Ultra Thin 8X DVD External Drive ကတော့ CD/DVD တွေကို ပြန်ဖတ်ရုံတင်မကဘဲ (Reader)၊ Disc ထဲကို Data တွေ ပြန်ကူးထည့်တာ (Burner/Writer) ကိုပါ ပြုလုပ်နိုင်ပါတယ်။8X DVD Write Speed ရှိတာကြောင့် DVD တစ်ချပ်ကို ကူးယူတဲ့အခါ မြန်ဆန်တဲ့နှုန်းထားဖြစ်ပါတယ်။ CD အတွက်ဆိုရင်တော့ ပုံမှန်အားဖြင့် 24X အထိ ရရှိနိုင်ပါတယ်။Ultra Thin နာမည်အတိုင်းပဲ အလွန်ပါးလွှာပြီး ပေါ့ပါးတာကြောင့် Laptop အိတ်ထဲထည့်ပြီး ဘယ်သွားသွား သယ်သွားလို့ အဆင်ပြေပါတယ်။Plug and Play ဖြစ်တာကြောင့် USB Port မှာ ထိုးလိုက်တာနဲ့ Driver သီးသန့်သွင်းစရာမလိုဘဲ ကွန်ပျူတာက တန်းသိပါတယ်။USB 3.0 ဖြစ်တာကြောင့် Data အကူးအပြောင်း ပိုမြန်ပါတယ်။Windows (XP, 7, 8, 10, 11) ရော Mac OS နဲ့ပါ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။Laptop, Desktop, All-in-One PC တွေမှာ အသုံးပြုလို့ရပါတယ်။
| Model | Ultra Thin 8X |
| Type | External DVD Writer / Drive |
| Interface | USB 3.0 |
| Read/Write Speed | DVD (8X), CD (24X) |
| Power | USB Powered |