Ecoflow E980 500W Power Station (980Wh) ကတော့ မြင့်မားတဲ့ Battery Capacity နဲ့ မြန်ဆန်တဲ့ အားသွင်းစနစ် ပါဝင်တာကြောင့် အိမ်သုံး Backup အဖြစ်သော်လည်းကောင်း၊ ခရီးသွားတဲ့အခါမှာသော်လည်းကောင်း အသုံးပြုဖို့ အဆင်ပြေတဲ့ အမျိုးအစားဖြစ်ပါတယ်။LiFePO4 battery ကို အသုံးပြုထားတာကြောင့် ပုံမှန် Lithium battery တွေထက် သက်တမ်း ၆ ဆ ပိုရှည်ပြီး နေ့စဉ် သုံးစွဲမယ်ဆိုရင်တောင် ၁၀ နှစ်နီးပါး စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။EcoFlow ရဲ့ နာမည်ကြီး X-Stream နည်းပညာကြောင့် အခြား power station တွေလို အကြာကြီး စောင့်စရာမလိုဘဲ ၂ နာရီအတွင်း အားအပြည့်ပြန်သွင်းနိုင်ပါတယ်။AC Outlets (မီးပလပ်ပေါက်) တွေအပြင် USB-A, USB-C (Fast Charge), Car Power Output စသဖြင့် Output port ၁၃ ခုမှ ၁၅ ခုအထိ ပါဝင်တာကြောင့် ဖုန်း၊ Laptop နဲ့ အိမ်သုံးပစ္စည်း အတော်များများကို တစ်ပြိုင်တည်း အသုံးပြုနိုင်ပါတယ်။EcoFlow App နဲ့ ချိတ်ဆက်ပြီး ဖုန်းထဲကနေ Power သုံးစွဲမှုကို စောင့်ကြည့်တာ၊ Setting တွေချိန်ညှိတာတွေကို Wi-Fi ဒါမှမဟုတ် Bluetooth ကနေတစ်ဆင့် လုပ်ဆောင်နိုင်ပါတယ်။မီးမရှိတဲ့နေရာတွေမှာ Solar Panel နဲ့ ချိတ်ဆက်ပြီးတော့လည်း အားသွင်းနိုင်ပါတယ် (Max 500W solar input အထိ လက်ခံနိုင်ပါတယ်)။
| Brand | Ecoflow |
| Battery Capacity | 100,000mAh |
| Power | 500W |
| Battery Chemistry | LFP (LiFePO4 battery) |
| USB-C Output | 2 ports, 100W |
| DC5521 Output | 2 ports, 12.6V, 3A, 38W Max each |
| USB-A Output | 4 ports, including 2 x 18W each, 2 x 12W each |
| AC Charger Output Power | 4 ports, rated power 500W, X-Boost up 650W |
| Solar Recharge | 11-60V, 15A, 500W max, 0-100% in 2.9 hr |
| Car Output | 1 port, 12.6V, 10A, 126W Max |
| Car Charging | Support 12V/24V battery, 8A, 96W Max, 0-100% in 11 hr |
| Dimissions | 15.7 x 8.3 x 11 in / 400 x 211 x 281 mm |
| Warranty | 5years parts & service |