Car GPS Reset
70MAI Midrive RC06 Rear Camera
119,500 Ks

70MAI Midrive RC06 Rear Camera လေးသည် မိမိကားမှာ အရှေ့ (front) dashcam ရှိပြီး နောက်ဘက်လည်း ရုပ်သံဖမ်းကြည့်ချင်တဲ့သူတွေအတွက် အသုံးဝင်တဲ့ accessory တစ်ခုဖြစ်ပါသည်။ Resolution 1080p (1920×1080) နဲ့မို့ အရည်အသွေးကောင်းမွန်သောရုပ်ထွက်များကိုရရှိစေပါသည်။ field-of-view (FOV): 130° နဲ့အသုံးပြုနိုင်ပြီး နောက်ဘက်လမ်းကို ကျယ်ပြန့်စွာဖမ်းယူပေးနိုင်သည်။ rear windshield တွင် electrostatic sticker နဲ့တပ်နိုင်ပြီး၊ ကင်မရာများ angle ကို main device (dash cam) မှ မျက်နှာပြင်ပေါ်ကို ပြန်ကြည့်ပြီး ချိန်ညှိနိုင်ပါသည်။ 70MAI A800, A800S, A500S စတဲ့ Dash Cam မျိုးစုံနှင့် ကိုက်ညီစွာ အသုံးပြုနိုင်သည်။

70MAI A800S Dash Cam
795,000 Ks

70MAI A800S Dash Cam လေးကတော့ 4K UHD ရုပ်ထွက် (3840×2160) နဲ့မို့ ပြတ်သားသောရုပ်ထွက်များကို ပေးစွမ်းနိုင်တဲ့အပြင် ညဘက်မှာလည်း ရှင်းလင်းပြတ်သားသော ဗီဒီယိုများကိုရိုက်ကူးနိုင်ပါသည်။ Dual-channel recording ပါဝင်တာကြောင့် ဗီဒီယိုမှာ အသံနှင့် မြင်ကွင်းတစ်ခုတည်းမဟုတ်ဘဲ နောက်ပိုင်းကိုပါရိုက်နိုင်ပါသည်။ Lane Departure Warning နဲ့ Forward Collision Warning တွေသုံး၍ မောင်းနှင်စဉ် လုံခြုံရေး ဖော်ကူပေးနိုင်ပါသည်။ Built-in GPS ပါတာကြောင့် တောင်မြောက် အရှိန်နှုန်း၊ တည်နေရာများရဲ့ အချိန်မှတ်တမ်းကို video ထဲမှာထည့်မှတ်ထားပေးနိုင်ပါသည်။ Night Owl Vision & DNR ထည့်သွင်းထားတာကြောင့် ညမှာရိုက်ကူးမှု ကျွမ်းကျင်သော နည်းပညာတွေနဲ့၊ ညအချိန်တွင်လည်း ပုံပေါ်မှာ ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။ Wi‑Fi / App control အသုံးပြုနိုင်တာကြောင့် ဖုန်းကနေ Live view ကြည့်၊ setting ပြင်၊ video download & share တို့ကိုလဲ ပြုလုပ်နိုင်ပါသည်။

70MAI M300 Dash Cam (NPL-8/2022)
281,000 Ks

70MAI M300 Dash Cam ကတော့  ပုံမှန် 1080 Dash Cam တွေထက် (၁) ဆခွဲ ပိုမိုကြည်လင်တဲ့ 1296P camera နဲ့အတူ 140° မြင်ကွင်းကျယ်ကြောင့် လမ်းကြောတစ်လျောက် တိကျတဲ့ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ 3D Noise Reduction နည်းပညာက ညဖက်အလင်းရောင်နည်းတဲ့အချိန်တွေမှာ မလိုအပ်တဲ့ Pixels တွေကို လျှော့ချပေးပြီး Exposure Level ကိုချိန်ညှိပေးတာကြောင့် ပုံရိပ်များကို ကြည်လင်ချောမွေ့စွာ ဖမ်းယူပေးမှာဖြစ်ပါတယ်။ Built-in ပါတဲ့ G-sensor က 70mai Hardwire Kit ဖြင့် ချိတ်ဆက်ကာ (၂၄) နာရီ စောင့်ကြည့်ပေးခြင်းဖြင့် သင့်ကားရဲ့ ရုတ်တရက် ထိခိုက်မှုအဖြစ်အပျက်များကို အမိအရမှတ်တမ်းတင်ပေးပြီး အသံသတိပေးချက်ဖြင့်လည်း အကြောင်းကြားပေးမှာဖြစ်ပါတယ်။စုံလင်တဲ့ Recording စနစ်များဖြင့် ဗီဒီယိုအထောက်အထားများကို 70Mai App နဲ့ ချိတ်ဆက်ချိန်ညှိကာ လိုအပ်သလို ဖမ်းယူကြည်ရှု့နိုင်ပြီး Memory Storage ကို MicroSD 16GB မှ 128GB အထိ အသုံးပြုနိုင်ပါတယ်။

HIK B1 DashCam Camera ( AE-DC2015-B1 )
86,000 Ks

HIK B1 DashCam Camera မှာတော့ Video ကို up to 1080p resolution နဲ့ အသုံးပြုနိုင်ပြီး 115° FOV ထိကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Recording တွေကို TF card နဲ့ 128GB ထိ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ G sensor ပါဝင်လို့ အမှတ်တမဲ့ ဖြစ်တဲ့ ဖြစ်ရပ်တွေကိုပါ ရိုက်ကူးပေးထားမှာဖြစ်ပါတယ်။ App နဲ့လဲ ချိတ်ဆက် အသုံးပြုနိုင်ပြီး တပ်ဆင်ရလဲ လွယ်ကူတာကြောင့် အဆင်ပြေတဲ့ Camera လေးဖြစ်ပါတယ်။