Webcam Reset
A03 Shaer Webcam (1080P)
45,000 Ks

A03 Shaer Webcam သည် 1080P HD စနစ်ပါဝင်လို့ အရေးကြီးတဲ့ Video Calls တွေမှာ ရုပ်ထွက်ဝေဝါးတာမျိုး မဖြစ်စေဘဲ ရုပ်ထွက်ကြည်လင်မှုရှိပါသည်။ Plug & Play ဖြစ်တာကြောင့် Driver သီးသန့်တင်စရာမလိုဘဲ တန်းအသုံးပြုလို့ရပါသည်။ Zoom, Microsoft Teams, Skype နဲ့ တခြား Video Streaming app တွေအားလုံးနဲ့ အဆင်ပြေပြေ သုံးနိုင်ပါသည်။ ကွန်ပျူတာ Monitor ဒါမှမဟုတ် Laptop ပေါ်မှာ အလွယ်တကူ ညှပ်ပြီး (Clip-on) အသုံးပြုနိုင်တဲ့ ဒီဇိုင်းထုတ်ထားတာကြောင့် အသုံးပြုရာတွင် အဆင်ပြေလွယ်ကူစေပါသည်။

Logitech BRIO 300 Webcam
417,000 Ks

Logitech BRIO 300 Webcam သည် Full HD 1080p ဖြင့် သင်၏မိတ်ဆွေများ၊ အလုပ်အစည်းအဝေးများ၊ အွန်လိုင်းသင်တန်းများကို ပိုမိုကြည်လင်ပြတ်သားစေမည့် Premium USB-C Webcam တစ်ခုဖြစ်သည်။ ကျယ်ပြန့်သော အရည်အသွေးနဲ့ auto light correction စနစ် (Right Light 2)ဖြင့် သဘာဝအလင်းမလုံလောက်သည့်အခါများတွင်တောင် ပတ်ဝန်းကျင်အတွင်းမှ ပုံရိပ်ကိုထင်ရှားစွာပြသပေးနိုင်ခြင်း၊ noise-reducing microphone ကဘေးသံကို လျှော့ချကာ ထင်ရှားသော အသံဖမ်းယူနိုင်ခြင်း၊ နှင့် privacy shutter ဖြင့် သင့်အလုပ်လုပ်နေသည့် ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ခြင်းတို့ပါဝင်သည်။ USB-C ဖြင့် Plug-and-play လုပ်နိုင်ပြီး, Windows, macOS, ChromeOS စတဲ့ စနစ်များနှင့် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။

OBSBOT OWB-2004-CE Tiny FHD Webcam
1,045,000 Ks

OBSBOT OWB-2004-CE Tiny FHD Webcam သည် Resolution 1080p (Full HD) @ 60fps နဲ့ဖြစ်ပြီး neural network ကို အသုံးပြုပြီး auto-track လုပ်နိုင်ပါသည်။ hand gestures နဲ့ zoom-in / zoom-out, tracking target ရွေးချယ်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေထိန်းချုပ်နိုင်ပါသည်။ 2× Digital Zoom ပါဝင်ပြီး ဗီဒီယိုရဲ့ exposure နဲ့ white balance ကိုအလိုအလျောက်ညှိပေးနိုင်သည်။ Dual omni-directional မိုက်ခရိုဖုန်းနှစ်ခု၊ noise cancellation ပါဝင်သည်။ Privacy mode ထည့်သွင်းပေးထားပြီး work-from-home သို့မဟုတ် conference call တွေမှာ သင့်လုံခြုံရေးအတွက် အထောက်အကူပြုပါသည်။

product_img1
  • " data-item-price="1,485,000 Ks" data-item-avail="" data-item-availdesc="">
OBSBOT OWB-2105-CE Tiny 4K Webcam
1,485,000 Ks

OBSBOT OWB-2105-CE Tiny 4K Webcam လေးသည် ဗီဒီယိုကို အမြင့်ဆုံး 4K (3840×2160) @ 30fps ထောက်ပံ့ပေးနိုင်ပါသည်။ ဗီဒီယို Zoom လုပ်ချင်တဲ့အခါ 4x digital zoom ပါဝင်လို့ ပုံရိပ်များကိုပြတ်သားကြည်လင်စွာ ကြည့်ရှု့နိုင်ပါသည်။ AI အခြေခံ auto-exposure နဲ့ smart white balance ဖြင့် ပုံရိပ်ကို အလိုအလျောက်ညှိပေးနိုင်ပါသည်။ hand gesture နဲ့ Webcam  ကိုထိန်းချုပ်နိုင်သော gesture control ပါဝင်တာကြောင့် Tracking target ကိုရွေးချယ်ခြင်း၊ zoom in/out စတဲ့ လုပ်ဆောင်ချက်တွေ လက်ဖြင့်ပြင်ဆင်နိုင်ပါသည်။ အလိုအလျောက်အာရုံစူးစိုက်နိုင်တဲ့ autofocus ပါဝင်တဲ့ lens system ထည့်သွင်းပေးထားပါသည်။ Dual omni-directional မိုက်ခရိုဖုန်းနှစ်ခု ပါဝင်ပြီး, noise reduction လုပ်ပေးတဲ့ mic system လည်းပါဝင်ပါသည်။ ကင်မရာ အောက်မှာ 1/4"-20 standard tripod screw ရှိပြီး tripod တွေမှာလည်းတပ်ဆင်အသုံးပြုလို့ရပါသည်။

Aver Media PW313 Webcam
425,000 Ks

Aver ကနေထုတ်လုပ်ထားတဲ့ Media PW313 Webcam လေးကတော့ full HD 1080p အပြည့်နဲ့ဖြစ်တာကြောင့် တောက်ပပြီး သဘာဝအရောင်များကို 30fps နှုန်းဖြင့် ရုပ်ထွက်ကောင်းမွန်စေပါသည်။ 360 ဒီဂရီလှည့်နိုင်သော ဒီဇိုင်းဖြင့်ဖန်တီးပြုလုပ်ထားပြီး Flexible Base ဖြစ်တဲ့အပြင် Tripod အနေနဲ့လဲအသုံးပြုလို့ရပါသည်။ Built-in Microphones(Mono) ၂လုံးပါဝင်ပြီး Privacy Shutter လဲပါဝင်ပါသည်။

Logitech C922 Pro Webcam
721,000 Ks

Logitech C922 Pro Webcamလေးကတော့ဖန်သားပြင်မှန်ဘီလူးနှင့် HD 1080p အပြည့်ဖြစ်တာကြောင့်တောက်ပပြီးသဘာဝအရောင်များကို 30fps နှုန်းဖြင့်ရုပ်ထွက်စေသည့်အပြင် 78 ဒီဂရီမြင်ကွင်းကိုလူနှစ် ဦး အထိလက်ခံနိုင်၍ကင်မရာချဲ့ရန်နှင့်ချုံ့ရန် အက်ပ် ကိုလည်း သုံးနိုင်သည်။

Logitech Brio Webcam 4K
1,412,000 Ks

Logitech  Brio Webcam ကတော့ 4K Resolution နဲ့ဖြစ်ပြီး Meetings တွေအတွက်လဲ အဆင်ပြေစေမှာဖြစ်ပါတယ်။Omnidirectional mics နှစ်ခုပါဝင်ပြီး ဆူညံသံ-ပယ်ဖျက်ပေးပြီး ဆူညံသံများကို လျှော့ချပေးမှာဖြစ်ပြီး ကြည်လင်ပြတ်သားတဲ့ အသံတွေကို ဖမ်းယူပေးမှာဖြစ်ပါတယ်။

A4 Tech PK-920H FHD Sensor Webcam (1080P)
145,000 Ks

A4 Tech PK-920H သည်လက်ရာမြောက်သောအသွင်အပြင်ဖြင့်ပြုလုပ်ထားပြီး အရည်အသွေးပိုင်းတွင် လည်း 1080 pixels (FHD) ပါဝင်၍ ကောင်းမွန်သောပုံရိပ်ကောင်းကောင်းမြင်နိုင်မှာပဲ ဖြစ်ပါတယ်။

Logitech C930e Webcam
823,000 Ks

Logitech C930e Webcam မှာတော့ HD 1080p high-resolution နဲ့ဖြစ်ပြီး ကြည်ကြည်လင်လင်ပြတ်ပြတ်သားသားအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Meetings တွေအတွက်လဲ အဆင်ပြေပြီး အရည်သွေးကောင်းတဲ့ Webcam လေးဖြစ်ပါတယ်။

Logitech C270 HD Webcam (720 )
120,000 Ks

Logitech C270 Webcam မှာတော့ 720p/30fps widescreen format နဲ့ ကြည့်ရှုနိုင်ပြီး MONO NOISE-REDUCING MIC ပါဝင်မှာဖြစ်လို့ ဆူညံသံတွေကို လျော့ချပေးပြီး ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးမှာဖြစ်ပါတယ်။

720P ( Z05 ) PC Webcam
60,000 Ks

PC Webcam 720P (Z05)လက်ရာမြောက်သောအသွင်အပြင်ဖြင့်ပြုလုပ်ထားပြီး အရည်အသွေးပိုင်းတွင်လည်း 720p pixelsပါဝင်၍ 30fps ဖြင့်ကောင်းမွန်သောပုံရိပ်များရရှိနိုင်မှာပဲ ဖြစ်ပါသည်။ ၉၀ဒီဂရီလှည့်နိုင်သောကြောင့် သင်ကြိုက်သလောက်ထောင့်ကိုညှိနိုင်မှာပဲဖြစ်ပါတယ်။ Built-in microphone ပါဝင်ပြီး 10meter အတွင်းအသံများကိုရှင်းရှင်းလင်းလင်းကြားနိုင်ပါသည်။