့ လုံလောက်ပါတယ်။ XGA (1024 x 768) resolution ရှိတဲ့အတွက် Presentation တွေ၊ စာသားတွေနဲ့ ဇယားတွေကို သေချာစွာဖတ်ရှု့နိုင်ပါသည်။ Eco mode နဲ့ သုံးမယ်ဆိုရင် နာရီပေါင်း ၁၂,၀၀၀ အထိ အသုံးခံတဲ့အတွက် ရေရှည်မှာ မီးသီးလဲရမယ့် ကုန်ကျစရိတ် သက်သာစေပါသည်။ 

Epson EB-E12 LCD Projector (XGA) NW
2,260,000 Ks

Epson EB-E12 LCD Projector ဟာ Epson ရဲ့ လုပ်ငန်းသုံးနဲ့ ပညာရေးသုံးအတွက် ထုတ်လုပ်ထားတဲ့ Entry-Level Projector တစ်လုံး ဖြစ်ပါတယ်။Brightness: အလင်းအား 3,600 Lumens ရှိတဲ့အတွက် အလင်းရောင် အသင့်အတင့်ရှိတဲ့ အခန်းတွေမှာတောင် ပုံရိပ်ကို တောက်တောက်ပပ မြင်ရပါတယ်။။ ဒီပမာဏက ရုံးခန်းတွေ၊ စာသင်ခန်းတွေ ဒါမှမဟုတ် အလင်းရောင် အသင့်အတင့်ရှိတဲ့ နေရာတွေမှာ Presentation တွေနဲ့ ဗီဒီယိုတွေကို ကြည်လင်ပြတ်သားစွာ ပြသနိုင်ဖို့ လုံလောက်ပါတယ်။Resolution: XGA (1024 x 768) ဖြစ်တဲ့အတွက် Presentation စာသားတွေ၊ ပုံတွေကို ကြည်ကြည်လင်လင် ပြသပေးနိုင်ပါတယ်။Epson ရဲ့ မူပိုင် 3LCD စနစ်ကို သုံးထားလို့ ပုံရိပ်ရဲ့ အရောင်အသွေးတွေက သဘာဝအတိုင်း မှန်ကန်ပြီး Rainbow Effect (အရောင်ပြန့်တာ) မဖြစ်စေပါဘူး။HDMI နဲ့ VGA Port တွေ ပါဝင်လို့ Laptop၊ PC တွေနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။Eco Mode နဲ့ သုံးမယ်ဆိုရင် မီးသီးသက်တမ်းက နာရီပေါင်း (12,000 Hours) အထိ ခံပါတယ်။

Noah SL01 Mighty Smart LED Projector
1,970,000 Ks

Noah SL01 Mighty Smart LED Projector လေးကတော့ သေးငယ်တဲ့ပုံစံရှိပြီး၊ မြန်ဆန်သော Bluetooth 5.0 connectivity ကိုထောက်ပံ့ထားတဲ့ Android-based mini projector တစ်ခုဖြစ်ပါတယ်။ Resolution WVGA (854 x 480) ဖြစ်ပြီး 4500 Lumen ဖြစ်တာကြောင့် အသုံးပြုရအဆင်ပြေစေမည့် Projector လေးဖြစ်ပါသည်။

product_img1
  • " data-item-price="7,130,000 Ks" data-item-avail="" data-item-availdesc="">
Epson EB-535W Short Throw Projector
7,130,000 Ks

Epson EB-535W Short Throw Projector က ပညာရေးနဲ့ လုပ်ငန်းခွင်တွေမှာ အဓိကထား အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတဲ့ projector အမျိုးအစားဖြစ်ပါတယ်။ "Short Throw" ဆိုတဲ့အတိုင်း နီးကပ်တဲ့အကွာအဝေးကနေ ကြီးမားတဲ့ ပုံရိပ်ကို ပုံဖော်ပေးနိုင်တာက သူ့ရဲ့ အဓိကအားသာချက်ပါ။ Short Throw Lens က သူ့ရဲ့ အထင်ရှားဆုံး အင်္ဂါရပ်ပါ။ နီးကပ်တဲ့အကွာအဝေးကနေ ပုံရိပ်ကြီးကြီးကို ထုတ်နိုင်တဲ့အတွက် projector ရဲ့ရှေ့မှာ လူတွေဖြတ်သွားတဲ့အခါ အရိပ်မထိုးဘဲ ပုံရိပ်ရဲ့ကြည်လင်မှုကို မထိခိုက်စေပါဘူး။ ဒါ့အပြင် projector ကနေ ထွက်လာတဲ့ အလင်းက မျက်လုံးကို တိုက်ရိုက်မထိခိုက်နိုင်တာကြောင့် မျက်စိအတွက် ပိုအဆင်ပြေစေပါတယ်။Epson ရဲ့ မူပိုင် 3LCD (Three-Chip Liquid Crystal Display) နည်းပညာကို အသုံးပြုထားပါတယ်။ ဒီနည်းပညာကြောင့် အရောင်တွေက ပိုမိုတောက်ပပြီး၊ တိကျတဲ့ပုံရိပ်တွေ ပေးစွမ်းနိုင်ပါတယ်။ အလင်းရောင်များတဲ့ အခန်းတွေမှာတောင် ပုံရိပ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်အောင် ကူညီပေးပါတယ်။WXGA ရုပ်ထွက်စနစ်နဲ့ ထုတ်လုပ်ထားတဲ့အတွက် HD Ready အဆင့်ရှိပြီး 16:10 aspect ratio ကို ပံ့ပိုးပေးပါတယ်။ ဒါကြောင့် ဗီဒီယိုတွေနဲ့ ပုံတွေကို ရှင်းရှင်းလင်းလင်းကြည့်ရှုနိုင်ပါတယ်။3,400 lumens အထိ အလင်းရောင်အားကောင်းတဲ့အတွက် နေရောင်ခြည်ဝင်တဲ့ အခန်းတွေမှာတောင် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို ရရှိစေပါတယ်။HDMI, VGA, USB-A, USB-B နဲ့ Ethernet ports တွေပါဝင်တဲ့အတွက် ကွန်ပျူတာ၊ လက်တော့ပ်၊ USB drive စတာတွေကို အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Viewsonic SP3 Projector
2,120,000 Ks

ViewSonic SP3 Projector ဟာ ရုံးခန်းငယ်တွေ၊ စာသင်ခန်းတွေနဲ့ အိမ်သုံးအတွက် သင့်တော်တဲ့ SVGA Business Projector အမျိုးအစားဖြစ်ပါတယ်။ မြင့်မားတဲ့ အလင်းရောင်နဲ့ ကြာရှည်ခံမယ့် မီးသီးသက်တမ်းတို့က သူ့ရဲ့ အဓိကအားသာချက်တွေ ဖြစ်ပါတယ်။Resolution ကတော့ Full HD (1920 x 1080) အထိ support လုပ်ပေးနိုင်ပါတယ်။ Brightness 4,800 ANSI Lumens ပမာဏဟာ အခန်းထဲမှာ မီးဖွင့်ထားရင်တောင် ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာ မြင်နိုင်စေပါတယ်။ Ambient light (ပတ်ဝန်းကျင် အလင်းရောင်) ရှိတဲ့ နေရာတွေမှာ အသုံးပြုဖို့ ကောင်းမွန်ပါတယ်။Contrast Ratio မြင့်မားတာက ပုံရိပ်တွေမှာ အနက်ရောင်ကို ပိုနက်ပြီး အဖြူရောင်ကို ပိုတောက်ပစေကာ ရုပ်ပုံကြည်လင်မှုကို တိုးမြှင့်ပေးပါတယ်။Normal Mode: 5,000 နာရီ ၊ SuperEco Mode: 15,000 နာရီ နှင့် SuperEco mode မှာ အသုံးပြုမယ်ဆိုရင် မီးသီးသက်တမ်း သိသိသာသာ ပိုကြာရှည်ခံပါတယ်။

product_img1
  • " data-item-price="6,500,000 Ks" data-item-avail="" data-item-availdesc="">
Viewsonic PX704HD DLP Projector (FHD)
6,500,000 Ks

Viewsonic PX704HD DLP Projector လေးသည် အလင်းအား 4,000 ANSI Lumens နဲ့မို့မည်သည့်ပတ်ဝန်းကျင်တွင်မဆို တောက်ပသောပုံရိပ်များကို ပေးစွမ်းနိုင်ပါသည်။ စွဲမက်ဖွယ်ကောင်းသောပုံရိပ်များအတွက် 1920 x 1080p Full HD ရုပ်ထွက်ကို 300" အလွန်ကြီးမားသော Projector ပေါ်တွင် အိမ်တွင်းဖျော်ဖြေရေးနှင့် တင်ဆက်မှု့များအတွက် ရှင်းလင်းပြတ်သားသော ရုပ်ပုံများကိုခံစားနိုင်မှာပဲဖြစ်ပါသည်။ Normal အနေဖြင့်အသုံးပြုမယ်ဆိုရင် Lamp Life 4000Hours အသုံးပြုနိုင်ပြီး Dynamic Eco အနေဖြင့်အသုံးပြုမယ်ဆို 15000Hours အထိတာရှည်ခံအသုံးပြုနိုင်ပါသည်။ Throw Distance 1m-10m(100"@3.28m) အထိအသုံးပြုနိုင်ပြီး Dual HDMI,USB Type-A,RS-232,Audio in/out ports များပါဝင်ပါသည်။