Pointer Reset
DM PT016 Laser Pointer (Red)
43,000 Ks

DM PT016 Laser Pointer လေးသည် ရုံးလုပ်ငန်း၊ ကျောင်းသင်ခန်းစာများနှင့် ပွဲလမ်းသဘင်များတွင် Presentation ပြုလုပ်ရာ၌ ပိုမိုအဆင်ပြေချောမွေ့စေရန် ဒီဇိုင်းထုတ်ထားသော ပစ္စည်းလေးဖြစ်ပါသည်။ မီတာ ၃၀ အကွာအဝေးအထိ အသုံးပြုနိုင်ပြီး Type-C Charging Port ပါဝင်ပါသည်။ ဘက်ထရီလက်ကျန်ပမာဏကို ဂဏန်းဖြင့် တိကျစွာပြသပေးနိုင်သော LED Digital Display ပါဝင်ပါသည်။ Long Press (Up) က Full Screen mode ထဲသို့ ဝင်ရန်/ထွက်ရန် အသုံးပြုနိုင်ပြီး Long Press (Down) က Screen အမည်းရောင် ပြောင်းရန်အသုံးပြုနိုင်ပါသည်။ Slide ထဲရှိ Link များကို ရွေးချယ်နိုင်ခြင်း (Tab Key) နှင့် ဖွင့်နိုင်ခြင်း (Enter Key) တို့အပြင် အသံအတိုး/အလျှော့ ပြုလုပ်နိုင်သော ခလုတ်များ ပါဝင်ပါသည်။ အောက်ခြေမှာ သံလိုက်နဲ့ ကပ်ထားလို့ရတဲ့ USB Nano Receiver လေးလဲပါဝင်တာကြောင့် အသုံးပြုရာတွင် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။

Laser Pointer without Box (Green)
54,000 Ks

Laser Pointer without Box လေးသည် အရည်အသွေးမြင့်မားသော အစိမ်းရောင်လေဆာ pointer လေးဖြစ်ပြီး သင်ကြားရေး၊ တင်ပြချက်များ (Presentations) နှင့် အခြားအပန်းဖြေလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်လုပ်ပေးထားပါသည်။ 

Prolink GP-3001R Dual-Mode Presenter (Red)
101,000 Ks

Prolink GP-3001R Dual-Mode Presenter ကတော့ presentation ပြုလုပ်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကိုပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Slide တစ်ခုလုံးကို မှောင်ရီဝါးသွားစေပြီး သင်အာရုံစိုက်စေလိုတဲ့ နေရာကိုပဲ လင်းနေအောင် highlight လုပ်ပြနိုင်ပါတယ်။ Dual-mode (2.4 GHz + Bluetooth) ကြောင့် ကွန်ပျူတာနှစ်လုံးထဲ switch ပြောင်းပြီး သုံးနိုင်ပြီး အလွယ်တကူ device ပြောင်းနိုင်ပါသည်။ အကွာအဝေး 200 မီတာထိ ရောက်နိုင်တဲ့အတွက်ကြောင့် presentation ကြီးမားသော အခန်းငယ်/ကြီးတွင် အသုံးပြုရန် အဆင်ပြေပါသည်။ 

DM PT015 Green Light Pointer with Touch Screen Stylus
126,000 Ks

DM PT015 Green Light Pointer with Touch Screen Stylus  လေးကတော့ အစိမ်းရောင်လေဆာဖြင့် ဖျော်ဖြေရေး၊ ပါတီများ၊ တင်ဆက်မှုများပြုလုပ်တဲ့အခါတွင် သင့်ထိုင်ခုံမှရွေ့စရာမလိုပဲ အဝေးကနေတင်ဆက်မှုများကို အောင်မြင်စွာပြသနိုင်မည့် ပစ္စည်းလေးဖြစ်ပါသည်။ ဖုန်းများ၊ tablet များနဲ့တွဲအသုံးပြုလို့ရသော Touch Screen Stylus လေးဖြစ်ပါသည်။ အရည်အသွေးကောင်းမွန်ပြီးဓါတ်ခဲမလိုတဲ့ Rechargable  အမျိုးအစားလေးဖြစ်ပါသည်။ Distance 100m ၊ Frequency 2.4GHz ဖြင့်အသုံးပြုနိုင်မှာဖြစ်ပြီး Battery 300mAh ပါဝင်ပါသည်။ 

DM PT001C Wireless PT001C (Red Laser)
38,000 Ks

DM PT001C Wireless Presenter လေးကတော့ Red Laser လေးဖြစ်ပြီး အသုံးပြုရလွယ်ကူတဲ့ ပစ္စည်းလေးဖြစ်ပါသည်။ အရည်အသွေးမြင့်မားသောအနီရောင်လေဆာဖြင့် ရှင်းလင်းပြတ်သားစွာ သင့်ရဲ့ Presentation ကိုလည်း ကောင်းမွန်စွာပြုလုပ်နိုင်ပါသည်။ 20m အကွာအဝေးလောက်ကနေ ပြပေးနိုင်ပြီး  PVC+ABC နဲ့ပြုလုပ်ထားတာကြောင့် သက်တောင့်သက်သာဖြင့် သယ်ဆောင်သွားစဉ် ပြုတ်ကျခြင်းနှင့် ရိုက်ခတ်မှုဒဏ်များမှ ခံနိုင်ရည်ရှိပါသည်။

Logitech R400 Wireless Presenter (NW)
206,000 Ks

Logitech ကထုတ်လုပ်ထားတဲ့ R400 Wireless Presenter လေးကတော့ လေဆာမီး အနီရောင်နဲ့အသုံးပြုလို့ရမှာဖြစ်ပြီး Business Meeting တွေ၊ Project Meeting တွေမှာအရေးကြီးအချက်အလက်တွေကို ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ချက်ချင်းအလျင်အမြန် ညွှန်ပြဖော်ပြပေးနိုင်မှာပဲဖြစ်ပါသည်။

PP-900 (Red)
63,000 Ks

PP-900 (Red) လေးကတော့ အသုံးပြုရန်လွယ်ကူတဲ့ ပစ္စည်းလေးဘဲဖြစ်ပါတယ်။software နှင့်ချိတ်ရန်မလိုဘဲ USB နှင့်ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ပါဝါချွေတာခြင်း၊ ပေါ့ပါးခြင်းအပြင် သယ်ဆောင်ရလွယ်ကူသောပစ္စည်းလေးဘဲဖြစ်ပါတယ်။အရည်အသွေးမြင့်မားသောအနီရောင်လေဆာလေးဖြင့် ရှင်းလင်းပြတ်သားစွာ သင့်ရဲ့ prsentations ကိုလည်း ကောင်းမွန်စွာပြုလုပ်နိုင်ပါသည်။