Dell Tower ECT1250 (i3-14100,8GB,512GB SSD,Win11)
Dell Tower ECT125 လေးသည် 14th Generation Intel® Core™ i3-14100 Processor ကို အသုံးပြုထားပြီး 4 Cores၊ 8 Threads နဲ့ 3.5GHz မှ 4.7GHz Turbo Boost အထိ စွမ်းဆောင်နိုင်တာကြောင့် Office Application များ၊ Web Browsing၊ Online Meeting၊ Accounting Software၊ POS System၊ Programming၊ Multimedia အသုံးပြုမှုများကို မြန်ဆန်ချောမွေ့စွာ လုပ်ဆောင်ပေးနိုင်ပါသည်။ Graphics အနေနဲ့ Intel® UHD Graphics 730 ပါဝင်တာကြောင့် Full HD Video Playback၊ Presentation များ၊ Graphic Design အခြေခံလုပ်ငန်းများ၊ Photo Editing နဲ့ နေ့စဉ် Multimedia အသုံးပြုမှုတွေကို အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။ Memory 8GB DDR5 4800MT/s RAM နဲ့အညီ Storage 512GB M.2 PCIe NVMe SSD ကိုထည့်သွင်း အသုံးပြုပေးထားပါသည်။ Wireless Connectivity အတွက် MediaTek Wi-Fi 6 (802.11ax) ကို ထည့်သွင်းထားတာကြောင့် ပိုမိုမြန်ဆန်ပြီး တည်ငြိမ်တဲ့ Internet Connection ကို ရရှိနိုင်တဲ့အပြင် Bluetooth ပါဝင်တဲ့အတွက် Wireless Keyboard၊ Mouse၊ Speaker နဲ့ Headset စတဲ့ Device များကို အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ USB 2.0 Port (4 ခု)၊ USB 3.2 Gen1 Port (3 ခု)၊ USB Type-C Port (1 ခု)၊ HDMI 2.1၊ DisplayPort 1.4a၊ Universal Audio Jack နဲ့ RJ-45 Ethernet Port တို့ ပါဝင်ပြီး လုပ်ငန်းသုံး၊ ရုံးသုံး၊ ကျောင်းသုံးနဲ့ နေ့စဉ်အသုံးပြုမှုအတွက် Performance ကောင်းကောင်း၊ တည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့ ပစ္စည်းလေးဖြစ်ပါသည်။
Acer Veriton S2722G (i7-14700,8GB,512GB SSD) Branded
Acer Veriton S2722G Desktop PC ဟာ ရုံးသုံး (Business-class) နှင့် Content Creation အပြင် Heavy Workload တွေအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားတဲ့ Branded Desktop တစ်ခု ဖြစ်ပါတယ်။Intel Core i7-14700 (14th Generation) နဲ့ Turbo Speed က 5.40 GHz အထိ ရှိတာကြောင့် Video Rendering, Multi-tasking နဲ့ Data အကြီးအမား ကိုင်တွယ်တဲ့ နေရာတွေမှာ အလွန် အစွမ်းထက်ပါတယ်။DDR5 RAM ဖြစ်လို့ မြန်ဆန်ပြီး Window တက်တာ မြန်ဆန်ပြီး Read/Write Speed အလွန် ကောင်းမွန်ပါတယ်။ntel UHD Graphics 770 (Onboard) ပါဝင်ပြီး Wi-Fi 6E, Bluetooth 5.3 နှင့် Gigabit Ethernet (LAN port) ပါဝင်လို့ ကြိုးမဲ့ စနစ်တွေ ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။အနောက်ဘက်မှာ 4x USB 2.0 Type-A ,1x HDMI, 1x DisplayPort (DP), 1x VGA (D-Sub) ,1x LAN Port (RJ-45) ,3x Audio Jacks ပါဝင်ပါတယ်။
Dell Pro Tower QCT1250 (i5-14500,8GB,512GB SSD) Branded Computer
Dell Pro Tower QCT1250 သည် လုပ်ငန်းသုံး (Business Class) အတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားသည့် စွမ်းဆောင်ရည်မြင့် Branded Desktop တစ်ခုဖြစ်ပါသည်။ 14th Generation Intel Core i5 Processor ကို အသုံးပြုထားသည့်အတွက် ရုံးလုပ်ငန်းသုံးများသာမက ပိုမိုလေးလံသော Task များအတွက်ပါ စိတ်ချရသော အမျိုးအစားဖြစ်ပါသည်။Intel Core i5-14500 (14th Gen) ဖြစ်ပါသည်။ ၎င်းတွင် Core ပေါင်း ၁၄ ခု (6 Performance-cores + 8 Efficient-cores) ပါဝင်ပြီး Max Turbo Frequency $5.00$ GHz အထိ ရောက်ရှိနိုင်သောကြောင့် Multi-tasking လုပ်ဆောင်ရာတွင် အလွန်မြန်ဆန်ပါသည်။DDR5 နည်းပညာဖြစ်၍ ယခင် DDR4 ထက် Data ကူးပြောင်းနှုန်း ပိုမိုမြန်ဆန်ပြီး လိုအပ်ပါက RAM Slot များမှတစ်ဆင့် ထပ်မံ Upgrade ပြုလုပ်နိုင်ပါသည်။512GB NVMe PCIe SSD ပါဝင်သည့်အတွက် Window တက်ချိန်နှင့် Software များ ဖွင့်ချိန်တွင် စက္ကန့်ပိုင်းသာ ကြာမြင့်မည်ဖြစ်ပါသည်။Intel UHD Graphics 770 (Integrated) ကို အသုံးပြုထားပါသည်။ ၎င်းသည် 4K Video များ ကြည့်ရှုခြင်း၊ ပုံမှန် Photo Editing နှင့် နေ့စဉ်ရုံးလုပ်ငန်းသုံးများအတွက် လုံလောက်သော စွမ်းဆောင်ရည်ရှိပါသည်။နောက်ကျောဘက်တို့တွင် USB 3.2, USB 2.0, DisplayPort နှင့် HDMI Port များ ပါဝင်သည့်အတွက် Monitor အများအပြား ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
Lenovo ThinkCentre Neo 30s Gen 5 (i7-13620H,16GB,512GB SSD) Branded
Lenovo ThinkCentre Neo 30s Gen 5 သည် Space-saving ဖြစ်စေမယ့် Small Form Factor (SFF) Desktop အမျိုးအစားဖြစ်ပြီး ရုံးလုပ်ငန်းသုံးနှင့် လုပ်ငန်းခွင်သုံးအတွက် အထူးသင့်လျော်တဲ့ စွမ်းဆောင်ရည်မြင့် Desktop တစ်လုံးဖြစ်ပါတယ်။SFF Design ဖြစ်လို့ ရုံးခန်းစားပွဲခုံကျဉ်းကျဉ်းတွေမှာတောင် အဆင်ပြေပြေ ထားရှိနိုင်ပါတယ်။လုပ်ငန်းသုံး Branded PC ဖြစ်တဲ့အတွက် Data လုံခြုံရေးအတွက် TPM 2.0 Chip ပါဝင်ပြီး အကြမ်းခံနိုင်အောင် တည်ဆောက်ထားပါတယ်။Neo Series ဖြစ်တဲ့အတွက် Eco-friendly ဖြစ်တဲ့ Recycled Material များကို အသုံးပြုထားပြီး စွမ်းအင်ချွေတာမှု အသိအမှတ်ပြုလက်မှတ်များ (Energy Star 8.0) ရရှိထားပါတယ်။USB 3.2 Gen 1 (2 Ports), USB-C 3.2 Gen 1, Headphone/Mic Jack နဲ့ HDMI 2.1, DisplayPort 1.4, VGA, USB 2.0 (2 Ports), USB 3.2 Gen 1 (2 Ports), LAN Port များပါဝင်ပါတယ်။
Viewsonic VBS105-W (N100,16GB,SSD 1TB,Win11) Mini PC Computer
Viewsonic ကထုတ်လုပ်ထားတဲ့ VBS105-W mini PC လေးကတော့ ရုံးလုပ်ငန်းပဲလုပ်မလား၊ ကျောင်းစာတွေအတွက်ပဲ သုံးမလား၊ Entertainment အတွက်ပဲဖြစ်ဖြစ် နေရာမစားဘဲ စွမ်းဆောင်ရည် အပြည့်အဝပေးစွမ်းနိုင်ပါသည်။ Intel N100 Processor နဲ့ Ram 16GB ပါဝင်တာကြောင့် နေ့စဉ်ကျောင်းစာနဲ့ ရုံးလုပ်ငန်းတွေကို အထစ်အငေါ့မရှိ ချော့မွေ့စေပြီး Storage 512GB SSD ပါဝင်လို့ ဖိုင်တွေအများကြီး သိမ်းဆည်းထားနိုင်ပါသည်။ Data Storage အတွက် စိတ်ပူစရာမလိုတဲ့အပြင် 2 x HDMI-Out, DP (from TYPE-C)/ 2 x USB3.2(Gen2),2 x USB2.0,2 x TYPE-C (USB3.2 Gen2)/PowerButton, Clear CMOS Key/ 3.5mm Audio Jack (2 In 1) စတဲ့ Ports အစုံပါဝင်ပါသည်။
Viewsonic VBS104-W (i5-1235U,16GB,SSD 1TB,Win11) Mini PC Computer
Viewsonic VBS104-W ကတော့ Professional High-Performance ဘက်ကို ပိုသွားတဲ့ Mini PC တစ်လုံးဖြစ်ပါတယ်။Intel Core i5-1235U (12th Gen) ကို အသုံးပြုထားပါတယ်။ ဒီ Processor မှာ 10 Cores (2 Performance-cores + 8 Efficient-cores) နဲ့ 12 Threads ပါဝင်ပါတယ်။N100 နဲ့ ယှဉ်ရင် Multi-tasking လုပ်နိုင်စွမ်းနဲ့ Speed က အပြတ်အသတ် သာလွန်ပါတယ်။ Heavy Excel Files တွေ ကိုင်တွယ်တာ၊ အလုပ်တွေ အများကြီး ပြိုင်တူလုပ်တာမျိုးမှာ အထစ်အငေါ့မရှိ သုံးနိုင်ပါတယ်။16GB ပါဝင်တဲ့အတွက် Professional Software တွေ၊ Browser Tab အခု ၄၀/၅၀ လောက် ဖွင့်ထားတာမျိုးတွေကို သက်တောင့်သက်သာ ကိုင်တွယ်နိုင်ပါတယ်။TB (1024GB) ဖြစ်သွားတဲ့အတွက် Storage က အရင် Model ထက် နှစ်ဆပိုများသွားပါတယ်။ Data အများကြီး သိမ်းဆည်းရသူတွေ၊ Software အကြီးစားတွေ သွင်းချင်သူတွေအတွက် အဆင်ပြေဆုံးပါ။Photoshop, Illustrator လိုမျိုး Graphic Design ဆွဲတာတွေ၊ 4K Video ကြည့်တာတွေအပြင် ပေါ့ပေါ့ပါးပါး Video Editing (Short video/CapCut) တွေအတွက်ပါ အဆင်ပြေစေမယ့် Mini PC လေးဖြစ်ပါတယ်။
Viewsonic VBS105-W (N100,16GB,SSD 512GB,Win11) Mini PC Computer
Viewsonic VBS105-W Mini PC ကတော့ အရွယ်အစား သေးငယ်ပေမဲ့ Performance ပိုင်းမှာ ရုံးလုပ်ငန်းသုံးနဲ့ နေ့စဉ်သုံးအတွက် အတော်လေး အဆင်ပြေအောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။Intel Processor N100 ကို အသုံးပြုထားပါတယ်။ ဒါဟာ (Alder Lake-N) architecture ဖြစ်ပြီး 4 Cores / 4 Threads ပါဝင်ပါတယ်။ ပုံမှန်ရုံးသုံး software တွေ၊ web browsing နဲ့ video ကြည့်တာမျိုးတွေမှာ စွမ်းအင်ချွေတာပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ပါတယ်။16GB ပါဝင်တာကြောင့် Multi-tasking (အလုပ်တွေအများကြီး တစ်ပြိုင်တည်းလုပ်တာ) အတွက် အရမ်းကောင်းပါတယ်။ Browser tab အများကြီးဖွင့်ထားရင်တောင် စက်လေးသွားတာမျိုး မရှိနိုင်ပါဘူး။512GB SSD ပါဝင်တဲ့အတွက် စက်နှိုးတာ (Boot up) နဲ့ file တွေ ဖွင့်တာက သာမန် HDD တွေထက် အဆမတန် မြန်ဆန်ပါတယ်။Mini PC ဖြစ်တဲ့အတွက် နေရာစား သက်သာပါတယ်။ Monitor ရဲ့ နောက်ကျောမှာ VESA mount နဲ့ ကပ်ထားလို့လည်း ရနိုင်ပါတယ်။Windows 11 Pro pre-installed ပါဝင်ပြီးသား ဖြစ်လို့ ဝယ်ပြီးတာနဲ့ တန်းသုံးရုံပါပဲ။Wi-Fi နဲ့ Bluetooth ပါဝင်တဲ့အတွက် ကြိုးမဲ့စနစ်တွေ ချိတ်ဆက်ရတာ လွယ်ကူပါတယ်။ USB ports တွေ၊ HDMI output တွေလည်း စုံစုံလင်လင် ပါဝင်ပါတယ်။
Dell Tower ECT1250(i5-14400,8GB,SSD512GB,Win11)Branded
Dell Tower ECT1250 သည် Intel Core i5‑14400 Processor နဲ့ဖြစ်ပြီး PDF ဖတ်ခြင်း၊ spreadsheet တွေ၊ presentation တွေ၊ video conferencing များအတွက် လုံလောက်သည့် စွမ်းဆောင်ရည်ပေးနိုင်သည်။ Memory 8 GB DDR5 RAM (4800MT/s) နှင့် Storage 512 GB NVMe SSD တို့ကြောင့် application ဖွင့်ခြင်း၊ system booting လိုမျိုး ကောင်းမွန်သော performance ကိုရရှိစေပါသည်။ Integrated Intel UHD Graphics 730 ထည့်သွင်းပေးထားပြီး Full‑HD ပြသမှုများ၊ multi‑monitor setup လုပ်ဆောင်ရန်၊ PowerPoint slide ပြင်ဆင်ခြင်း၊ minor video streaming လုပ်ဆောင်မှု့တို့ကိုလုပ်ဆောင်နိုင်ပါသည်။ HDMI 2.1 နှင့် DisplayPort 1.4 သည် 4K ရုပ်ထွက်ကိုပေးပြီး monitor နှစ်ခုထက်ပိုကြည့်နိုင်သော စိတ်ချရသော display output ကို ပံ့ပိုးပေးသည်။ Wi‑Fi 6 (MediaTek MT7920) နှင့် Bluetooth တို့ချိတ်ဆက်အသုံးပြုနိုင်ပြီး အဆင်ပြေချောမွေ့သော ချိတ်ဆက်မှု့ကိုပေးစွမ်းနိုင်ပါသည်။ Tower form ဒီဇိုင်းဖြင့်ပြုလုပ်ထားတာကြောင့် compact ဖြစ်စေပြီး ရုံးလုပ်ငန်းသုံးများအတွက် စိတ်ကျေနပ်မှု့ရစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Dell Tower ECT1250(i7-14700,16GB,SSD512GB,Win11)Branded
Dell Tower ECT1250 လေးသည် Intel Core i7‑14700 Processor နဲ့ဖြစ်ပြီး နာရီပိုင်းတွင် 5.4 GHz ထိ Turbo Boost လုပ်နိုင်သည့် အမြန်နှုန်းကိုပေးနိုင်ပါသည်။ Memory 16 GB DDR5 RAM က မိမိအလုပ်များကို ချောမွေ့စွာ multitasking ပြုလုပ်နိုင်ပြီး Storage: 512 GB M.2 PCIe NVMe SSD က boot နှင့် software load များတွင် လျင်မြန်စွာလုပ်ဆောင်ပေးနိုင်ပါသည်။ front မှ USB‑C/USB‑A နှင့် headset jack ရှိပြီး၊ HDMI 2.1 နှင့် DisplayPort 1.4 ရှိသောကြောင့် multi‑monitor setups များအတွက် ကောင်းမွန်စွာထောက်ပံ့ပေးနိုင်ပါသည်။ Gigabit Ethernet, Wi‑Fi 6, Bluetooth တို့ကြောင့်ချိတ်ဆက်မှု့အပိုင်းမှာလည်း မြန်ဆန်စေပြီး business နှင့် home အသုံးပြုမှုများတွင် ချောမွေ့စွာ ဆက်သွယ်ပေးနိုင်ပါသည်။ Tower form factor ဖြစ်သည့်အတွက် desktop space လုံလောက်စွာရှိပြီး compact ဖြစ်စေသည်။
Coocaa AIO A238Y04 (i5,12450H,16GB,SSD512GB,Win10,23.8-inch)White All in One
Coocaa AIO A238Y04 သည် အသုံးပြုရလွယ်ကူပြီး၊ အလုပ်များ၊ ကျောင်းများနှင့် အိမ်တွင်းအသုံးအဆောင်များအတွက် အထူးသင့်လျော်သော All-in-One Desktop Computer တစ်လုံးဖြစ်ပါသည်။
Lenovo Think Center M70t Gen 3(i5,12400,8GB,SSD 512GB)Branded
Lenovo Think Center M70t Gen 3 သည် i5,12400, memory 8GB တို့ကိုအသုံးပြုပေးထားပါသည်။ SSD 256GB ဖြင့် သွက်လက်ပေါ့ပါးစွာအလုပ်လုပ်ပေးနိုင်မှာပဲဖြစ်ပြီး Integrated Graphics ပါဝင်ထားပါသည်။