Ecoflow Delta 3 1800W Power Station လေးသည် Capacity 1024Wh နဲ့ဖြစ်ပြီး ဖုန်းကို အကြိမ် ၉၀ ခန့်၊ Laptop ကို ၁၅ ကြိမ်ခန့် သို့မဟုတ် 100W ရှိတဲ့ TV တစ်လုံးကို ၁၀ နာရီနီးပါး ဆက်တိုက်အသုံးပြုနိုင်ပါသည်။ Battery LiFePO4 Cell Type ဖြစ်တာကြောင့် ရိုးရိုး Lithium-ion ထက် ပိုမိုဘေးကင်းပြီး အပူဒဏ်ခံနိုင်ရည် ပိုကောင်းပါသည်။ 1800W AC Output နဲ့မို့ အိမ်သုံးပစ္စည်း တော်တော်များများကို မောင်းနှင်နိုင်ပြီး ထမင်းပေါင်းအိုး၊ ရေနွေးအိုး အသေး၊ ဒါမှမဟုတ် ဆံပင်အခြောက်ခံစက်တွေအတွက်ပါ အသုံးပြုနိုင်ပါသည်။ EU Sockets ၄ ခု ပါတဲ့အပြင် 100W USB-C ပါဝင်တာကြောင့် MacBook သို့မဟုတ် High-end Laptop တွေကို Adapter မလိုဘဲ တိုက်ရိုက် အားသွင်းနိုင်ပါသည်။ မီးခဏခဏပျက်တဲ့နေရာတွေမှာ နေရောင်ခြည်စွမ်းအင်သုံး Panel တွေနဲ့ ချိတ်ပြီး အခမဲ့ အားပြန်သွင်းလို့ရပါသည်။ ကားမောင်းရင်းနဲ့လည်း အားသွင်းနိုင်တာကြောင့် Camping ထွက်သူတွေအတွက် အဆင်ပြေစေပါသည်။
| Brand | Ecoflow |
| Battery capacity | 320,000mAh |
| Power | 1800W |
| Battery Capacity | 1024 Wh |
| AC Output | (1800W) 4 x 230V EU socket USB-A: 2 x 18W |
| AC Charge | 220-240V, 10A |
| Solar Charge | 11-60V, 15A, 500W max |
| Car Charge | 12V, 8A |
| Weight | 12.5kg |
| Dimissions | 39.8 x 20 x 28.4 cm |
| Warranty | 5years parts & service |