Keyboard and Mouse Reset
Jeqang JK-959 Wireless Gaming Keyboard
204,000 Ks

Jeqang JK-959 Wireless Gaming Keyboard လေးသည် ဒီဇိုင်းပိုင်းကို Keyboard Body အပေါ်မှာ ကြွနေတဲ့ ပုံစံမျိုးဖြစ်လို့ စာရိုက်တဲ့အခါ ခံစားချက်တစ်မျိုး ထူးခြားစေသလို ဖုန်သန့်ရှင်းရေး လုပ်ရတာလည်း လွယ်ကူစေပါသည်။ Battery အားသွင်းစရာမလိုဘဲ USB ကြိုးနဲ့ချိတ်ဆက်ပြီး တိုက်ရိုက်အသုံးပြုလို့ရပါသည်။ Number Pad ပါဝင်တဲ့အတွက် စာရင်းအင်းလုပ်ငန်းတွေနဲ့ ရုံးသုံးအတွက် အဆင်ပြေစေပါသည်။

Green Tech GTKB-M23 Gaming Mechanical Keyboard
139,000 Ks

Green Tech ကထုတ်ထားတဲ့  GTKB-M23 Gaming Mechanical Keyboard လေးသည် ABS plastic ဖြင့်ပြုလလုပ်ထားပြီး Type‑C connector နှင့် Type‑C ကေဘယ်လ် ပါဝင်ပါသည်။ 108 key layout ၊ 6 ရောင် backlight ဖြင့် ထောက်ပံ့ပေးထားပါသည်။ JIUZI switch အသုံးပြုထားပြီး Windows 2000, XP, Vista, 7, 8, 10, 11 နှင့် Mac များကို ထောက်ပံ့ပေးပါသည်။

Fantech P51 Gaming Combo Set (Black)
193,000 Ks

Fantech P51 လေးသည် Game ပွဲတစ်ပွဲကို ကိရိယာအပြည့်အစုံနဲ့ ဆင်နွဲနိုင်ဖို့ ပစ္စည်း အစုံအလင်ပါဝင်တဲ့ Gaming Combo Set လေးဖြစ်ပါသည်။ Mouse, Keyboard, Headset, Mouse Pad နဲ့ Headset Stand တွေပါ တစ်ခါတည်းပါဝင်တာမို့ သီးခြားစီဝယ်ယူနေစရာမလိုတော့ပဲ တစ်ခါတည်း အစုံအလင်ရရှိနိုင်ပါသည်။ HIKARI K515 Gaming Keyboard လေးကတော့ ရောင်စုံ RGB မီးရောင်တွေနဲ့ နှိပ်လို့ကောင်းပြီး ထိမိတဲ့ခလုပ်တွေက ဂိမ်းပွဲထဲမှာ မြန်ဆန်၊ တိကျမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ CRYPTO VX7 Gaming Mouse ကတော့ Keyboard နဲ့လိုက်ဖက်စေမယ့် RGB မီးရောင်တွေ ပါဝင်ပြီးတော့ Gaming ဆန်တဲ့ခံစားချက်ခံစားရစေပါသည်။ FLASH HQ53 Gaming Headset လေးကတော့ သက်တောင့်သက်သာရှိပြီး ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ တစ်နေကုန်တပ်လည်း နားရွက်မနာစေဖို့ ပုံဖော်ထားပေးတဲ့ Headset လေးဖြစ်ပါသည်။ RGB မီးရောင်တွေနဲ့ Gaming ဆန်ဆန်အသုံးပြုနိုင်မှာဖြစ်ပြီး အသံ Quality လည်းအရမ်းကိုကောင်းမွန်တာမို့ ရန်သူရဲ့ အသံကို အနားမရောက်လာခင်တည်းက ကြားရမှာဖြစ်ပါသည်။ FLASH HQ53 Gaming Headset က smooth ဖြစ်တဲ့ ဆွဲချက်တွေကိုရရှိစေဖို့တာဝန်ယူပေးနိုင်မှာဖြစ်ပါပြီး FLASH HQ53 Gaming Headset ရဲ့အောက်ခြေမှာလည်း ရာဘာပြားတွေခံပေးထားသေးတာမို့ စားပွဲပေါ်မှာ အခြေမြဲနေစေပါသည်။

Aula F98 Mechanical Gaming Keyboard
413,000 Ks

Aula F98 Mechanical Gaming Keyboard လေးသည် ချိတ်ဆက်မှု နည်းလမ်းအမျိုးမျိုးနဲ့ သုံးချင်သူတွေအတွက် 3 in 1 Gaming Mechanical Keyboard လေးဖြစ်ပြီး Premium ဆန်ဆန်ဒီဇိုင်းမျိုး ဖန်တီးပြုလုပ်ပေးထားပါသည်။ RGB ကိုမှ Function ‌လေးမျိုးလောက်ပါတဲ့အပြင် အရောင်ကိုလဲအမှိန်အလင်းလုပ်လို့ရပါသည်။ Type-C ကြိုးနဲ့ သုံးမလား၊ 2.4G Wireless စနစ်နဲ့ ချိတ်ဆက်မလား၊ Bluetooth နဲ့ပဲ ချိတ်ဆက် အသုံးပြုမလား ကြိုက်ရာရွေးချယ် အသုံးပြုလို့ရပါသည်။ ပြန်အားသွင်းလို့ရတဲ့ ဘက်ထရီ ပါဝင်ပြီး RGB lighting ကို Default setting နဲ့သုံးရင် ၃၂ နာရီလောက်အသုံးပြုလို့ရပါသည်။

Banda K10 5 in 1 Gaming Combo Set
124,000 Ks

Banda K10 သည် Gaming Keyboard, Mouse, Headset, Mouse Pad, and RGB Stand ပါဝင်သည့် 5-in-1 Gaming Combo Set ဖြစ်ပြီး, budget-friendly gaming setup တစ်ခု တည်ဆောက်လိုသူများအတွက် အသင့်တော်ဆုံး ဖြစ်သည်။

Fantech K614L RGB Gaming Keyboard
94,000 Ks

Fantech ကထုတ်ထားတဲ့ K614L Gaming Keyboard လေးကတော့ RGB မီးလေးတွေနဲ့ပြုလုပ်ထားတာကြောင့် မီးမှောင်သောနေရာများတွင်ပင် အလွယ်တကူကစားနိုင်ပါသည်။ စာများရိုက်ရာတွင် လက်ကိုမနာစေပဲ သွက်လပ်ပေါ့ပါးစွာ အသုံးပြုနိုင်ပါသည်။

Green Tech GTKB-G5 Wired Gaming Keyboard
59,500 Ks

Green Tech GTKB-G5 USB Gaming Keyboard  ကတော့ Gamer များအကြိုက် 3 Colors Backlight ပါဝင်ပြီး Window OS 11, 10.1, 8.1, 7 Version များနဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။

Green Tech GTKB-M9+GTM-M9 Wired Gaming Keyboard & Mouse
114,000 Ks

Green Tech ကထုတ်လုပ်ထားတဲ့ GTKB-M9=GTM-M9 Gaming Keyboard လေးသည်သစ်လွင်သောဒီဇိုင်းဖြင့်ပြုလုပ်ထားပြီး LED မီးလုံးများလည်းတပ်ဆင်ထားပါသည်။ စိတ်ငြိမ်စွာရိုက်ကူးနိုင်ပြီး သွက်လက်ပေါ့ပါးစွာ လုပ်ဆောင်ပေးနိုင်ပါသည်။  ရုံးသုံးကျောင်းသုံးတွင်ဖြစ်စေ ဂိမ်းကစားသည့်အခါတွင်ဖြစ်စေ စွယ်စုံ သွက်လက်ပေါ့ပါးစွာအသုံးပြုနိုင်ပါသည်။

Artwork V2 Gaming Keyboard
70,000 Ks

Artwork V2 Gaming Keyboard လေးသည် USB ကြိုးနဲ့ တိုက်ရိုက်သုံးလို့ရတဲ့အပြင် led ရောင်စုံမီးများဖြင့် အသုံးပြုနိုင်တာကြောင့် ရုံးသုံးအတွက်သာမက Game ဆော့သူတွေအတွက်ပါအသုံးပြုနိုင်ပါသည်။ကီးခလုတ် တစ်ခုချင်းစီတိုင်းတွင်လည်း ထိမိစွာတုံ့ပြန်မှူအားကောင်းသောကြောင့် စာရိုက်ရာတွင် မြန်ဆန်သွက်လက်နေမှာပဲဖြစ်ပါတယ်။

Aula F3061 Mechanical Gaming Keyboard
65,000 Ks

ကီး ခလုတ် ၆၁ ခုပါဝင်ပြီး RGB Backlight မီးလေးများကြောင့် gmaer များအကြိုက်တွေ့စေနိုင်ပါသည်။ဖုန်းတင်ထားနိုင်ရန် ကီးခလုတ်များ ရှေ့တွင် အကန့်လေးတစ်ခုလည်းအပိုပါဝင်ထားပါသည်။

HP GK520S Mechanical Gaming Keyboard
256,000 Ks

HP GK520S Gaming Keyboard သည်ရောင်စုံနောက်ခံအလင်း ပုံစံလေးဖြစ်ပြီး 104 ကီး ပါဝင်သောကြောင့် အဆင်ပြေပြေကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ပါသည်။

Crome CK800U&CM523U Combo Keyboard
120,000 Ks

Crome CK800U&CM523U Combo Keyboard လေးကတော့ KeyBoard နဲ့ Mouse နှစ်ခုလုံး Silent ဖြစ်ပြီး ဆူညံမှုမရှိအသုံးပြုနိုင်မှာဘဲဖြစ်ပါသည်။ Keyboard နဲ့ Mouse တွဲလျက် Combo ဖြစ်ပြီး ထူးခြားချက်က RGB Backlight ပါဝင်ပါသည်။ နောက်ခံမီးရောင်နဲ့ အထာကျကျအသုံးပြုနိုင်သော Keyboard နဲ့ Mouse လေးဖြစ်ပါသည်။